တစ္ရက္တည္းတြင္ ယာခင္းအတြင္း မိုးႀကိဳးပစ္ခံရ၍ အမ်ဳိးသားႏွစ္ဦးေသဆံုးမႈ နမ့္စန္တြင္ ျဖစ္ပြား

တစ္ရက္တည္းတြင္ ယာခင္းအတြင္း မိုးႀကိဳးပစ္ခံရ၍ အမ်ဳိးသားႏွစ္ဦးေသဆံုးမႈ နမ့္စန္တြင္ ျဖစ္ပြား
မေ 24, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) နမ့္စန္ၿမိဳ႕နယ္၊ အမွတ္(၉)ေက်း႐ြာႏွင့္ လြယ္ဆိုင္းေက်း႐ြာအနီးရိွ ယာခင္းတြင္ ၂၀၁၈ ခုႏွစ္ ေမလ (၂၃)ရက္ေန႔က မိုးႀကိဳးပစ္ခံရ၍ အမ်ိဳးသား (၂)ဦး ေသဆံုးသြားေၾကာင္း သိရသည္။

နမ့္စန္ၿမိဳ႕နယ္၊ အမွတ္(၉)ေက်း႐ြာအေရွ႕ဘက္ ႏွစ္ဖာလံုခန္႔အကြာရိွ ယာခင္းအတြင္း လက္ပံပင္ေအာက္၌ အသက္ (၂၅)ႏွစ္အရြယ္ အုိက္ကံသည္ ေန႔လယ္ (၁၂)နာရီခြဲဝန္းက်င္၌ ခႏၶာကိုယ္တြင္ မိုးႀကိဳးထိမွန္သည့္ ဒဏ္ရာမ်ား၊ အနီးတြင္ မီးေလာင္ကၽြမ္းထားသည့္ လက္ကိုင္ဖုန္းတစ္လံုးတို႔အား အခင္းျဖစ္ေနရာသို႔ သြားေရာက္စစ္ေဆးသည့္ နမ့္စန္ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး တင္ေမာင္ေဆြ ဦးစီးအဖြဲ႕က စစ္ေဆးေတြ႔ရသျဖင့္ အေလာင္းအား နမ့္စန္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ယင္းေန႔ ေန႔လယ္ (၂)နာရီအခ်ိန္တြင္ နမ့္စန္ၿမိဳ႕နယ္၊ လြယ္ဆိုင္းေက်း႐ြာအနီး အမွတ္(၇) ေက်ာက္ေတာင္၏ အေနာက္ဘက္ ႏွစ္ဖာလုံခန္႔အကြာရွိယာခင္းအတြင္း၌ အသက္ (၂၂)ႏွစ္အရြယ္ အိုက္က်ိန္ကို မိုးႀကိဳးထိမွန္ထားသည့္ ဒဏ္ရာမ်ားျဖင့္ ေသဆံုးေနသည္ကို ၿမိဳ႕မရဲတပ္ဖြဲ႕က စစ္ေဆးေတြ႔ရိွခဲ့ရသျဖင့္ အေလာင္းအား နမ့္စန္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ေၾကာင္း သိရသည္။

အိုက္ကံေသဆုံးမႈကို ေသမႈေသခင္း အမွတ္စဥ္ (၁၁/ ၂၀၁၈)ျဖင့္ လည္းေကာင္း အုိက္က်ိန္ေသဆံုးမႈကို ေသမႈေသခင္း အမွတ္စဥ္ (၁၂/၂၀၁၈)ျဖင့္ နမ့္စန္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ထားေၾကာင္းသိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပံု - ျပည္ထဲေရး 


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်မြို့နယ်၊ အမှတ်(၉)ကျေးရွာနှင့် လွယ်ဆိုင်းကျေးရွာအနီးရှိ ယာခင်းတွင် ၂၀၁၈ ခုနှစ် မေလ (၂၃)ရက်နေ့က မိုးကြိုးပစ်ခံရ၍ အမျိုးသား (၂)ဦး သေဆုံးသွားကြောင်း သိရသည်။

နမ့်စန်မြို့နယ်၊ အမှတ်(၉)ကျေးရွာအရှေ့ဘက် နှစ်ဖာလုံခန့်အကွာရှိ ယာခင်းအတွင်း လက်ပံပင်အောက်၌ အသက် (၂၅)နှစ်အရွယ် အိုက်ကံသည် နေ့လယ် (၁၂)နာရီခွဲဝန်းကျင်၌ ခန္ဓာကိုယ်တွင် မိုးကြိုးထိမှန်သည့် ဒဏ်ရာများ၊ အနီးတွင် မီးလောင်ကျွမ်းထားသည့် လက်ကိုင်ဖုန်းတစ်လုံးတို့အား အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးသည့် နမ့်စန်မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်ဆွေ ဦးစီးအဖွဲ့က စစ်ဆေးတွေ့ရသဖြင့် အလောင်းအား နမ့်စန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ နေ့လယ် (၂)နာရီအချိန်တွင် နမ့်စန်မြို့နယ်၊ လွယ်ဆိုင်းကျေးရွာအနီး အမှတ်(၇) ကျောက်တောင်၏ အနောက်ဘက် နှစ်ဖာလုံခန့်အကွာရှိယာခင်းအတွင်း၌ အသက် (၂၂)နှစ်အရွယ် အိုက်ကျိန်ကို မိုးကြိုးထိမှန်ထားသည့် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို မြို့မရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရသဖြင့် အလောင်းအား နမ့်စန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အိုက်ကံသေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် (၁၁/ ၂၀၁၈)ဖြင့် လည်းကောင်း အိုက်ကျိန်သေဆုံးမှုကို သေမှုသေခင်း အမှတ်စဉ် (၁၂/၂၀၁၈)ဖြင့် နမ့်စန်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်းသိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓာတ်ပုံ - ပြည်ထဲရေး 

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~