အရက္ထုတ္လုပ္မႈမ်ားအား အြန္လိုင္းမွ ေစာင့္ၾကည့္စစ္ေဆးသည့္ စနစ္ကို အေကာင္အထည္ေဖၚေန

အရက္ထုတ္လုပ္မႈမ်ားအား အြန္လိုင္းမွ ေစာင့္ၾကည့္စစ္ေဆးသည့္ စနစ္ကို အေကာင္အထည္ေဖၚေန
မေ 20, 2018
By Tachileik News Agency

အရက္ခ်က္စက္႐ုံမ်ား၏ အရက္ထုတ္လုပ္မႈမ်ားအား အြန္လိုင္းမွတစ္ဆင့္ ေစာင့္ၾကည့္ထိန္းေက်ာင္း ႏိုင္ေရးအတြက္ အြန္လိုင္းေစာင့္ၾကည့္ စစ္ေဆးသည့္ စနစ္အား အေကာင္အထည္ေဖာ္ႏိုင္ရန္ အရက္ခ်က္ စက္ရံုမ်ားကို အုပ္စုသံုးခုခြဲ၍ ၂၀၁၈ ခုႏွစ္ ဧၿပီလမွစ၍ အေကာင္အထည္ေဖၚေနေၾကာင္း သိရသည္။

လိုင္စင္ယူထားသည့္ စက္ရံု (၇၂) ရံုအနက္ လက္ရွိ လုပ္ငန္းလည္ပတ္ေဆာင္႐ြက္လ်က္ရွိသည့္ အရက္ခ်က္ စက္႐ုံ (၃၇) ႐ုံတြင္ Flow Meter မ်ားအား သတ္မွတ္ေနရာမ်ားတြင္ စနစ္တက် တပ္ဆင္ထားမႈရွိ/မရွိကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလႏွင့္ မတ္လတြင္ သြားေရာက္ စစ္ေဆးခဲ့ရာ စက္႐ုံ (၃၃) ႐ုံ၌ Flow Meter မ်ားအား သတ္မွတ္စံႏႈန္းမ်ားႏွင့္အညီ တပ္ဆင္ထားၿပီး က်န္စက္႐ုံ ေလး႐ုံတြင္လည္း မၾကာမီ တပ္ဆင္သြားရန္ စီစဥ္ထားေၾကာင္း သိရသည္။

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ အရက္ခ်က္လုပ္ငန္းလိုင္စင္(D1)ရယူထားသည့္ စက္႐ုံေပါင္း (၇၂) ႐ုံတြင္ Flow Meter မ်ားတပ္ဆင္ထုတ္လုပ္ေရးအတြက္ ၂၀၁၆ ခုႏွစ္မွစတင္ေဆာင္ရြက္ခဲ့ၿပီး ယမကာ လုပ္ငန္းရွင္မ်ားအသင္းႏွင့္ ညႇိႏႈိင္းမႈအရ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၃၁) ရက္ေန႔တြင္ အၿပီးတပ္ဆင္ရန္ ျဖစ္ေသာ္လည္း စက္ရံုအခ်ိဳ႕မွာ ေရဆိုးသန္႔စင္မႈစနစ္ တည္ေဆာက္မၿပီးေသးျခင္း၊ လုပ္ငန္းရပ္ဆုိင္းထားရျခင္းမ်ားေၾကာင့္ အေကာင္အထည္ေဖၚႏုိင္ျခင္းမရိွေသးေၾကာင္း သိရသည္။

အဆိုပါ စနစ္အား အေကာင္အထည္ေဖၚႏုိင္ေရးအတြက္ အရက္ခ်က္စက္ရံုမ်ားအား စက္႐ုံႀကီး၊ စက္႐ုံလတ္ႏွင့္ စက္႐ုံငယ္ အဆင့္ (က)၊ (ခ)ႏွင့္(ဂ) အုပ္စုသံုးခုခြဲ၍ စက္႐ုံႀကီးမ်ားတြင္ အရက္ထုတ္လုပ္မႈအား စစ္ေဆးႏုိင္မည့္ Flow Meter စတင္တပ္ဆင္ေနျခင္းျဖစ္ေၾကာင္း သိရသည္။

ေမလ (၁၇) ရက္ေန႔တြင္က်င္းပေသာ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးတြင္ လႈိင္မဲဆႏၵနယ္မွ ဦးေအာင္ေက်ာ္ေက်ာ္ဦးက အရက္ခ်က္စက္႐ုံမ်ားတြင္ Flow-Meterမ်ား တပ္ဆင္ရန္ကိစၥေဆာင္႐ြက္ၿပီးစီးမႈ အေျခအေနအား ေမးျမန္းခဲ့ရာ စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္းက လႊတ္ေတာ္တြင္ေျဖၾကားခဲ့ျခင္း ျဖစ္သည္။

~~~~~~~~⊰❂ unicode ~~~~~~~~
အရက်ချက်စက်ရုံများ၏ အရက်ထုတ်လုပ်မှုများအား အွန်လိုင်းမှတစ်ဆင့် စောင့်ကြည့်ထိန်းကျောင်း နိုင်ရေးအတွက် အွန်လိုင်းစောင့်ကြည့် စစ်ဆေးသည့် စနစ်အား အကောင်အထည်ဖော်နိုင်ရန် အရက်ချက်စက်ရုံများကို အုပ်စုသုံးခုခွဲ၍ ၂၀၁၈ ခုနှစ် ဧပြီလမှစ၍ အကောင်အထည်ဖော်နေကြောင်း သိရသည်။

လိုင်စင်ယူထားသည့် စက်ရုံ (၇၂) ရုံအနက် လက်ရှိ လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိသည့် အရက်ချက် စက်ရုံ (၃၇) ရုံတွင် Flow Meter များအား သတ်မှတ်နေရာများတွင် စနစ်တကျ တပ်ဆင်ထားမှုရှိ/မရှိကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတွင် သွားရောက် စစ်ဆေးခဲ့ရာ စက်ရုံ (၃၃) ရုံ၌ Flow Meter များအား သတ်မှတ်စံနှုန်းများနှင့်အညီ တပ်ဆင်ထားပြီး ကျန်စက်ရုံ လေးရုံတွင်လည်း မကြာမီ တပ်ဆင်သွားရန် စီစဉ်ထားကြောင်း သိရသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရက်ချက်လုပ်ငန်းလိုင်စင်(D1)ရယူထားသည့် စက်ရုံပေါင်း (၇၂) ရုံတွင် Flow Meter များတပ်ဆင်ထုတ်လုပ်ရေးအတွက် ၂၀၁၆ ခုနှစ်မှစတင်ဆောင်ရွက်ခဲ့ပြီး ယမကာ လုပ်ငန်းရှင်များအသင်းနှင့် ညှိနှိုင်းမှုအရ ၂၀၁၇ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့တွင် အပြီးတပ်ဆင်ရန် ဖြစ်သော်လည်း စက်ရုံအချို့မှာ ရေဆိုးသန့်စင်မှုစနစ် တည်ဆောက်မပြီးသေးခြင်း၊ လုပ်ငန်းရပ်ဆိုင်းထားရခြင်းများကြောင့် အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ စနစ်အား အကောင်အထည်ဖော်နိုင်ရေးအတွက် အရက်ချက်စက်ရုံများအား စက်ရုံကြီး၊ စက်ရုံလတ်နှင့် စက်ရုံငယ် အဆင့် (က)၊ (ခ)နှင့်(ဂ) အုပ်စုသုံးခုခွဲ၍ စက်ရုံကြီးများတွင် အရက်ထုတ်လုပ်မှုအား စစ်ဆေးနိုင်မည့် Flow Meter စတင်တပ်ဆင်နခြေင်းဖြစ်ကြောင်း သိရသည်။

မေလ (၁၇) ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက အရက်ချက်စက်ရုံများတွင် Flow-Meterများ တပ်ဆင်ရန်ကိစ္စဆောင်ရွက်ပြီးစီးမှု အခြေအနေအား မေးမြန်းခဲ့ရာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်တွင်ဖြကြေားခဲ့ခြင်း ဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~