ရှဥ့်နှစ်ကောင်ကြောင့် မကွေးနှင့် ရေနံချောင်းမြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ကာ သောက်သုံးရေ အခက်အခဲနှင့်ကြုံ

ရှဥ့်နှစ်ကောင်ကြောင့် မကွေးနှင့် ရေနံချောင်းမြို့များတွင် လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ကာ သောက်သုံးရေ အခက်အခဲနှင့်ကြုံ
မေ 1, 2018
By Tachileik News Agency



လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဒေသခံများသာမက မကွေးမြို့၌ ရာထူးတိုးသင်တန်းအတွက် မိမိ အစီအစဉ်ဖြင့် လာရောက် တည်းခိုနေထိုင်နေကြရသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှာ ရာသီပူပြင်းသည့် အခြေအနေတွင် နေထိုင်ရေး အခက်အခဲသာမက သောက်သုံးရေ အခက်အခဲနှင့်ပါ ကြုံတွေ့နေကြရကြောင်း သိရပြီး ဧရာဝတီမြစ်တွင် ရေချိုးသူများဖြင့် အထူးစည်ကား လျက်ရှိနေကြောင်း သိရသည်။

သောက်သုံးရေ လိုအပ်ချက်ရှိနေသည့် တိုင်းဆေးရုံ၊ သင်ကြားရေးဆေးရုံ၊ မကွေးတက္ကသိုလ်နှင့် အောင်မြေရတနာ၊ သံဃာရာမ စသည့် စာသင်တိုက်ကြီးများသို့ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့၊ ဆည်မြောင်းဦးစီးဌာနတို့မှ ရေသယ်ယာဉ်များဖြင့် အောင်မြေပရဟိတ(ကမ္ဘောဇ အလင်း တန်း) အဖွဲ့မှ ရေဂါလံ(၃၀၀၀)ဆံ့ရေဘောက်ဆာကားနှစ်စီးအားဖြည့်၍ ရေ ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးမြို့၊ မကျည်းကန်ဓာတ်အားခွဲရုံတွင် ရှဉ့်နှစ်ကောင်ဝင်ရောက်မှုကြောင့် ထရန်စဖော်မာနှစ်လုံး လောင်ကျွမ်းပျက်စီးမှုဖြစ်ပွား၍ မကွေးမြို့၏ (၇၅)ရာခိုင်နှုန်းနှင့် ရေနံချောင်းမြို့တစ်မြို့လုံး ဧပြီ(၃၀)ရက် နေ့မှစတင်၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် သောက်သုံးရေအခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

"မကွေးတိုင်းဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ ပရဟိတအသင်းအဖွဲ့ဝင်တွေ ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်မှုအရ A,B,C,D အုပ်စု လေးစုခွဲပြီး တစ်နေ့ကို (၆)နာရီကျ လျှပ်စစ်ဓာတ်အားဖြန့်ဝေ ပေးသွားမှာပါ။ မေလ(၅)ရက်နေ့ နောက်ဆုံးထားပြီး ဓာတ်အားပြန်လည်ဖြန့်ဝေနိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး သောက်သုံးရေ လိုအပ်တဲ့ နေရာတွေကို မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆည်မြောင်း ဦးစီးဌာနနဲ့ ပရဟိတရေလှူအဖွဲ့တို့ ပူးပေါင်းပြီး တတ်နိုင်သမျှဖြည့်ဆည်းဆောင်ရွက်ပေးသွားမှာပါ" ဟု မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လျှပ်စစ်ဓာတ်အားပြတ်တောက်မှုကြောင့် ဒေသခံများသာမက မကွေးမြို့၌ ရာထူးတိုးသင်တန်းအတွက် မိမိ အစီအစဉ်ဖြင့် လာရောက် တည်းခိုနေထိုင်နကြေရသည့် ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမများမှာ ရာသီပူပြင်းသည့် အခြေအနေတွင် နေထိုင်ရေး အခက်အခဲသာမက သောက်သုံးရေ အခက်အခဲနှင့်ပါ ကြုံတွေ့နကြေရကြောင်း သိရပြီး ဧရာဝတီမြစ်တွင် ရေချိုးသူများဖြင့် အထူးစည်ကား လျက်ရှိနေကြောင်း သိရသည်။

သောက်သုံးရေ လိုအပ်ချက်ရှိနေသည့် တိုင်းဆေးရုံ၊ သင်ကြားရေးဆေးရုံ၊ မကွေးတက္ကသိုလ်နှင့် အောင်မြေရတနာ၊ သံဃာရာမ စသည့် စာသင်တိုက်ကြီးများသို့ မီးသတ်ဦးစီးဌာန၊ မြို့နယ်စည်ပင်သာ ယာရေး အဖွဲ့၊ ဆည်မြောင်းဦးစီးဌာနတို့မှ ရေသယ်ယာဉ်များဖြင့် အောင်မြေပရဟိတ(ကမော္ဘဇ အလင်း တန်း) အဖွဲ့မှ ရေဂါလံ(၃၀၀၀)ဆံ့ရေဘောက်ဆာကားနှစ်စီးအားဖြည့်၍ ရေ ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း သိရသည်။

သတင်း - ဖီးနစ်
ဓာတ်ပုံ - သန်းနိုင်ဦး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~