တာခ်ီလိတ္တြင္ ဆိုင္ကယ္အား ကားျဖင့္ အေနာက္က ၀င္တိုက္မိရာမွ အမ်ဳိးသမီးတစ္ဦး ေသဆံုး

တာခ်ီလိတ္တြင္ ဆိုင္ကယ္အား ကားျဖင့္ အေနာက္က ၀င္တိုက္မိရာမွ အမ်ဳိးသမီးတစ္ဦး ေသဆံုး
မေ 5, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာ၊ တာခ်ီလိတ္ - တာေလသြားလမ္းေပၚတြင္ ယာဥ္တိုက္မႈျဖစ္ပြားရာမွ ဆိုင္ကယ္ေပၚမွ အမ်ဳိးသမီးတစ္ဦး ေနရာတြင္ ေသဆံုးသြားမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေမလ(၄)ရက္ေန႔ ညပိုင္းက တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းကိုးေက်းရြာအုပ္စု၊ ဆီလီေငါ့ေက်းရြာရွိ ဦးလံုးခံု၏ အိမ္ေရွ႕တြင္ အသက္(၃၅)ႏွစ္၀န္းက်င္ရွိ မနန္းဟြမ္သည္ ဆိုင္ကယ္ေပၚ ခြရပ္လွ်က္ ထြက္ရန္ ျပဳေနစဥ္ တာခ်ီလိတ္ဘက္မွ တာေလၿမိဳ႕ဘက္သို႔ အသက္(၅၆)ႏွစ္္၀န္းက်င္ရွိ ေလာက္ကြယ္(ခ)ခင္ေမာင္ ေမာင္းလာေသာ ကားမွ အေနာက္က ၀င္ေရာက္ တိုက္မိရာက  ဆိုင္ကယ္ႏွင့္လူမွာ တရြတ္တိုက္ ပါသြားေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ႏွင့္လူမွာ တရြတ္တိုက္ ပါသြားမႈေၾကာင့္ မနန္းဟြမ္၏ ဦးေခါင္းတြင္ ပြင့္ထြက္ရာ ဒဏ္ရာရရွိကာ အခင္းျဖစ္ပြားရာ ေနရာတြင္ ေသဆံုးသြားျခင္း ျဖစ္ေၾကာင္း သိရသည္။

ယာဥ္တိုက္မႈျဖစ္ပြားရာ ေနရာသို႔ အမွတ္(၁၁၇) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု၊ တာခ်ီလိတ္မွ တပ္ဖြဲ႕၀င္မ်ားက သြားေရာက္ စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီး ေသဆံုးသူ၏ ရုပ္အေလာင္းအား တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တာခ်ီလိတ္ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

ယင္းကဲ့သို႔ ျဖစ္ပြားမႈေၾကာင့္ ယာဥ္ေမာင္းသူ ေလာက္ကြယ္(ခ)ခင္ေမာင္အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁၄/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၂၇၉/၃၀၄-ကျဖင့္ အမႈဖြင့္ အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာ၊ တာချီလိတ် - တာလေသွားလမ်းပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆိုင်ကယ်ပေါ်မှ အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလ(၄)ရက်နေ့ ညပိုင်းက တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဆီလီငေါ့ကျေးရွာရှိ ဦးလုံးခုံ၏ အိမ်ရှေ့တွင် အသက်(၃၅)နှစ်ဝန်းကျင်ရှိ မနန်းဟွမ်သည် ဆိုင်ကယ်ပေါ် ခွရပ်လျှက် ထွက်ရန် ပြုနေစဉ် တာချီလိတ်ဘက်မှ တာလမြေို့ဘက်သို့ အသက်(၅၆)နှစ်ဝန်းကျင်ရှိ လောက်ကွယ်(ခ)ခင်မောင် မောင်းလာသော ကားမှ အနောက်က ဝင်ရောက် တိုက်မိရာက ဆိုင်ကယ်နှင့်လူမှာ တရွတ်တိုက် ပါသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်နှင့်လူမှာ တရွတ်တိုက် ပါသွားမှုကြောင့် မနန်းဟွမ်၏ ဦးခေါင်းတွင် ပွင့်ထွက်ရာ ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ အမှတ်(၁၁၇) ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ တာချီလိတ်မှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးမှုများ ပြုလုပ်ပြီး သေဆုံးသူ၏ ရုပ်အလောင်းအား တာချီလိတ်နာရေးကူညီမှုအသင်းမှ တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ယာဉ်မောင်းသူ လောက်ကွယ်(ခ)ခင်မောင်အား တာချီလိတ်မြို့မရဲစခန်းတွင် ယာဉ်(ပ)၁၄/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၀၄-ကဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~