တာခ်ီလိတ္တြင္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနား က်င္းပ

တာခ်ီလိတ္တြင္ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ေက်ာင္းအပ္ႏွံေရးေန႔ အခမ္းအနား က်င္းပ
မေ 29, 2018
By 🌸
၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္ ေက်ာင္းသားမ်ားအတြက္ ေက်ာင္းဝတ္စံု၊ ေက်ာင္းသံုးပံုႏွိပ္ႏွင့္ ဗလာစာအုပ္မ်ား ေထာက္ပံ့သည့္ ေက်ာင္းအပ္ႏွံေရးေန႔အခမ္းအနားကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ ဆန္ဆုိင္းအေျခခံပညာအထက္တန္းေက်ာင္းတြင္ ေမလ (၂၉)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

အဆိုပါ အခမ္းအနားတြင္ ႏုိင္ငံေတာ္မွ ေထာက္ပံ့သည့္ ေက်ာင္းဝတ္စံုမ်ား၊ ေက်ာင္းသံုးဗလာစာအုပ္မ်ားႏွင့္ ပံုႏွိပ္စာအုပ္မ်ား၊ ၿမဳိ႕နယ္အတြင္းရွိ အေျခခံပညာေက်ာင္းမ်ားတြင္ ေသာက္သံုးေရရရွိေရး၊ ေက်ာင္းသန္႔ရွင္းသာ ယာလွပေရး၊ ေက်ာင္းဘက္စံုဖံြ႕ၿဖဳိးတုိးတက္ေရးႏွင့္ ေက်ာင္းအပ္ႏွံေရးေန႔အခမ္းအနားအတြက္ လုိအပ္သည္မ်ား လွဴဒါန္းေပးသည့္ အလွဴရွင္မ်ား၊ တာခ်ီလိတ္ၿမဳိ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ ေရပူစမ္းေက်းရြာ အေျခခံပညာအလယ္တန္းေက်ာင္းတြင္ ေငြက်ပ္သိန္း (၅၀၀) ေက်ာ္တန္ဖုိးရွိ ေျခာက္ခန္းတဲြ စာသင္ေဆာင္ လွဴဒါန္းသည့္ အလွဴရွင္ ဦးေယရွဲတုိ႔အား စစ္ဗ်ဴဟာအဖဲြ႕(အေျခခ်)တာခ်ီလိတ္မွ စစ္ဗ်ဴဟာမွဴး ဗုိလ္မွဴးႀကီး ေအးမင္းဦး၊ ခရုိင္အုပ္ခ်ဳပ္ေရးမွဴး ဦးျမင့္ႏုိင္ႏွင့္ တာဝန္ရွိသူမ်ားက  ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား  ေပးအပ္ေၾကာင္း သိရသည္။

ေက်ာင္းေနအရြယ္ကေလးမ်ား အေျခခံပညာသင္ယူခြင့္ရရွိရန္ မိဘ၊ ဆရာမ်ား ပူးေပါင္းေဆာင္ရြက္ေရး၊ ေက်ာင္းအပ္ႏွံမႈ အခြင့္အလမ္းမ်ား ရရွိၿပီး ေက်ာင္းအပ္ႏွံေရးႏွင့္ ေက်ာင္းထြက္သူ ပေပ်ာက္ေရးကုိလည္း အေလးထားေဆာင္ရြက္ရန္ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးက တုိက္တြန္းေျပာၾကားခဲ့ၿပီး  ေက်ာင္းအပ္ႏွံေရးေန႔ အေၾကာင္းကို ၿမဳိ႕နယ္ပညာေရးမွဴး ကုိယ္စား ဆန္ဆုိင္းအေျခခံပညာ အထက္တန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာႀကီး ဦးဆုေအာင္ ရွင္းလင္းတင္ျပေၾကာင္း သိရသည္။

သတင္း #ေဝယံလင္း
ဓါတ္ပံု #ယာေဆး

~~~~~~~~⊰❂ unicode ~~~~~~~~
တာချီလိတ်တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
***************
၂၀၁၈-၂၀၁၉ ပညာသင်နှစ် ကျောင်းသားများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့သည့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်းအခြေခံပညာအထက်တန်းကျောင်းတွင် မေလ (၂၉)ရက်နေ့က ကျင်းပကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် နိုင်ငံတော်မှ ထောက်ပံ့သည့် ကျောင်းဝတ်စုံများ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သောက်သုံးရေရရှိရေး၊ ကျောင်းသန့်ရှင်းသာ ယာလှပရေး၊ ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားအတွက် လိုအပ်သည်များ လှူဒါန်းပေးသည့် အလှူရှင်များ၊ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ငွေကျပ်သိန်း (၅၀၀) ကျော်တန်ဖိုးရှိ ခြောက်ခန်းတွဲ စာသင်ဆောင် လှူဒါန်းသည့် အလှူရှင် ဦးယေရှဲတို့အား စစ်ဗျူဟာအဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက  ဂုဏ်ပြုမှတ်တမ်းလွှာများ  ပေးအပ်ကြောင်း သိရသည်။

ကျောင်းနေအရွယ်ကလေးများ အခြေခံပညာသင်ယူခွင့်ရရှိရန် မိဘ၊ ဆရာများ ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းအပ်နှံမှု အခွင့်အလမ်းများ ရရှိပြီး ကျောင်းအပ်နှံရေးနှင့် ကျောင်းထွက်သူ ပပျောက်ရေးကိုလည်း အလေးထားဆောင်ရွက်ရန် ခရိုင်အုပ်ချုပ်ရေးမှူးက တိုက်တွန်းပြောကြားခဲ့ပြီး  ကျောင်းအပ်နှံရေးနေ့ အကြောင်းကို မြို့နယ်ပညာရေးမှူး ကိုယ်စား ဆန်ဆိုင်းအခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဆုအောင် ရှင်းလင်းတင်ပြကြောင်း သိရသည်။

သတင်း #ဝေယံလင်း
ဓါတ်ပုံ #ယာဆေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~