တာချီလိတ်အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ

တာချီလိတ်အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် စိတ်ကြွဆေးပြား ဖမ်းဆီးရမိ
မေ 7, 2018
By Tachileik News Agency







~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့အထွက် လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မိုင်းဆတ်ဘက်မှ တာချီလိတ်သို့ လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာက စိတ်ကြွဆေးပြား (၁၀၀၀)တိတိကို မေလ(၇)ရက်နေ့ နံနက်ပိုင်းက ဖမ်းဆီးရမိကြောင်း သိရငည်။

လွယ်တော်ခမ်း ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ၂၀၁၈ခုနှစ် မေလ(၇)ရက်နေ့ နံနက်(၉)နာရီခွဲဝန်းကျင်အချိန်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အားလို မောင်းလာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက အားလိုဝတ်ဆင်ထားသည့် ဘောင်းဘီရှည် အိတ်ကပ်အတွင်းမှ Wy စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀၀)ပြား တိတိကို တွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

အဆိုပါ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက်(၃၀)နှစ်ရှိ အားလိုအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၃၆/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~