အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် FDA ညွှန်ကြားရေးမှူးချုပ်အမှုအား မေလ (၄)ရက်နေ့တွင် စတင် စစ်ဆေးမည်

အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံရသည့် FDA ညွှန်ကြားရေးမှူးချုပ်အမှုအား မေလ (၄)ရက်နေ့တွင် စတင် စစ်ဆေးမည်
မေ 3, 2018
By Tachileik News Agency


ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဧပြီလ (၂၀) ရက်နေ့က ပထမသတင်းပေး တိုင်ချက် ဖွင့်လှစ်၍ ဖမ်းဆီးချုပ်နှောင်ခဲ့ကာ ဧပြီလ (၂၇)ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ရာ တရားလွှတ်တော်က ရာဇ၀တ်ကြီးမှု အမှတ် ၁/၂၀၁၈ ဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွဋ်သည် နေပြည်တော် FDA ဓါတ်ခွဲခန်းအဆောက်အအုံ(၂)လုံးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်ရုံး(၁၂)ခုအား ဆောက်လုပ်ခွင့်တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ၄င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း (၁၅၀၀)ကျော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူပြီး နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲနေအိမ်နှင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အနောက်ဖက်မြေကွက်တွင် ခြံစည်းရိုးကာရန်ခြင်း၊ နေအိမ်၊ ကားဂိုထောင်၊ ဂိတ်တဲ၊ ရေကူးကန်နှင့် ရေပန်းဆောက်လုပ်ခြင်းတို့တွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


သတင်း - ဇာနှင်း


~~~~~~~~⊰❂ unicode ~~~~~~~~

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုထားသည့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်၏ အမှုမှ တရားလို အမှုစစ်အား မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်က ၂၀၁၈ ခုနှစ် မေလ (၄)ရက်နေ့တွင် စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာသန်းထွဋ်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နပြေည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းတွင် ၂၀၁၈ ခုနှစ် ဧပြီလ (၂၀) ရက်နေ့က ပထမသတင်းပေး တိုင်ချက် ဖွင့်လှစ်၍ ဖမ်းဆီးချုပ်နှောင်ခဲ့ကာ ဧပြီလ (၂၇)ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆို တင်ပို့ခဲ့ခြင်းဖြစ်ရာ တရားလွှတ်တော်က ရာဇဝတ်ကြီးမှု အမှတ် ၁/၂၀၁၈ ဖြင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသန်းထွဋ်သည် နပြေည်တော် FDA ဓာတ်ခွဲခန်းအဆောက်အအုံ(၂)လုံးနှင့် တိုင်းဒေသ ကြီး/ပြည်နယ်၊ ခရိုင်ရုံး(၁၂)ခုအား ဆောက်လုပ်ခွင့်တင်ဒါရရှိသည့် ဆောက်လုပ်ရေးကုမ္ပဏီများထံမှ ၄င်း၏လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးစားပြု၍ ၂၀၁၇ ခုနှစ်အတွင်း စုစုပေါင်းကာလတန်ဖိုး ငွေကျပ်သိန်း (၁၅၀၀)ကျော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် နေအိမ်အသုံးအဆောင်ပစ္စည်းများကို လက်ခံရယူပြီး နပြေည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရွှကြောပင်ရပ်ကွက်ရှိ ဆောက်လုပ်ဆဲနေအိမ်နှင့် ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အနောက်ဖက်မြေကွက်တွင် ခြံစည်းရိုးကာရန်ခြင်း၊ နေအိမ်၊ ကားဂိုထောင်၊ ဂိတ်တဲ၊ ရေကူးကန်နှင့် ရေပန်းဆောက်လုပ်ခြင်းတို့တွင် အသုံးပြုခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ၂၀၁၆ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်သို့ တရားစွဲဆိုတင်ပို့ခဲ့သည့် ပြင်ဦးလွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုး၊ ဒုတိယဦးစီးမှူး ဦးကျော်ကျော်နိုင်၊ အကြီးတန်းစာရေး ဦးအောင်စိုးမိုးတို့၏ အဂတိလိုက်စားမှုကို တရားရုံးက ၂၀၁၈ ခုနှစ် ဧပြီလ (၂၆)ရက်နေ့တွင် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~