တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နေအိမ်အခန်းငှားအတွင်း အပုပ်နံ့ရ၍ ၀င်ကြည့်ရာမှ အမျိုးသားတစ်ဦး သေဆုံးနေ

တာချီလိတ်မြို့ ပါဆတ်ရပ်ကွက်ရှိ နေအိမ်အခန်းငှားအတွင်း အပုပ်နံ့ရ၍ ၀င်ကြည့်ရာမှ အမျိုးသားတစ်ဦး သေဆုံးနေ
မေ 31, 2018
By Tachileik News Agency

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်အခန်းအတွင်း အပုပ်နံ့ရ၍ ဘေးပတ်ဝန်းကျင်က အခန်းအတွင်းကြည့်ရာမှ အမျိုးသားတစ်ဦး နားကြပ်တပ်ကာ သေဆုံးနေလျက် အနေအထားဖြင့် တွေ့ရှိရ၍ စစ်ဆေးမှုများ ပြုလုပ်ပြီး မေလ(၃၁)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်နာရေးကူညီမှုအသင်းက သဂြိုင်္လ်ပေးလိုက်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလ(၃၀)ရက်နေ့ ည(၉)နာရီ ၀န်းကျင်အချိန်က တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ  နေအိမ်အခန်းငှား၏ အခန်း အမှတ်(၂)တွင် ငှားရမ်းနေထိုင်သူ ကိုလင်းဆိုသူသည်၏ အခန်းအတွင်းမှ အပုပ်နံ့များရနေ၍ ၀င်ရောက်ကြည့်ရမှ ၎င်းအား သေဆုံးနေလျက်ဖြင့် တွေ့ရှိရကြောင်း သိရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှုး ဒုရဲမှူး မျိုးခိုင် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအ၀င် ပါဆတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။




သေဆုံးသူ၏ ဆွေးမျိုးများလည်း ရောက်ရှိလာခြင်း မရှိသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက မေလ(၃၁)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ တဆင့် တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်ကို မီးဂြုင်္ိလ်ပေးခဲ့ကြကြောင်း သိရှိရသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်အတွင်းရှိ နေအိမ်အခန်းအတွင်း အပုပ်နံ့ရ၍ ဘေးပတ်ဝန်းကျင်က အခန်းအတွင်းကြည့်ရာမှ အမျိုးသားတစ်ဦး နားကြပ်တပ်ကာ သေဆုံးနေလျက် အနေအထားဖြင့် တွေ့ရှိရ၍ စစ်ဆေးမှုများ ပြုလုပ်ပြီး မေလ(၃၁)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်နာရေးကူညီမှုအသင်းက သင်္ဂြိုလ်ပေးလိုက်ကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလ(၃၀)ရက်နေ့ ည(၉)နာရီ ဝန်းကျင်အချိန်က တာချီလိတ်မြို့၊ ပါဆတ်ရပ်ကွက်ရှိ နေအိမ်အခန်းငှါး၏ အခန်း အမှတ်(၂)တွင် ငှါးရမ်းနေထိုင်သူ ကိုလင်းဆိုသူသည်၏ အခန်းအတွင်းမှ အပုပ်နံ့များရနေ၍ ဝင်ရောက်ကြည့်ရမှ၎င်းအား သေဆုံးနေလျက်ဖြင့် တွေ့ရှိရကြောင်း သိရှိရ၍ တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှုူး ဒုရဲမှူး မျိုးခိုင် နှင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ပါဆတ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သွားရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိ်ရသည်။

အဆိုပါ အဖွဲ့မှ သွားရောက် ကြည့်ရှု စစ်ဆေးမှုများ ပြုလုပ်ရာတွင် အခန်းတွင် ငှါးရမ်းနေထိုင်သူ ကိုလင်းဆိုသူသည်၎င်း၏ အခန်းအတွင်း ခြင်ထောင် ထောင်ထားသော ခုတင်ပေါ်၌ နားတွင် နားကြပ်တပ်လျှက် အနေအထားဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

သေဆုံးသူ ကိုလင်းဆိုသူသည် အရက်အလွန်အကျွံသောက်စားတတ်သူဖြစ်ကြောင်း နှင့် အခန်းအတွင်းမှ အပုပ်နံ့ရသဖြင့် ရှေ့တံခါးမကြီးအား တွန်းကြည့်သော်လည်း အခန်းအတွင်းမှ ဂျက်ထိုးထားသဖြင့် အိမ်နောက်ဘေးသို့ သွားရောက်ကာ ဖွင့်ထားသည့် ပြူတင်းပေါက်မှ တဆင့် လှမ်းကြည့်ရာက သေဆုံးနေသည်ကို တွေ့ရှိရခြင်း ဖြစ်ကြောင်း နေအိမ်လိုင်းခန်း တာဝန်ထံ၏ ပြောပြချက်အရ သိရှိရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူအား အရက်သောက်စားမူးယစ်ပြီး ခုတင်ပေါ်တွင် ဖုန်းနားကြပ်တက်ကာ သီချင်းနားထောင်၍ လေပန်ကာဖွင့်လျှက်ဖြင့် အိပ်ပျော်သွားရာမှ အအေးပတ်ကာ ဦးနှောက်သွေးကြောပြတ်၍ သေဆုံးခြင်း ဖြစ်ကြောင်း နှင့် သေမှုသေခင်းအရ တာချီလိတ်မြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၂/၂၀၁၈ဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း တာချီလိတ်မြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူ၏ ဆွေးမျိုးများလည်း ရောက်ရှိလာခြင်း မရှိသည့်အတွက် တာချီလိတ်နာရေးကူညီမှုအသင်းက မေလ(၃၁)ရက်နေ့ နေ့လည်(၁)နာရီခွဲဝန်းကျင်အချိန်က တာချီလိတ်ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံမှ တဆင့် တာချီလိတ်မြို့မသုသာန်သို့ ပို့ဆောင်ကို မီးင်္ဂြိုလ်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~