တရားမ၀င်ရွှေ့ပြောင်းမြန်မာလုပ်သား(၈)ဦးကို မယ်ဆိုင်မှ တာချီလိတ်သို့ လွှဲ

တရားမ၀င်ရွှေ့ပြောင်းမြန်မာလုပ်သား(၈)ဦးကို မယ်ဆိုင်မှ တာချီလိတ်သို့ လွှဲ
မေ 4, 2018
By Tachileik News Agency








~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့် မြန်မာနိုင်ငံသား (၈)ဦးအား မေလ(၄)ရက်နေ့တွင် လွှဲပြောင်းပေးလာကြောင်း သိရသည်။

မေလ(၄)ရက်နေ့တွင် လွှဲပြောင်းပေးလာရာ မြန်မာနိုင်ငံသား အမျိုးသား(၂)ဦး နှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၈)ဦး ပါဝင်ရာ ၂၀၁၈ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့မှ ဧပြီလ(၄)ရက်နေ့အထိ စုစုပေါင်း(၂၆၂)ဦးတွင် ကလေးငယ်(၇)ဦး ပါဝင်ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ လွှဲပြောင်းပေးလာရာတွင် မြန်မာနိုင်ငံ တာချီလိတ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ လူကုန်တား၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီ ( CNCMC ) နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ ပါဝင်ကာ စိစစ်လက်ခံကြကြောင်း သိရသည်။

တရားမဝင် ရွှေ့ပြောင်းမြန်မာနိုင်ငံသားများအား ထိုင်းဘက် ရဲတပ်ဖွဲ့နှင့်လဝက တို့က ဖမ်းဆီးရမိသည့် အခါတိုင်းတွင် လူဦးရေပေါ်မူတည်၍ တစ်ပတ်လျှင် အနည်းဆုံး (၃)ကြိမ်မှ (၄)ကြိမ်အထိ တာချီလိတ်သို့ လွှဲပြောင်းပေးလာလေ့ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ - မြို့နယ် ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~