အသက္ ၆ဝ ေက်ာ္အရြယ္ အၿငိမ္းစားဝန္ထမ္းတစ္ဦးကို လူအုပ္ထဲတြင္ ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္သည့္လူငယ္ ထြက္ေျပးလြတ္ေျမာက္ေန

အသက္ ၆ဝ ေက်ာ္အရြယ္ အၿငိမ္းစားဝန္ထမ္းတစ္ဦးကို လူအုပ္ထဲတြင္ ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးသတ္သည့္လူငယ္ ထြက္ေျပးလြတ္ေျမာက္ေန
မေ 2, 2018
By Tachileik News Agency
မင္းဘူးၿမိဳ႕နယ္၊ ကၽြဲသိုးေျမာင္ေက်းရြာအနီး မင္းဘူး - မင္းလွလမ္းခြဲတြင္ ေမလ(၂)ရက္ေန႔က ကားေစာင့္ေနသည့္ လူအုပ္အတြင္းမွ အသက္ (၆၀)ေက်ာ္အရြယ္ အမ်ိဳးသားတစ္ဦးကို လူငယ္တစ္ဦးက ကတ္ေၾကးျဖင့္ အခ်က္ေပါင္းမ်ားစြာ ထိုးၿပီး ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

အသက္(၆၄)နွစ္အရြယ္ ပညာေရးဝန္ထမ္းအၿငိမ္းစား ဦးထြန္းေရႊသည္ အေဖာ္(၄)ဦးႏွင္႔အတူ သရက္ၿမိဳ႕မွ ေစတုတၱရာၿမိဳ႕သို႔ ျပန္လာၾကရာ မင္းဘူး-မင္းလွလမ္းခြဲ၌ ေစတုတၱရာၿမိဳ႕သို႔ လုိက္ပါရန္ ကားေစာင့္ ဆုိင္းေနစဥ္ အတူပါလာသူ အသက္(၂၅)နွစ္အရြယ္ လွဦးဆုိသူက အနီးရွိ ကြမ္းယာဆုိင္မွ ကတ္ေၾကးကိုယူကာ ဦးထြန္းေရႊအား အခ်က္ေပါင္းမ်ားစြာ ထိုးသတ္ခဲ့ျခင္းျဖစ္ေၾကာင္း ရဲစခန္း မွတ္တမ္းအရ သိရသည္။

"ကၽြန္ေတာ္တုိ႔ သတင္းရရခ်င္း အခင္းျဖစ္ေနရာကို သြားေရာက္ၿပီး ဒဏ္ရာရရွိသူကို မင္းဘူးေဆးရံုမွာ ပို႔ေဆာင္ ေဆးကုသမႈခံယူဆဲမွာပဲ ေသဆံုးသြားခဲ့တာျဖစ္ပါတယ္။ တရားခံကို အျမန္ဆံုးဖမ္းဆီးနုိင္ဖုိ႔ ကၽြန္ေတာ္တုိ႔ အပူတျပင္း လုိ္က္လံစံုစမ္းရွာေဖြလွ်က္ရွိပါတယ္" ဟု မင္းဘူးၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ေက်ာ္ၿငိမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဦးထြန္းေရႊမွာ ရင္ညြန္႔ ထုိးသြင္းဒဏ္ရာ(၅)ခ်က္၊ ဝဲဘက္ရင္အံု ထုိးသြင္းဒဏ္ရာ(၄)ခ်က္၊ ဝမ္းဗိုက္ ဝဲဘက္ျခမ္း ထုိးသြင္းဒဏ္ရာ(၁)ခ်က္၊ ဝဲဘက္လက္မခြၾကား ျပတ္ရွဒဏ္ရာ(၁)ခ်က္တို႔ရရိွသြားၿပီး ေဆးကုသမႈခံယူစဥ္ ေသဆံုးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္နွင့္ ပတ္သက္၍ လူသတ္မႈက်ဴးလြန္ၿပီး ထြက္ေျပးတိမ္းေရွာင္ေနသူ လွဦးအား မင္းဘူးၿမိဳ႕မရဲစခန္းတြင္ (ပ)၄၅၆/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ခဲ့ရာမွ ပုဒ္မ ၃၀၂ သို႔ ေျပာင္းလဲဖြင့္လွစ္ၿပီး အျမန္ဆံုးဖမ္းဆီးရမိေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မင်းဘူးမြို့နယ်၊ ကျွဲသိုးမြောင်ကျေးရွာအနီး မင်းဘူး - မင်းလှလမ်းခွဲတွင် မေလ(၂)ရက်နေ့က ကားစောင့်နေသည့် လူအုပ်အတွင်းမှ အသက် (၆၀)ကျော်အရွယ် အမျိုးသားတစ်ဦးကို လူငယ်တစ်ဦးက ကတ်ကြေးဖြင့် အချက်ပေါင်းများစွာ ထိုးပြီး ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

အသက်(၆၄)နှစ်အရွယ် ပညာရေးဝန်ထမ်းအငြိမ်းစား ဦးထွန်းရွှေသည် အဖော်(၄)ဦးနှင့်အတူ သရက်မြို့မှ စေတုတ္တရာမြို့သို့ ပြန်လာကြရာ မင်းဘူး-မင်းလှလမ်းခွဲ၌ စေတုတ္တရာမြို့သို့ လိုက်ပါရန် ကားစောင့် ဆိုင်းနေစဉ် အတူပါလာသူ အသက်(၂၅)နှစ်အရွယ် လှဦးဆိုသူက အနီးရှိ ကွမ်းယာဆိုင်မှ ကတ်ကြေးကိုယူကာ ဦးထွန်းရွှေအား အချက်ပေါင်းများစွာ ထိုးသတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်း မှတ်တမ်းအရ သိရသည်။

"ကျွန်တော်တို့ သတင်းရရချင်း အခင်းဖြစ်နေရာကို သွားရောက်ပြီး ဒဏ်ရာရရှိသူကို မင်းဘူးဆေးရုံမှာ ပို့ဆောင် ဆေးကုသမှုခံယူဆဲမှာပဲ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တရားခံကို အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ ကျွန်တော်တို့ အပူတပြင်း လို်က်လံစုံစမ်းရှာဖွေလျှက်ရှိပါတယ်" ဟု မင်းဘူးမြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်ငြိမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဦးထွန်းရွှေမှာ ရင်ညွန့် ထိုးသွင်းဒဏ်ရာ(၅)ချက်၊ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ(၄)ချက်၊ ဝမ်းဗိုက် ဝဲဘက်ခြမ်း ထိုးသွင်းဒဏ်ရာ(၁)ချက်၊ ဝဲဘက်လက်မခွကြား ပြတ်ရှဒဏ်ရာ(၁)ချက်တို့ရရှိသွားပြီး ဆေးကုသမှုခံယူစဉ် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ လူသတ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ လှဦးအား မင်းဘူးမြို့မရဲစခန်းတွင် (ပ)၄၅၆/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ခဲ့ရာမှ ပုဒ်မ ၃၀၂ သို့ ပြောင်းလဲဖွင့်လှစ်ပြီး အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~