တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ဖြင့္လွစ္ခဲ့သည့္ ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမွဳ သင္တန္း (၁၂)ခု၏ သင္တန္းဆင္းပြဲ တစ္ေနရာတည္း စုေပါင္းက်င္းပ

တာခ်ီလိတ္ၿမိဳ႕နယ္ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ဖြင့္လွစ္ခဲ့သည့္ ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမွဳ သင္တန္း (၁၂)ခု၏ သင္တန္းဆင္းပြဲ တစ္ေနရာတည္း စုေပါင္းက်င္းပ
မေ 7, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စုအတြင္း ဖြင့္လွစ္ခဲ့သည့္  ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမွဳ သင္တန္း (၁၂)ခု၏ သင္တန္းဆင္းပြဲႏွင့္ သင္တန္းဆင္းလက္မွတ္ ေပးအပ္ခ်ီးျမႇင့္ပြဲကို ၂၀၁၈ခုႏွစ္ ေမလ(၇)ရက္ေန႔ နံနက္ပိုင္းက မိုင္းကိုးေက်းရြာအုပ္စု၊ ဆန္ဆိုင္းရြာတြင္းရွိ ဘုန္းႀကီးေက်ာင္းအတြင္း၌ က်င္းပ ျပဳလုပ္ေၾကာင္း သိရသည္။

ေႏြရာသီ ရွမ္းစာေပႏွင့္ ယဥ္ေက်းမွဳသင္တန္းအျဖစ္ မိုင္းကိုးေက်းရြာအုပ္စု အတြင္း ေနရာ(၁၂)တြင္ ဖြင့္လွစ္ခဲ့ရာ သင္တန္းသား၊ သင္တန္းသူ ကေလးငယ္ စုစုေပါင္း (၆၀၀)ေက်ာ္ရွိရာ အေယာက္(၄၀၀)ေက်ာ္မွာ အေရးအဖတ္ေအာင္ျမင္ေၾကာင္း သိရသည္။

"သင္တန္းသား (၆၀၀)ေက်ာ္ထဲမွာ အခု သင္ၾကားေပးမႈေတြထဲက ရွမ္းစာဖတ္သူေရးတတ္သူ အေယာက္(၄၀၀)ေက်ာ္ ထြက္ေပၚခဲ့တယ္ သူတို႔ကို သင္တန္းေအာင္ျမင္သူမ်ားအျဖစ္ ဂုဏ္ျပဳလႊာ၊ ေအာင္လက္မွတ္ နဲ႔ ဆုေငြမ်ား ေပးအပ္ ခ်ီးျမႇင့္ခဲ့ၾကပါတယ္၊ ဒါၿပီးရင္ ဆန္ဆိုင္း(ခ)ရပ္ကြက္ထဲက ၀မ္မိုင္မွာလည္း သင္တန္း ဆင္းပြဲ လုပ္ဖို႔ရွိပါေသးတယ္"ဟု တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ အလုပ္အမႈေဆာင္ အဖြဲ႔၀င္ ဦးစိုင္းႏြံတီြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ အခမ္းအနားသို႔ တာခ်ီလိတ္ၿမိဳ႕နယ္ရွမ္းစာေပႏွင့္ယဥ္ေက်းမႈအသင္းမွ နာယကအဖြဲ႔၀င္ ဦးစိုင္းယီဆာ၊ ဦးစိုင္းတီ၊ ဒုတိယဥကၠဌ ဦးစိုင္းမိုင္ ႏွင့္ အလုပ္အမႈေဆာင္အဖြဲ႔၀င္မ်ား၊ သင္တန္းသား၊ သင္တန္းသူမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရွိရသည္။

ဓါတ္ပံု - SNT



~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ခဲ့သည့် နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှု သင်တန်း (၁၂)ခု၏ သင်တန်းဆင်းပွဲနှင့် သင်တန်းဆင်းလက်မှတ် ပေးအပ်ချီးမြှင့်ပွဲကို ၂၀၁၈ခုနှစ် မေလ(၇)ရက်နေ့ နံနက်ပိုင်းက မိုင်းကိုးကျေးရွာအုပ်စု၊ ဆန်ဆိုင်းရွာတွင်းရှိ ဘုန်းကြီးကျောင်းအတွင်း၌ ကျင်းပ ပြုလုပ်ကြောင်း သိရသည်။

နွေရာသီ ရှမ်းစာပေနှင့် ယဉ်ကျေးမှုသင်တန်းအဖြစ် မိုင်းကိုးကျေးရွာအုပ်စု အတွင်း နေရာ(၁၂)တွင် ဖွင့်လှစ်ခဲ့ရာ သင်တန်းသား၊ သင်တန်းသူ ကလေးငယ် စုစုပေါင်း (၆၀၀)ကျော်ရှိရာ အယောက်(၄၀၀)ကျော်မှာ အရေးအဖတ်အောင်မြင်ကြောင်း သိရသည်။

"သင်တန်းသား (၆၀၀)ကျော်ထဲမှာ အခု သင်ကြားပေးမှုတွေထဲက ရှမ်းစာဖတ်သူရေးတတ်သူ အယောက်(၄၀၀)ကျော် ထွက်ပေါ်ခဲ့တယ် သူတို့ကို သင်တန်းအောင်မြင်သူများအဖြစ် ဂုဏ်ပြုလွှာ၊ အောင်လက်မှတ် နဲ့ ဆုငွေများ ပေးအပ် ချီးမြှင့်ခဲ့ကြပါတယ်၊ ဒါပြီးရင် ဆန်ဆိုင်း(ခ)ရပ်ကွက်ထဲက ဝမ်မိုင်မှာလည်း သင်တန်း ဆင်းပွဲ လုပ်ဖို့ရှိပါသေးတယ်"ဟု တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးစိုင်းနွံတွီက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ အခမ်းအနားသို့ တာချီလိတ်မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ နာယကအဖွဲ့ဝင် ဦးစိုင်းယီဆာ၊ ဦးစိုင်းတီ၊ ဒုတိယဥက္ကဌ ဦးစိုင်းမိုင် နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ - SNT 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~