မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းရွိ တာေက်ာက္တံတား ေခ်ာင္းအတြင္း ယာဥ္တစ္စီးထိုးက်သြားရာက မိုင္းပ်ဥ္းမွ ေက်ာင္းထိုင္ဆရာေတာ္(၁)ပါး ပ်ံလြန္ေတာ္မူ

မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းရွိ တာေက်ာက္တံတား ေခ်ာင္းအတြင္း ယာဥ္တစ္စီးထိုးက်သြားရာက မိုင္းပ်ဥ္းမွ ေက်ာင္းထိုင္ဆရာေတာ္(၁)ပါး ပ်ံလြန္ေတာ္မူ
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းျဖတ္ - က်ဳိင္းတံုသြားလမ္းေပၚရွိ တာေက်ာက္တံတားေအာက္ ေခ်ာင္း အတြင္းသို႔ ေမာ္ေတာ္ယာဥ္(၁)စီး တိုးက်သြားရာမွ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ ေက်ာင္းထိုင္ ဆရာေတာ္(၁)ပါး ပ်ံလြန္ေတာ္မူသြားသည့္ ျဖစ္စဥ္တစ္ခု ၂၀၁၈ခုႏွစ္ ေမလ(၃)ရက္ေန႔ ေန႔လည္(၁၁)နာရီေက်ာ္က ျဖစ္ပြားခဲ့ေၾကာင္း မိုင္းျဖတ္ၿမိဳ႕မရဲစခန္းမွ သိရသည္။

တာခ်ီလိတ္ဘက္မွ ဦးစုလင္း ေမာင္းလာၿပီး ဆရာေတာ္(၂)ပါး ႏွင့္ လူ(၂)ဦး စုစုေပါင္း (၅)ဦး လိုက္ပါလာေသာ ေမာ္ေတာ္ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္း၏၀ဲဘက္ရွိ တာေက်ာက္တံတားေအာက္ ေခ်ာင္းအတြင္းသို႔ ထိုးက်သြားရာမွာ သက္ေတာ္ (၈၀)ႏွစ္ ၀န္းက်င္ရွိ ဆရာေတာ္ ဥဴးေဇယ်မွာ မ်က္ႏွာ ဖူးေရာင္ဒဏ္ရာ၊ နားေသြးထြက္ဒဏ္ရာတို႔ျဖင့္ အခင္းျဖစ္ပြားရာ ေနရာတြင္ ပ်ံလြန္ေတာ္မူသြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္ထိုးက်မႈေၾကာင့္ က်န္ ကိုရင္(၁)ပါး ႏွင့္ ယာဥ္ေမာင္းအပါအ၀င္ လူ(၃)ဦးမွာ ထိခိုက္ဒဏ္ရာမ်ားရရွိ၍ က်ဳိင္းတံုျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယာဥ္ထိုးက်မႈေၾကာင့္ ယာဥ္ေမာင္းျဖစ္သူ အသက္(၅၇)ႏွစ္၀န္းက်င္ရွိ ဦးစုလင္းအား မိုင္းျဖတ္ၿမိဳ႕မ ရဲစခန္းတြင္ ယာဥ္(ပ)၃/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၂၇၉/၃၃၇/၃၃၈/၃၀၄-က ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္မွ ယာဥ္သည္ မိုင္းပ်ဥ္းၿမိဳ႕ရွိ ယန္းမိုင္ရြာဘုန္းႀကီးေက်ာင္းမွ ျဖစ္ၿပီး ပ်ံလြန္ေတာ္မူသြားသည့္ ဆရာေတာ္မွာ ယန္းမိုင္ဘုန္းႀကီးေက်ာင္း၏ ေက်ာင္းထိုင္ဆရာေတာ္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု -  ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ် - ကျိုင်းတုံသွားလမ်းပေါ်ရှိ တာကျောက်တံတားအောက် ချောင်း အတွင်းသို့ မော်တော်ယာဉ်(၁)စီး တိုးကျသွားရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျောင်းထိုင် ဆရာတော်(၁)ပါး ပျံလွန်တော်မူသွားသည့် ဖြစ်စဉ်တစ်ခု ၂၀၁၈ခုနှစ် မေလ(၃)ရက်နေ့ နေ့လည်(၁၁)နာရီကျော်က ဖြစ်ပွားခဲ့ကြောင်း မိုင်းဖြတ်မြို့မရဲစခန်းမှ သိရသည်။

တာချီလိတ်ဘက်မှ ဦးစုလင်း မောင်းလာပြီး ဆရာတော်(၂)ပါး နှင့် လူ(၂)ဦး စုစုပေါင်း (၅)ဦး လိုက်ပါလာသော မော်တော်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ရှိ တာကျောက်တံတားအောက် ချောင်းအတွင်းသို့ ထိုးကျသွားရာမှာ သက်တော် (၈၀)နှစ် ဝန်းကျင်ရှိ ဆရာတော် ဉူးဇေယျမှာ မျက်နှာ ဖူးရောင်ဒဏ်ရာ၊ နားသွေးထွက်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် ပျံလွန်တော်မူသွားကြောင်း သိရသည်။

အဆိုပါ ယာဉ်ထိုးကျမှုကြောင့် ကျန် ကိုရင်(၁)ပါး နှင့် ယာဉ်မောင်းအပါအဝင် လူ(၃)ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယာဉ်ထိုးကျမှုကြောင့် ယာဉ်မောင်းဖြစ်သူ အသက်(၅၇)နှစ်ဝန်းကျင်ရှိ ဦးစုလင်းအား မိုင်းဖြတ်မြို့မ ရဲစခန်းတွင် ယာဉ်(ပ)၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်မှ ယာဉ်သည် မိုင်းပျဉ်းမြို့ရှိ ယန်းမိုင်ရွာဘုန်းကြီးကျောင်းမှ ဖြစ်ပြီး ပျံလွန်တော်မူသွားသည့် ဆရာတော်မှာ ယန်းမိုင်ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~