မဲဆႏၵနယ္ ၁၃ ေနရာအတြက္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ားကို ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်င္းပမည္

မဲဆႏၵနယ္ ၁၃ ေနရာအတြက္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ားကို ႏိုဝင္ဘာလ ၃ ရက္ေန႔တြင္ က်င္းပမည္
မေ 8, 2018
By Tachileik News Agency

လႊတ္ေတာ္အသီးသီးတြင္ လႊတ္ေတာ္ကိုယ္စားလွယ္လစ္လပ္ေနေသာ မဲဆႏၵနယ္ (၁၃)ေနရာအတြက္ ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာလ (၃)ရက္ေန႔တြင္ ၾကားျဖတ္ေရြးေကာက္ပြဲမ်ား က်င္းပမည္ျဖစ္ေၾကာင္း ေမလ (၈)ရက္ေန႔တြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္က ထုတ္ျပန္လုိက္သည္။

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ လစ္လပ္ေနသည့္ မဲဆႏၵနယ္မ်ားျဖစ္သည့္ ကန္ပက္လက္၊ လဲခ်ား၊ တာေမြ ႏွင့္ ျမင္းၿခံတို႔တြင္ လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ လစ္လပ္ေနသည့္ ကခ်င္ျပည္နယ္၊ အမ်ိဳးသားလႊတ္ေတာ္ မဲဆႏၵနယ္အမွတ္(၂) ျမစ္ႀကီးနားၿမိဳ႕တြင္ လည္းေကာင္း၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ လစ္လပ္ေနသည့္ မဲဆႏၵနယ္မ်ားျဖစ္သည့္ မတူပီ၊ တမူး၊ အုတ္တြင္း၊ သပိတ္က်င္း၊ ရေသ့ေတာင္၊ မင္းဘူး၊ ဆိပ္ကမ္းႏွင့္ မႏၱေလးတုိင္းေဒသႀကီးလႊတ္ေတာ္ ရွမ္းတုိင္းရင္းသားလူမ်ိဳးမဲဆႏၵနယ္အတြက္ မႏၱေလးတုိင္းေဒသႀကီး (ျပည္ေထာင္စုနယ္ေျမမွအပ)တုိ႔တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

မဲဆန္ဒနယ် ၁၃ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျင်းပမည်
****

လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ်လစ်လပ်နေသော မဲဆန္ဒနယ် (၁၃)နေရာအတွက် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့တွင် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း မေလ (၈)ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ်များဖြစ်သည့် ကန်ပက်လက်၊ လဲချား၊ တာမွေ နှင့် မြင်းခြံတို့တွင် လည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် လစ်လပ်နေသည့် ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၂) မြစ်ကြီးနားမြို့တွင် လည်းကောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် လစ်လပ်နေသည့် မဲဆန္ဒနယ်များဖြစ်သည့် မတူပီ၊ တမူး၊ အုတ်တွင်း၊ သပိတ်ကျင်း၊ ရသေ့တောင်၊ မင်းဘူး၊ ဆိပ်ကမ်းနှင့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ရှမ်းတိုင်းရင်းသားလူမျိုးမဲဆန္ဒနယ်အတွက် မန္တလေးတိုင်းဒေသကြီး (ပြည်ထောင်စုနယ်မြေမှအပ)တို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~