တာခ်ီလိတ္ဘက္တိမ္းေရွာင္လာသျဖင့္ ဖမ္းဆီးကာ ထိုင္းဘက္သို႔ ျပန္လႊဲေပးလုိက္သည့္ ထုိင္းႏုိင္ငံမွ လူသတ္တရားခံ အပါအဝင္ ဆက္စပ္သူ ငါးဦးအား ေထာင္ဒဏ္တစ္ႏွစ္မွ ၃၄ ႏွစ္ေက်ာ္အထိ အသီးသီးခ်မွတ္

တာခ်ီလိတ္ဘက္တိမ္းေရွာင္လာသျဖင့္ ဖမ္းဆီးကာ ထိုင္းဘက္သို႔ ျပန္လႊဲေပးလုိက္သည့္ ထုိင္းႏုိင္ငံမွ လူသတ္တရားခံ အပါအဝင္ ဆက္စပ္သူ ငါးဦးအား ေထာင္ဒဏ္တစ္ႏွစ္မွ ၃၄ ႏွစ္ေက်ာ္အထိ အသီးသီးခ်မွတ္
မေ 10, 2018
By Tachileik News Agency

ထိုင္းႏိုင္ငံ ခြန္ကဲန္ၿမိဳ႕ ကာရာအိုေကဘားအမ်ိဳးသမီးတစ္ဦးအားသတ္ၿပီး ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ တိမ္းေရွာင္လာသျဖင့္ ျမန္မာဘက္က ျပန္လႊဲေပးခဲ့သည့္  လူသတ္တရားခံမ်ားအား ၂၀၁၈ ခုႏွစ္ ေမလ (၁၀)ရက္ေန႔ ေန႔လယ္ပိုင္းတြင္ ခြန္ကဲန္တရားရံုးက ေထာင္ဒဏ္အသီးသီး ခ်မွတ္လုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

လူသတ္တရားခံျဖစ္သူ အသက္(၂၅)ႏွစ္အရြယ္ အမ်ိဳးသမီး ပိယႏြတ္ႏြန္းဝုန္းခ်ိဳင္းမွာ အမႈေဖၚထုတ္ရာတြင္ တာဝန္ရိွသူမ်ားအား ပူးေပါင္းကူညီသျဖင့္ ေထာင္ဒဏ္ (၃၄)ႏွစ္ႏွင့္ (၆)လသို႔ ေလွ်ာ့ခ်ေပးခဲ့ၿပီး လူသတ္မႈတြင္ ပူးေပါင္း ပါဝင္သည့္ အမ်ိဳးသမီး ကဝိတာ ရက္ခ်ဒါအား ေထာင္ဒဏ္ (၃၄)ႏွစ္ႏွင့္ (၆)လ ခ်မွတ္လုိက္ေၾကာင္း သိရသည္။

ခြန္ကဲန္ၿမိဳ႕ရိွ ကာရာအိုေကဘားမွ ဝါနိဆာကင္ကၽြန္အား ၂၀၁၇ ခုႏွစ္ ေမလ (၂၃)ရက္ေန႔တြင္ အပိုင္းပိုင္း ခုတ္ျဖတ္သတ္ၿပီး အေလာင္းေဖ်ာက္ဖ်က္ခဲ့ၾကသည့္ ၎တို႔ႏွစ္ဦးႏွင့္အတူ ပူးေပါင္းပါဝင္သည့္ အမ်ိဳးသမီး အသက္ (၂၉)ႏွစ္အရြယ္ အာဖိ၀မ္း ဆက္ပန္းဒစ္အား ေထာင္ဒဏ္ (၃၃)ႏွစ္ ႏွင့္(၉)လ အသီးသီးခ်မွတ္ခဲ့ၿပီး  က်ဴးလြန္သည့္အဖြဲ႕မွ တစ္ဦးတည္းေသာ အမ်ိဳးသားျဖစ္သည့္ အသက္(၂၂)ႏွစ္အရြယ္ ၀ဆင္နန္းဖုန္းအား ေထာင္ဒဏ္ (၂၃)ႏွစ္(၄)လႏွင့္ ရက္ေပါင္း(၂၂)ရက္ အသီးသီးျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

ယင္းအျပင္ အသတ္ခံရသည့္ အမ်ိဳးသမီး၏ ဆဲလ္ဖုန္းကိုယူေဆာင္ခဲ့သည့္အမ်ိဳးသမီးျဖစ္သည့္ အသက္ (၂၂)ႏွစ္အရြယ္ ဂ်ီဒါရက္ဖရြန္ခြန္အား ေထာင္ဒဏ္ (၁)ႏွစ္ခ်မွတ္ခဲ့သည့္အျပင္ အသတ္ခံရသည့္ ျပစ္ဒဏ္က်ခံရသူငါးဦးက ဝါနိဆာကင္ကၽြန္၏ မိသားစုအား ဘတ္ေငြ (၁.၀၇)သန္း (အေမရိကန္ေဒၚလာ - ၃၃၃၀၀ တန္ဖိုးႏွင့္ညီမွ်)အား အတိုးႏႈန္း (၇.၅)ရာခိုင္ႏႈန္းျဖင့္ ေပးေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။
အသတ္ခံလုိက္ရသည့္ ခြန္ကဲန္ၿမိဳ႕ရိွ ကာရာအိုေကဘားမွ ဝါနိဆာကင္ကၽြန္အား အပိုင္းပိုင္း ခုတ္ထစ္ထားသည့္အစိတ္အပိုင္းမ်ားအား အမိႈက္အိတ္ျဖင့္ထည့္ၿပီး ျမဳပ္ထားသည္ကို ၂၀၁၇ ခုႏွစ္ ေမလ (၂၆)ရက္ေန႔တြင္ ေတြ႕ခဲ့ရျခင္းျဖစ္သည္။

ပိယႏြတ္ႏြန္းဝုန္းခ်ိဳင္းက အသတ္ခံရသည့္အမ်ိဳးသမီးအား ကားျဖင့္တင္ေခၚလာၿပီး အလုပ္ကိစၥအတြက္ ညိႇႏိႈင္းသည္ကို လက္မခံသျဖင့္ သင္ခန္းစာေပးသည့္ အေနျဖင့္ ႏွိပ္စက္ရာမွ ေသဆံုးသြားျခင္းျဖစ္ၿပီး သတ္ပစ္ရန္ ရည္ရြယ္ခ်က္မရိွခဲ့ေၾကာင္း ထြက္ဆိုထားသည္ဟု သိရသည္။

အဆိုပါလူသတ္ တရားခံအမ်ိဳးသမီး (၂)ဦးႏွင့္ ၎တို႔အားကူညီေနသည့္ အမ်ိဳးသမီး (၁)ဦးတို႔သည္ ျမန္မာႏုိင္ငံ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၇ ခုႏွစ္ ေမလ (၂၅)ရက္ေန႔တြင္ ထြက္သြားေၾကာင္း ထုိင္းႏုိင္ငံ တာဝန္ရိွသူမ်ားက တာခ်ီလိတ္ၿမိဳ႕မွ တာဝန္ရိွသူမ်ားထံ ေမလ (၂၉)ရက္ေန႔တြင္ အေၾကာင္းၾကားၿပီးေနာက္ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕က ဇြန္လ (၃)ရက္ေန႔တြင္ တရားခံမ်ားအား ဖမ္းဆီးလႊဲေျပာင္း ေပးႏုိင္ခဲ့ျခင္းျဖစ္သည္။

သတင္း - ဇာႏွင္း




~~~~~~~~⊰❂ unicode ~~~~~~~~

ထိုင်းနိုင်ငံ ခွန်ကဲန်မြို့ ကာရာအိုကေဘားအမျိုးသမီးတစ်ဦးအားသတ်ပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ တိမ်းရှောင်လာသဖြင့် မြန်မာဘက်က ပြန်လွှဲပေးခဲ့သည့် လူသတ်တရားခံများအား ၂၀၁၈ ခုနှစ် မေလ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် ခွန်ကဲန်တရားရုံးက ထောင်ဒဏ်အသီးသီး ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

လူသတ်တရားခံဖြစ်သူ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး ပိယနွတ်နွန်းဝုန်းချိုင်းမှာ အမှုဖော်ထုတ်ရာတွင် တာဝန်ရှိသူများအား ပူးပေါင်းကူညီသဖြင့် ထောင်ဒဏ် (၃၄)နှစ်နှင့် (၆)လသို့ လျှော့ချပေးခဲ့ပြီး လူသတ်မှုတွင် ပူးပေါင်း ပါဝင်သည့် အမျိုးသမီး ကဝိတာ ရက်ချဒါအား ထောင်ဒဏ် (၃၄)နှစ်နှင့် (၆)လ ချမှတ်လိုက်ကြောင်း သိရသည်။

ခွန်ကဲန်မြို့ရှိ ကာရာအိုကေဘားမှ ဝါနိဆာကင်ကျွန်အား ၂၀၁၇ ခုနှစ် မေလ (၂၃)ရက်နေ့တွင် အပိုင်းပိုင်း ခုတ်ဖြတ်သတ်ပြီး အလောင်းဖျောက်ဖျက်ခဲ့ကြသည့်၎င်းတို့နှစ်ဦးနှင့်အတူ ပူးပေါင်းပါဝင်သည့် အမျိုးသမီး အသက် (၂၉)နှစ်အရွယ် အာဖိဝမ်း ဆက်ပန်းဒစ်အား ထောင်ဒဏ် (၃၃)နှစ် နှင့်(၉)လ အသီးသီးချမှတ်ခဲ့ပြီး ကျူးလွန်သည့်အဖွဲ့မှ တစ်ဦးတည်းသော အမျိုးသားဖြစ်သည့် အသက်(၂၂)နှစ်အရွယ် ဝဆင်နန်းဖုန်းအား ထောင်ဒဏ် (၂၃)နှစ်(၄)လနှင့် ရက်ပေါင်း(၂၂)ရက် အသီးသီးပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အသတ်ခံရသည့် အမျိုးသမီး၏ ဆဲလ်ဖုန်းကိုယူဆောင်ခဲ့သည့်အမျိုးသမီးဖြစ်သည့် အသက် (၂၂)နှစ်အရွယ် ဂျီဒါရက်ဖရွန်ခွန်အား ထောင်ဒဏ် (၁)နှစ်ချမှတ်ခဲ့သည့်အပြင် အသတ်ခံရသည့် ပြစ်ဒဏ်ကျခံရသူငါးဦးက ဝါနိဆာကင်ကျွန်၏ မိသားစုအား ဘတ်ငွေ (၁.ဝ၇)သန်း (အမေရိကန်ဒေါ်လာ - ၃၃၃၀၀ တန်ဖိုးနှင့်ညီမျှ)အား အတိုးနှုန်း (၇.၅)ရာခိုင်နှုန်းဖြင့် ပေးဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
အသတ်ခံလိုက်ရသည့် ခွန်ကဲန်မြို့ရှိ ကာရာအိုကေဘားမှ ဝါနိဆာကင်ကျွန်အား အပိုင်းပိုင်း ခုတ်ထစ်ထားသည့်အစိတ်အပိုင်းများအား အမှိုက်အိတ်ဖြင့်ထည့်ပြီး မြုပ်ထားသည်ကို ၂၀၁၇ ခုနှစ် မေလ (၂၆)ရက်နေ့တွင် တွေ့ခဲ့ရခြင်းဖြစ်သည်။

ပိယနွတ်နွန်းဝုန်းချိုင်းက အသတ်ခံရသည့်အမျိုးသမီးအား ကားဖြင့်တင်ခေါ်လာပြီး အလုပ်ကိစ္စအတွက် ညှိနှိုင်းသည်ကို လက်မခံသဖြင့် သင်ခန်းစာပေးသည့် အနဖြေင့် နှိပ်စက်ရာမှ သေဆုံးသွားခြင်းဖြစ်ပြီး သတ်ပစ်ရန် ရည်ရွယ်ချက်မရှိခဲ့ကြောင်း ထွက်ဆိုထားသည်ဟု သိရသည်။

အဆိုပါလူသတ် တရားခံအမျိုးသမီး (၂)ဦးနှင့်၎င်းတို့အားကူညီနေသည့် အမျိုးသမီး (၁)ဦးတို့သည် မြန်မာနိုင်ငံ တာချီလိတ်မြို့သို့ ၂၀၁၇ ခုနှစ် မေလ (၂၅)ရက်နေ့တွင် ထွက်သွားကြောင်း ထိုင်းနိုင်ငံ တာဝန်ရှိသူများက တာချီလိတ်မြို့မှ တာဝန်ရှိသူများထံ မေလ (၂၉)ရက်နေ့တွင် အကြောင်းကြားပြီးနောက် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့က ဇွန်လ (၃)ရက်နေ့တွင် တရားခံများအား ဖမ်းဆီးလွှဲပြောင်း ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း - ဇာနှင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~