တာချီလိတ်တွင် ပထမဆုံးအဖြစ် ပြည်သူ့စကားဝိုင်း ပြုလုပ်မည်၊ မည်သူမဆို လာရောက်လေ့လာကာ လွတ်လပ်စွာ ဆွေးနွေးနိုင်

တာချီလိတ်တွင် ပထမဆုံးအဖြစ် ပြည်သူ့စကားဝိုင်း ပြုလုပ်မည်၊ မည်သူမဆို လာရောက်လေ့လာကာ လွတ်လပ်စွာ ဆွေးနွေးနိုင်
မေ 1, 2018
By Tachileik News Agency


တာချီလိတ်တွင် ပထမဆုံးအနေဖြင့် "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့်ကျင်းပမည့် အဆိုပါ ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင် နှင့် ဥက္ကဌ ဦးထိန်မင်း၊ အထက(ဟောင်လိတ်)ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးတို့မှ ပင်တိုင်ဆွေးနွေးကြမည်ဖြစ်ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ လာရောက်သည့် မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။


ပြည်သူ့စကားဝိုင်းအား တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး တာချီလိတ်တွင် ပထမဆုံးအနေဖြင့် "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့် ၂၀၁၈ခုနှစ် မေလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပပြုလုပ်မည့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ မည်သူမဆို တက်ရောက်လေ့လာပြီး ဆွေးနွေးနိုင်ကြောင်း သိရသည်။

တာချီလိတ်တွင် ပထမဆုံးအနဖြေင့် "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့်ကျင်းပမည့် အဆိုပါ ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ တာချီလိတ်ခရိုင်ဥပဒေအရာရှိ ဦးသိန်းထွန်း၊ တာချီလိတ်မြို့နယ် စာရေးဆရာအသင်း နာယက ဒေါက်တာမြင့်အောင် နှင့် ဥက္ကဌ ဦးထိန်မင်း၊ အထက(ဟောင်လိတ်)ကျောင်းအုပ် ဆရာမကြီး ဒေါ်စန်းစန်းအေးတို့မှ ပင်တိုင်ဆွေးနွေးကြမည်ဖြစ်ရာ အဆိုပါ စကားဝိုင်းဆွေးနွေးပွဲသို့ လာရောက်သည့် မည်သူမဆို လွတ်လပ်စွာ ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

"ယခုလို ပြည်သူ့ စကားဝိုင်း ဆွေးနွေးပွဲများကို ဒီမိုကရေစီခေတ်မှာ အစိုးရနဲ့ ပြည်သူများအကြား ဆွေးနွေးတိုင်ပင်နိုင်ဖို့၊ ပြည်သူများရဲ့ ဘဝဖြတ်သန်းမှု အကြောင်းကိစ္စတွေကို ဆွေးနွေး ပြောကြားနိုင်တဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ဖို့၊ ပြည်သူလူထုရဲ့ စဉ်းစားတွေးခေါ်မှု မြင့်မားလာစေဖို့၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်တဲ့ အလေ့အထကောင်းများ လေ့ကျင့်ပေးဖို့ စတဲ့ ကောင်းမွန်းတဲ့ ရည်ရွယ်ချက်များနဲ့ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးလှဌေးက ပြောသည်။

ပြည်သူ့စကားဝိုင်းအား တာချီလိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျင်းပ ပြုလုပ်ခြင်းဖြစ်ပြီး တာချီလိတ်တွင် ပထမဆုံးအနဖြေင့် "လူငယ်နှင့်အနာဂတ်"ခေါင်းစဉ်ဖြင့် ၂၀၁၈ခုနှစ် မေလ(၄)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် တာချီလိတ်မြို့ရှိ အောင်မြတ်ခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး ဆက်လက်၍လည်း မြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~