ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားတြင္ ႏိုင္ငံျခားေငြမ်ား သယ္ေဆာင္လာသူကို ႏိုင္ငံျခားေငြစီမံခန္႔ခြဲေရး ဥပေဒျဖင့္ အေရးယူ

ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားတြင္ ႏိုင္ငံျခားေငြမ်ား သယ္ေဆာင္လာသူကို ႏိုင္ငံျခားေငြစီမံခန္႔ခြဲေရး ဥပေဒျဖင့္ အေရးယူ
မေ 17, 2018
By Tachileik News Agency

ျမန္မာ - ထိုင္း နယ္စပ္ေဒသ၊ ၿမ၀တီၿမိဳ႕ရွိ ခ်စ္ၾကည္ေရး အမွတ္(၁)တံတားတြင္ တရားမ၀င္ သယ္ေဆာင္ လာသည့္ ႏိုင္ငံျခားေငြ မ်ားအား ဖမ္းဆီးရမိ၍ ႏိုင္ငံျခားေငြစီမံခန္႔ခြဲေရး ဥပေဒျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ျမ၀တီၿမိဳ႕ရွိ ျမန္မာ - ထိုင္း ခ်စ္ၾကည္ေရးအမွတ္(၁)တံတားတြင္ သက္ဆုိင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္း အဖြဲ႔က ၂၀၁၈ခုႏွစ္ ေမလ(၁၆)ရက္ေန႔ နံနက္(၉)နာရီခြဲ ၀န္းက်င္အခ်ိန္တြင္ သတင္းအရ စစ္ေဆးမႈမ်ား ျပဳလုပ္ေနစဥ္ မဲေဆာက္ဘက္သို႔ သြားရန္ ေအာင္မ်ဳိး ေမာင္းလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ ႏိုင္ငံျခားေငြမ်ားကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ စစ္ေဆးမႈမ်ား ျပဳလုပ္ရာတြင္ ယာဥ္၏ အင္ဂ်င္ခန္းအတြင္၌ သတင္းစာစကၠဴျဖင့္ ထုတ္ထားသည့္ အထုပ္(၂)ထုပ္အတြင္းမွ အေမရိကန္ေဒၚလာ (၁၆၁,၂၉၀)၊ ယန္းေငြ ( ၁၃,၁၇၀,၀၀၀) ႏွင့္ ယူရိုေငြ (၄,၃၅၀)တို႔အား ေတြ႔ရွိရသည့္အတြက္ သိမ္းဆည္းလိုက္ၿပီး ၎အား စစ္ေဆးမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။

ႏိုင္ငံျခားေငြမ်ားကို သယ္ေဆာင္လာသူ အသက္(၄၀)၀န္းက်င္ရွိ ေအာင္မ်ဳိးအား ျမ၀တီၿမိဳ႕မရဲစခန္းတြင္ (ပ)၃၇၇/၂၀၁၈၊ ႏိုင္ငံျခားေငြ စီမံခန္႔ခြဲေရးဥပေဒပုဒ္မ ၄၂ ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ မြဝတီမြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားတွင် တရားမဝင် သယ်ဆောင် လာသည့် နိုင်ငံခြားငွေ များအား ဖမ်းဆီးရမိ၍ နိုင်ငံခြားငွေစီမံခန့်ခွဲရေး ဥပဒဖြေင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

မြဝတီမြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားတွင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်း အဖွဲ့က ၂၀၁၈ခုနှစ် မေလ(၁၆)ရက်နေ့ နံနက်(၉)နာရီခွဲ ဝန်းကျင်အချိန်တွင် သတင်းအရ စစ်ဆေးမှုများ ပြုလုပ်နေစဉ် မဲဆောက်ဘက်သို့ သွားရန် အောင်မျိုး မောင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ နိုင်ငံခြားငွေများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ယာဉ်၏ အင်ဂျင်ခန်းအတွင်၌ သတင်းစာစက္ကူဖြင့် ထုတ်ထားသည့် အထုပ်(၂)ထုပ်အတွင်းမှ အမေရိကန်ဒေါ်လာ (၁၆၁,၂၉၀)၊ ယန်းငွေ ( ၁၃,၁၇၀,ဝဝဝ) နှင့် ယူရိုငွေ (၄,၃၅၀)တို့အား တွေ့ရှိရသည့်အတွက် သိမ်းဆည်းလိုက်ပြီး၎င်းအား စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

နိုင်ငံခြားငွေများကို သယ်ဆောင်လာသူ အသက်(၄၀)ဝန်းကျင်ရှိ အောင်မျိုးအား မြဝတီမြို့မရဲစခန်းတွင် (ပ)၃၇၇/၂၀၁၈၊ နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ျပည္ထဲေ၇း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~