တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့် ဂုဏ်ပြုလွှာချီးမြှင့်ပွဲ ကျင်းပ
တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အသင်းသားစုံညီ နှင့် ဂုဏ်ပြုလွှာချီးမြှင့်ပွဲ ကျင်းပ
မေ 7, 2018
By Tachileik News Agency
အခမ်းအနားတွင် အသင်း၏ နာယက ဦးထိန်မင်းက အမှာစကားနှင့် လစဉ်အလှူရှင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာမြင့်က ကျောင်းသား၊ကျောင်းသူများအား အားပေးစကား ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်စား ဆေးတက္ကသိုလ်တက်ရောက်နေသည့် မနန်းအောင်မော်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ၂၀၁၇ ခုနှစ် မြို့ဂုဏ်ရည်ဆုရှင် ဦးမြင့်ဦးက အလှူငွေကျပ်(၁၀)သိန်းပေးအပ်ကာ အသင်း၏ ဒုဥက္ကဌ ဦးတင့်ဆွေက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းက မြို့နယ်အတွင်းမှ ပညာရည်ထူးချွန်ပြီး ကျောင်းဆက်တက်ရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား အလှူရှင် (၂၀)ဦး အကူအညီဖြင့် ထောက်ပံ့ပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် ဆေးတက္ကသိုလ်တက်နေသည့် ကျောင်းသူ တစ်ဦးအား တစ်လလျှင် ကျပ်(၃)သိန်းနှင့် နည်းပညာတက္ကသိုလ်၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းဖွံ့ဖြိုးရေးကျောင်းတို့တွင် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူ (၉)ဦးတို့ကို တစ်ဦးလျှင် လစဉ် ကျပ်(၆)သောင်းစီ ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
သတင်း/ဓါတ်ပုံ - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပညာရေးဖောင်ဒေးရှင်းက အသင်းသားစုံညီတွေ့ဆုံပွဲနှင့် ဂုဏ်ပြုလွှာချီးမြှင့်ခြင်းအခမ်းအနားကို မေလ (၇) ရက်နေ့က တာချီလိတ်မြို့ရှိ Happy စားသောက်ဆိုင်တွင် ကျင်းပကြောင်း သိရသည်။
"ကျွန်မတို့အသင်းရဲ့ ဥက္ကဌ ဦးမြင့်ဦးက မြို့ဂုဏ်ရည်ဆုအဖြစ် ရထားတဲ့ ကျပ်(၁၀)သိန်းကို ဒီနေ့မှာ ကျွန်မတို့အသင်းကို ပြန်ပြီးလှူဒါန်းပေးတာဖြစ်ပါတယ်။ ဒါကြောင့် အလှူငွေပေးအပ်တဲ့ ဥက္ကဌကို ဂုဏ်ပြုလွှာ ပေးအပ်ပြီးတော့ အသင်းသားတွေနဲ့ အသင်းကထောက်ပံ့ထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ တွေ့ဆုံပွဲကိုလည်း ပေါင်းပြီး ကျင်းပတာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းမှ အတွင်းရေးမှူး ဒေါ်စိုးဥမ္မာက တာချိီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အခမ်းအနားတွင် အသင်း၏ နာယက ဦးထိန်မင်းက အမှာစကားနှင့် လစဉ်အလှူရှင်တစ်ဦးဖြစ်သည့် ဒေါက်တာကျော်စွာမြင့်က ကျောင်းသား၊ကျောင်းသူများအား အားပေးစကား ပြောကြားကာ ကျောင်းသား၊ ကျောင်းသူများ၏ ကို်ယ်စား ဆေးတက္ကသိုလ်တက်ရောက်နေသည့် မနန်းအောင်မော်မော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ၂၀၁၇ ခုနှစ် မြို့ဂုဏ်ရည်ဆုရှင် ဦးမြင့်ဦးက အလှူငွေကျပ်(၁၀)သိန်းပေးအပ်ကာ အသင်း၏ ဒုဥက္ကဌ ဦးတင့်ဆွေက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်းက မြို့နယ်အတွင်းမှ ပညာရည်ထူးချွန်ပြီး ကျောင်းဆက်တက်ရန် အခက်အခဲရှိနေသည့် ကျောင်းသား၊ ကျောင်းသူများအား အလှူရှင် (၂၀)ဦး အကူအညီဖြင့် ထောက်ပံ့ပေးနခြေင်းဖြစ်ပြီး လက်ရှိတွင် ဆေးတက္ကသိုလ်တက်နေသည့် ကျောင်းသူ တစ်ဦးအား တစ်လလျှင် ကျပ်(၃)သိန်းနှင့် နည်းပညာတက္ကသို်လ်၊ သူနာပြုသင်တန်းကျောင်း၊ ပညာရေး တက္ကသိုလ်နှင့် စစ်ကိုင်းဖွံ့ဖြိုးရေးကျောင်းတို့တွင် တက်ရောက်နေသော ကျောင်းသား၊ကျောင်းသူ (၉)ဦးတို့ကို တစ်ဦးလျှင် လစဉ် ကျပ်(၆)သောင်းစီ ထောက်ပံ့ပေးအပ်လျှက်ရှိကြောင်း သိရသည်။
အခမ်းအနားသို့ တာချီလိတ်မြို့နယ် ပညာရေးဖောင်ဒေးရှင်း ဥက္ကဌ ဦးမြင့်ဦးနှင့် အသင်း၏ အလုပ်အမှုဆောင်များ၊ ထောက်ပံ့ကြေးရရှိနေသည့် ကျောင်းသား၊ကျောင်းသူနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
သတင်း/ဓာတ်ပုံ - ဇွဲမြတ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~