ကျိုင်းတုံမြို့နယ်အတွင်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် ဓါတုဆေးသုံးစွဲမှု အခြေအနေ စစ်တမ်းကောက်နေ
ကျိုင်းတုံမြို့နယ်အတွင်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် ဓါတုဆေးသုံးစွဲမှု အခြေအနေ စစ်တမ်းကောက်နေ
မေ 10, 2018
By Tachileik News Agency
ဒေသတွင်း အဓိက စိုက်ပျိုးသီးနှံအလိုက်အသုံးပြုသည့် ပိုးသတ်ဆေးနှင့် ဓာတုဆေးအမျိုးအစား၊ အသုံးပြုပုံများနှင့် တောင်သူများထံမှ အကြံဥာဏ်ရယူခြင်း၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးများ ရောင်းချလျှက်ရှိသော အရောင်းဆိုင်များတွင် ရောင်းချနေမှုများနှင့် အမျိုးအစားအလိုက် ထုတ်လုပ်သည့်နိုင်ငံ၊ ရောင်းချမှုပုံစံတို့ကို စစ်တမ်းများပြုလုပ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးနှင့် ဓာတုဆေးများ သုံးစွဲမှု အခြေအနေများကို ခရိုင်စားသုံးသူရေးရာဦးစီးဌာနက ၂၀၁၈ ခုနှစ် မေလ (၅)ရက်နေ့မှစ၍ စစ်တမ်း ကောက်ယူနေကြောင်း သိရသည်။
"ကျွန်တော်တို့ရဲ့ ရုံးချုပ်ကနပြေီးတော့ ဒေသတွင်းက သီးနှံစိုက်ပျိုးတဲ့ တောင်သူတွေက သီးနှံတစ်မျိုး အလိုက် ဘယ်လိုပိုးသတ်ဆေးတွေကို ဘယ်လိုသုံးလဲဆိုတာကို စစ်တမ်းကောက်ဖို့ ညွှန်ကြားထားတဲ့ အတွက် ကျွန်တော်တို့ ဌာနကနပြေီးတော့ မနေ့ကစပြီး စစ်တမ်းကောက်တာတွေ လုပ်နေပါတယ်။ ဒီလ တတိယပတ်အထိ လုပ်သွားဖို့ရှိပါတယ်"ဟု ကျိုင်းတုံခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသန်းစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဒေသတွင်း အဓိက စိုက်ပျိုးသီးနှံအလိုက်အသုံးပြုသည့် ပိုးသတ်ဆေးနှင့် ဓာတုဆေးအမျိုးအစား၊ အသုံးပြုပုံများနှင့် တောင်သူများထံမှ အကြံဉာဏ်ရယူခြင်း၊ ပိုးသတ်ဆေးနှင့် စိုက်ပျိုးရေးသုံး ဓာတုဆေးများ ရောင်းချလျှက်ရှိသော အရောင်းဆိုင်များတွင် ရောင်းချနေမှုများနှင့် အမျိုးအစားအလိုက် ထုတ်လုပ်သည့်နိုင်ငံ၊ ရောင်းချမှုပုံစံတို့ကို စစ်တမ်းများပြုလုပ်ကာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနသို့ ပြန်လည် တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်သီးနှံများ ပြည်ပတင်ပို့ရာတွင် ပိုးသတ်ဆေးပါဝင်မှု သတ်မှတ်နှုန်းထက် ကျော်လွန်နေကြောင်း တင်သွင်းသည့်နိုင်ငံများမှ အကြောင်းကြားသဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လယ်ယာထွက်ကုန်သီးနှံများ စိုက်ပျိုး ထုတ်လုပ် သိုလှောင်ရာတွင် အသုံးပြုသော ပိုးသတ်ဆေးနှင့် ဓာတုဆေး သုံးစွဲမှုအခြေအနေအား လေ့လာရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
ဓာတ်ပုံ - စားသုံးသူရေးရာဦးစီးဌာန 
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~