တာလေမြို့ နားယောင်းကျေးရွာအုပ်စုတွင် ယခုနှစ်အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဧက ၃၀၀ စံပြစိုက်ခင်း ဖေါ်ဆောင်ရန် သင်တန်းပေး

တာလေမြို့ နားယောင်းကျေးရွာအုပ်စုတွင် ယခုနှစ်အတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဧက ၃၀၀ စံပြစိုက်ခင်း ဖေါ်ဆောင်ရန် သင်တန်းပေး
မေ 31, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလေမြို့၊ နားယောင်းကျေးရွာအုပ်စု၊ ရန်အောင်ရွာတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဧက (၃၀၀) စံပြစိုက်ခင်း ဖေါ်ဆောင်ရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းကို အဆိုပါ ကျေးရွာတွင် ပြုလုပ်ကြောင်း သိရသည်။



အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တာလေမြို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ပါလျှံဥယျာဉ်ခြံ တာဝန်ခံ ဒေါ်နွယ်နွယ်အောင်၊ တာလေမြို့ ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးသိန်းရွှေ၊ ခရိုင်မြေ အသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဌေး၊ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ တာလမြေို့၊ နားယောင်းကျေးရွာအုပ်စု၊ ရန်အောင်ရွာတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဧက (၃၀၀) စံပြစိုက်ခင်း ဖော်ဆောင်ရန် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေး သင်တန်းကို အဆိုပါ ကျေးရွာတွင် ပြုလုပ်ကြောင်း သိရသည်။

တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၁၈)ကို ၂၀၁၈ ခုနှစ် မေလ (၂၉)ရက်နေ့ကပို့ချရာ ဒေသခံတောင်သူ (၅၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

သင်တန်းတွင် စပါးအထွက်တိုးစေမည့် နည်းပညာများ၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနှင့် လိုက်နာ ဆောင်ရွက်ရမည့် နည်းလမ်းများ၊ တောင်သူတစ်နိုင်တစ်ပိုင် မျိုးကောင်းမျိုးသန့် စိုက်ပျိုး ထုတ်လုပ်ခြင်း နည်းပညာ၊ စပါးပျိုးသက်နု၊ ကောက်ကွက်ကြဲစိုက်ပျိုးနည်းပညာ၊ မြေချဉ်ငံ သဘောတရားများနှင့် လက်တွေ့ တိုင်းတာခြင်း နည်းပညာများ၊ ဘက်စုံပိုးမွှား ရောဂါ ကာကွယ် နှိမ်နှင်းနည်းနှင့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲခြင်း နည်းပညာတို့ကို စာတွေ့၊လက်တွေ့ သင်ကြား ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တာလမြေို့အုပ်ချုပ်ရေးမှူး ဦးခွန်စိုးသူ၊ တာချီလိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးလှဝင်း၊ ပါလျှံဥယျာဉ်ခြံ တာဝန်ခံ ဒေါ်နွယ်နွယ်အောင်၊ တာလမြေို့ ဦးစီးမှူး ဦးလွှမ်းမိုးသူ၊ ကျိုင်းလပ်မြို့ ဦးစီးမှူး ဦးသိန်းရွှေ၊ ခရိုင်မြေ အသုံးချရေး တာဝန်ခံ ဒေါ်မြဥမ္မာ၊ ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ဌေး၊ နားယောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဒေးဗစ်တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဓာတ်ပုံ - စိုက်ပျိုးရေး

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~