က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္းတြင္ ေထာ္လာဂ်ီတစ္စီး တိမ္းေမွာက္၍ (၂)ဦးေသ (၅)ဦးဒဏ္ရာရ

က်ိဳင္းတံု - တာခ်ီလိတ္ကားလမ္းတြင္ ေထာ္လာဂ်ီတစ္စီး တိမ္းေမွာက္၍ (၂)ဦးေသ (၅)ဦးဒဏ္ရာရ
မေ 10, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕ မိုင္းဇင္း(အထက္)ရြာအနီး က်ိဳင္းတုံ - တာခ်ီိလိတ္ကားလမ္းတြင္ ၂၀၁၈ခုႏွစ္ ေမလ (၁၀)ရက္ေန႔ နံနက္(၈)နာရီ (၄၅)မိနစ္ဝန္းက်င္က ေထာ္လာဂ်ီယာဥ္တစ္စီး လမ္းေဘး ထိုးက်တိမ္းေမွာက္သျဖင့္ အမ်ိဳးသားတစ္ဦးႏွင့္ ကေလးငယ္တစ္ဦး ေသဆုံးကာ (၅)ဦး ထိခိုက္ဒဏ္ရာ ရရိွသြားေၾကာင္း သိရသည္။

က်ိဳင္းတုံ - တာခ်ီလိတ္သြားလမ္း မိုင္းဇင္း(အထက္)ရြာအနီး မိုင္တိုင္အမွတ္(၆၄၄)ကီလိုမီတာႏွင့္ (၆၄၅)ကီလိုမီတာၾကားတြင္ က်ိဳင္းတုံဘက္မွ တာခ်ီလိတ္ဘက္သို႔ ယာဥ္ေမာင္း အပါအဝင္ အမ်ိဳးသား (၆)ဦးႏွင့္ အမ်ိဳးသမီး (၂)ဦး လုိက္ပါလာသည့္ ေထာ္လာဂ်ီယာဥ္သည္ အရိွန္မထိန္းႏိုင္ဘဲ လမ္း၏ ဝဲဘက္ေဘးသို႕ ထိုးက် တိမ္းေမွာက္သြားခဲ့ၿပီး ယာဥ္ေမာင္းျဖစ္သူ သန္းထိုက္ေအာင္မွာ ထြက္ေျပးတိမ္းေရွာင္သြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေပၚတြင္ လုိက္ပါလာသည့္ ေက်ာ္လင္းေအာင္ႏွင့္ အသက္(၄)ႏွစ္အရြယ္ ေမာင္ေက်ာ္ထူးတို႔မွာ မ်က္ႏွာတြင္ ရႊံ႕မ်ားပိတ္ဆို႕လွ်က္ ေနရာတြင္ ေသဆံုးသြားၿပီး ေအာင္ႏိုင္ၿဖိဳးႏွင့္ မဇင္၀ါေအာင္တို႔ကို ျပင္ပလူနာအျဖစ္လည္းေကာင္း မခိုင္ဝါေအာင္၊ ေမာင္ဖိုးေထြးႏွင့္ ေမာင္ေနလင္းဦးတို႔ကို အတြင္းလူနာအျဖစ္ လည္းေကာင္း က်ိဳင္းတံုေဆးရံုႀကီးတြင္ တင္ပို႔ထားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ယာဥ္ေမာင္း သန္းထိုက္ေအာင္အား က်ိဳင္းတုံၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၂၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ-၂၇၉/၃၃၇/၃၃၈/၃၀၄ - ကျဖင့္ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

သတင္း - ဇြဲျမတ္
ဓါတ္ပုံ - ဖုန္းငယ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ မိုင်းဇင်း(အထက်)ရွာအနီး ကျိုင်းတုံ - တာချိီလိတ်ကားလမ်းတွင် ၂၀၁၈ခုနှစ် မေလ (၁၀)ရက်နေ့ နံနက်(၈)နာရီ (၄၅)မိနစ်ဝန်းကျင်က ထော်လာဂျီယာဉ်တစ်စီး လမ်းဘေး ထိုးကျတိမ်းမှောက်သဖြင့် အမျိုးသားတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေဆုံးကာ (၅)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း သိရသည်။

ကျိုင်းတုံ - တာချီလိတ်သွားလမ်း မိုင်းဇင်း(အထက်)ရွာအနီး မိုင်တိုင်အမှတ်(၆၄၄)ကီလိုမီတာနှင့် (၆၄၅)ကီလိုမီတာကြားတွင် ကျိုင်းတုံဘက်မှ တာချီလိတ်ဘက်သို့ ယာဉ်မောင်း အပါအဝင် အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၂)ဦး လိုက်ပါလာသည့် ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ဘေးသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ပြီး ယာဉ်မောင်းဖြစ်သူ သန်းထိုက်အောင်မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကျော်လင်းအောင်နှင့် အသက်(၄)နှစ်အရွယ် မောင်ကျော်ထူးတို့မှာ မျက်နှာတွင် ရွှံ့များပိတ်ဆို့လျှက် နေရာတွင် သေဆုံးသွားပြီး အောင်နိုင်ဖြိုးနှင့် မဇင်ဝါအောင်တို့ကို ပြင်ပလူနာအဖြစ်လည်းကောင်း မခိုင်ဝါအောင်၊ မောင်ဖိုးထွေးနှင့် မောင်နေလင်းဦးတို့ကို အတွင်းလူနာအဖြစ် လည်းကောင်း ကျိုင်းတုံဆေးရုံကြီးတွင် တင်ပို့ထားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း သန်းထိုက်အောင်အား ကျိုင်းတုံမြို့မရဲစခန်းတွင် ယာဉ်(ပ)၂၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ-၂၇၉/၃၃၇/၃၃၈/၃၀၄ - ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

သတင်း - ဇွဲမြတ်
ဓာတ်ပုံ - ဖုန်းငယ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~