သူနာျပဳ/သားဖြား ဒီပလိုမာ ႏွင့္ သားဖြားဒီပလိုမာ သင္တန္းမ်ား ဇူလိုင္လ ၁၆ ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္

သူနာျပဳ/သားဖြား ဒီပလိုမာ ႏွင့္ သားဖြားဒီပလိုမာ သင္တန္းမ်ား ဇူလိုင္လ ၁၆ ရက္ေန႔ ေနာက္ဆံုး ေလွ်ာက္ထားႏုိင္
မေ 30, 2018
By Tachileik News Agency

၂၀၁၈ - ၂၀၁၉ ပညာသင္ႏွစ္အတြက္ သူနာျပဳ/သားဖြားဒီပလိုမာ သံုးႏွစ္သင္တန္းႏွင့္ သားဖြားဒီပလိုမာ (၂)ႏွစ္ သင္တန္းသို႔ ေလွ်ာက္ထား လိုသူမ်ားအေနျဖင့္ ၂၀၁၈ ခုႏွစ္ ဇူလုိင္လ (၁၆)ရက္ေန႔ ေနာက္ဆံုး ထား၍ ရွမ္းျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန(သူနာျပဳဌာန)သို႔ ေလွ်ာက္ထားႏုိင္ေၾကာင္း သိရသည္။

အဆုိပါ သင္တန္းမ်ား အတြက္ တကၠသိုလ္ဝင္တန္းေအာင္ရမွတ္မ်ားမွ ျမန္မာစာ၊ အဂၤလိပ္စာႏွင့္ သခ်ၤာ (၃)ဘာသာ၏ ရမွတ္ေပါင္းကို အေျခခံ၍ ေရြးခ်ယ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

သင္တန္းဝင္ခြင့္ ေလွ်ာက္လႊာမ်ားကို သက္ဆုိိင္ရာ တုိင္းေဒသႀကီး/ ျပည္နယ္ျပည္သူ႔ က်န္းမာေရး ဦးစီးဌာနသို႔ လိပ္မူ၍ ေလွ်ာက္ထားရမည္ျဖစ္ေၾကာင္း သိရသည္။

ေလွ်ာက္လႊာပိတ္ရက္တြင္ ေလွ်ာက္ထားသူအေနျဖင့္ အသက္ (၂၅)ႏွစ္ထက္ မႀကီးရဘဲ ၂၀၁၈ ခုႏွစ္ မတုိင္မီ တကၠသိုလ္ဝင္တန္းေအာင္ျမင္သူမ်ားသာ ေလွ်ာက္ထားရမည္ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္ မတ္လတြင္ ေျဖဆိုေအာင္ျမင္သူမ်ား ေလွ်ာက္ထားခြင့္ မျပဳေၾကာင္း သိရသည္။

ေလွ်ာက္ထားလိုသူမ်ား အတြက္ အရည္အခ်င္း သတ္မွတ္ခ်က္တြင္ ျမန္မာႏုိင္ငံသားျဖစ္သူ၊ ျပစ္မႈ ကင္းရွင္းသူ၊ အက်င့္စာရိတၱ ေကာင္းမြန္သူ၊ အိမ္ေထာင္မရိွသူ၊ အနည္းဆံုး အရပ္ငါးေပရိွသူ၊ က်န္းမာေရး ေကာင္းမြန္သူ၊ သင္တန္းေအာင္ျမင္ၿပီးဆံုးသည္အထိ တက္ႏုိင္သူ၊ သင္တန္းတက္ေရာက္စဥ္ကာလတြင္ ပညာသင္ေထာက္ပံ့ေၾကး တစ္လလွ်င္ က်ပ္သံုးေသာင္းခ်ီးျမႇင့္မည္ျဖစ္ၿပီး သင္တန္းကာလအတြင္း သင္တန္းစည္းကမ္း ေဖါက္ဖ်က္လွ်င္ ေလ်ာ္ေၾကးေငြအျဖစ္ သူနာျပဳသားဖြားဒီပလိုမာ (၃)ႏွစ္သင္တန္း အတြက္ က်ပ္(၈)သိန္း၊ ဘက္စံုသားဖြားဒီပလိုမာ(၂)ႏွစ္သင္တန္းအတြက္ က်ပ္(၃)သိန္း ေပးေလ်ာ္ႏုိင္သူ ျဖစ္ရမည္ဟု ေဖၚျပထားသည္။

ေလွ်ာက္ထားရာတြင္ ျမန္မာႏုိင္ငံ စာစစ္အဖြဲ႕မွ ထုတ္ေပးသည့္ တကၠသိုလ္ဝင္တန္း စာေမးပြဲ ေအာင္လက္မွတ္ မိတၱဴ(၁)ေစာင္၊ အမွတ္စာရင္း မိတၱဴ(၁)ေစာင္၊ ႏုိင္ငံသားစိစစ္ေရးကတ္ျပား မိတၱဴ(၁)ေစာင္၊ ျပစ္မႈ ကင္းရွင္းေၾကာင္း ရဲစခန္းေထာက္ခံစာမူရင္း (၁)ေစာင္၊ အိမ္ေထာင္ မရိွသူျဖစ္ေၾကာင္း သက္ဆုိင္ရာ ၿမိဳ႕နယ္၊ ရပ္ကြက္/ေက်းရြာ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး/အတြင္းေရးမွဴး၏ ေထာက္ခံစာ မူရင္း (၁)ေစာင္၊ က်န္းမာေရးေကာင္းမြန္ေၾကာင္း ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွဴး/ ကုသေရး ဦးစီးဌာနမွဴး၏ ေဆးေထာက္ခံစာမူရင္း (၁)ေစာင္၊ ဌာနဆုိင္ရာဝန္ထမ္းျဖစ္လွ်င္ သင္တန္း တက္ေရာက္ခြင့္ ရပါက ရာထူးမွ ႏႈတ္ထြက္ခြင့္ျပဳမည္ျဖစ္ေၾကာင္း သက္ဆုိင္ရာအႀကီးအကဲ၏ ေထာက္ခံစာမူရင္း(၁)ေစာင္၊ ေလွ်ာက္လႊာပံုစံတြင္ လုိင္စင္ဓါတ္ပံု (၁)ပံုကပ္ၿပီး ႏွစ္ပံုပူးတြဲပို႔ေပးရန္ႏွင့္ ဓါတ္ပံုေနာက္ေက်ာ္တြင္ ေလွ်ာက္ထားသူအမည္၊ မွတ္ပံုတင္၊ မိဘအမည္ႏွင့္ ေနရပ္မ်ား ေရးသားေပးရန္ လိုအပ္မည္ျဖစ္ေၾကာင္း သိရသည္။


~~~~~~~~⊰❂ unicode ~~~~~~~~

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်အတွက် သူနာပြု/သားဖွားဒီပလိုမာ သုံးနှစ်သင်တန်းနှင့် သားဖွားဒီပလိုမာ (၂)နှစ် သင်တန်းသို့ လျှောက်ထား လိုသူများအနဖြေင့် ၂၀၁၈ ခုနှစ် ဇူလိုင်လ (၁၆)ရက်နေ့ နောက်ဆုံး ထား၍ ရှမ်းပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန(သူနာပြုဌာန)သို့ လျှောက်ထားနိုင်ကြောင်း သိရသည်။

အဆိုပါ သင်တန်းများ အတွက် တက္ကသိုလ်ဝင်တန်းအောင်ရမှတ်များမှ မြန်မာစာ၊ အင်္ဂလိပ်စာနှင့် သင်္ချာ (၃)ဘာသာ၏ ရမှတ်ပေါင်းကို အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းဝင်ခွင့် လျှောက်လွှာများကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနသို့ လိပ်မူ၍ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

လျှောက်လွှာပိတ်ရက်တွင် လျှောက်ထားသူအနဖြေင့် အသက် (၂၅)နှစ်ထက် မကြီးရဘဲ ၂၀၁၈ ခုနှစ် မတိုင်မီ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများသာ လျှောက်ထားရမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ်လတွင် ဖြေဆိုအောင်မြင်သူများ လျှောက်ထားခွင့် မပြုကြောင်း သိရသည်။

လျှောက်ထားလိုသူများ အတွက် အရည်အချင်း သတ်မှတ်ချက်တွင် မြန်မာနိုင်ငံသားဖြစ်သူ၊ ပြစ်မှု ကင်းရှင်းသူ၊ အကျင့်စာရိတ္တ ကောင်းမွန်သူ၊ အိမ်ထောင်မရှိသူ၊ အနည်းဆုံး အရပ်ငါးပေရှိသူ၊ ကျန်းမာရေး ကောင်းမွန်သူ၊ သင်တန်းအောင်မြင်ပြီးဆုံးသည်အထိ တက်နိုင်သူ၊ သင်တန်းတက်ရောက်စဉ်ကာလတွင် ပညာသင်ထောက်ပံ့ကြေး တစ်လလျှင် ကျပ်သုံးသောင်းချီးမြှင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း သင်တန်းစည်းကမ်း ဖောက်ဖျက်လျှင် လျော်ကြေးငွေအဖြစ် သူနာပြုသားဖွားဒီပလိုမာ (၃)နှစ်သင်တန်း အတွက် ကျပ်(၈)သိန်း၊ ဘက်စုံသားဖွားဒီပလိုမာ(၂)နှစ်သင်တန်းအတွက် ကျပ်(၃)သိန်း ပေးလျော်နိုင်သူ ဖြစ်ရမည်ဟု ဖော်ပြထားသည်။

လျှောက်ထားရာတွင် မြန်မာနိုင်ငံ စာစစ်အဖွဲ့မှ ထုတ်ပေးသည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်လက်မှတ် မိတ္တူ(၁)စောင်၊ အမှတ်စာရင်း မိတ္တူ(၁)စောင်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူ(၁)စောင်၊ ပြစ်မှု ကင်းရှင်းကြောင်း ရဲစခန်းထောက်ခံစာမူရင်း (၁)စောင်၊ အိမ်ထောင် မရှိသူဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အထွေထွေအုပ်ချုပ်ရေးမှူး/အတွင်းရေးမှူး၏ ထောက်ခံစာ မူရင်း (၁)စောင်၊ ကျန်းမာရေးကောင်းမွန်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး/ ကုသရေး ဦးစီးဌာနမှူး၏ ဆေးထောက်ခံစာမူရင်း (၁)စောင်၊ ဌာနဆိုင်ရာဝန်ထမ်းဖြစ်လျှင် သင်တန်း တက်ရောက်ခွင့် ရပါက ရာထူးမှ နှုတ်ထွက်ခွင့်ပြုမည်ဖြစ်ကြောင်း သက်ဆိုင်ရာအကြီးအကဲ၏ ထောက်ခံစာမူရင်း(၁)စောင်၊ လျှောက်လွှာပုံစံတွင် လိုင်စင်ဓာတ်ပုံ (၁)ပုံကပ်ပြီး နှစ်ပုံပူးတွဲပို့ပေးရန်နှင့် ဓာတ်ပုံနောက်ကျော်တွင် လျှောက်ထားသူအမည်၊ မှတ်ပုံတင်၊ မိဘအမည်နှင့် နေရပ်များ ရေးသားပေးရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~