မိုင္းျဖတ္ - မိုင္းေယာင္းအသြားလမ္းရွိ ေခ်ာက္ထဲတြင္ ယာဥ္တစ္စီးတိမ္းေမွာက္ၿပီး ပုပ္ပြေသဆံုးေနသည့္ သံဃာေတာ္တစ္ပါး၏ ရုပ္အေလာင္းအား ေတြ႔ရွိ

မိုင္းျဖတ္ - မိုင္းေယာင္းအသြားလမ္းရွိ ေခ်ာက္ထဲတြင္ ယာဥ္တစ္စီးတိမ္းေမွာက္ၿပီး ပုပ္ပြေသဆံုးေနသည့္ သံဃာေတာ္တစ္ပါး၏ ရုပ္အေလာင္းအား ေတြ႔ရွိ
မေ 12, 2018
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) မိုင္းျဖတ္ - မိုင္းေယာင္း သြား ကားလမ္းေပၚရွိ ေခ်ာက္အတြင္းသို႔ ယာဥ္တစ္စီး ထိုးက်ေနမႈႏွင့္အတူ ပုပ္ပြေသဆံုးေနသည့္ သံဃာေတာ္တစ္ပါး၏ ရုပ္အေလာင္းတို႔အား ေမလ(၁၂)ရက္ေန႔ နံနက္ပိုင္းက ေတြ႔ရွိရေၾကာင္း သိရသည္။

မိုင္းျဖတ္ - မိုင္းေယာင္းသြားလမ္း  မိုင္တိုင္(၃၉)ႏွင့္(၄၀)အၾကား၊ မိုင္းေယာင္းၿမိဳ႕နယ္ မုန္းလိုက္ ေက်းရြာအုပ္စု၊ ၀မ္ဖရြာအနီး အနက္ေပ(၃၀၀)ေက်ာ္ရွိ ေခ်ာက္အတြင္း၌ ကားတစ္စီး ေတြ႔ရွိရေၾကာင္း သတင္းေပးခ်က္အရ  ၂၀၁၈ခုႏွစ္ ေမလ(၁၂)ရက္ေန႔ နံနက္အေစာပိုင္း၌ မိုင္းေယာင္း ရဲတပ္ဖြဲ႔ႏွင့္ တာ၀န္ရွိသူမ်ားက သြားေရာက္ၾကည့္ရႈစစ္ေဆးရာတြင္ မတ္တူးအမ်ဳိးအစား ေမာ္ေတာ္ယာဥ္ အျဖဴေရာင္မွာ ေဘးတစ္ျခမ္း တိမ္းေမွာက္ကာ ေၾကေမြပ်က္စီးေနသည္ကို ေတြ႔ရွိရေၾကာင္း သိရသည္။

ဆက္လက္၍ အနီး၀န္းက်င္သို႔ ၾကည့္ရႈစစ္ေဆးရာတြင္ ယာဥ္၏ ေရွ႕တည့္တည့္၌  ဦးေခါင္းႏွင့္ခႏၶာကိုယ္ နစ္ျမႇပ္ေနၿပီး ဘယ္ဘက္ေပါင္တစ္ျခမ္းေပၚလ်က္ အေနအထားျဖင့္ ပုပ္ပြေသဆံုးေနသည့္ သံဃာေတာ္ တစ္ပါးအား စစ္ေဆးေတြ႔ရွိၿပီး အနီး၀န္းက်င္တြင္ ျပဳတ္က်ေနေသာ သာသနာ၀င္စိစစ္ေရးကတ္ျပားအား ေတြ႔ရွိရာတြင္ ပုပ္ပြေသဆံုးေနသူမွာ သက္ေတာ္(၄၈)ႏွစ္ရွိ ဆရာေတာ္ ဦးပညိႏၵျဖစ္ၿပီး ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ဆရာေတာ္သည္ လက္ရွိတြင္ မိုင္းေယာင္းၿမိဳ႕နယ္၊ မုန္းလိုက္ ေက်းရြာအုပ္စုရွိ မိုင္းေဟာ့ေက်းရြာဘုန္းႀကီးေက်ာင္းတြင္ ေက်ာင္းထိုင္သီတင္းသံုးေနျခင္းျဖစ္ၿပီး ၎သည္ ေမာ္ေတာ္ယာဥ္အား ကိုယ္တိုင္ေမာင္း၍ တာခ်ီလိတ္သို႔ တစ္ပါးတည္း ထြက္ခြာသြားၿပီးေနာက္ တာခ်ီလိတ္တြင္ (၂)လေက်ာ္ သီတင္းသံုးၿပီး မိုင္းေယာင္းသို႔ ျပန္လာခဲ့ေသာ္လည္း အဆက္အသြယ္ျပတ္ၿပီး မိုင္းေဟာ့ေက်းရြာဘုန္းႀကီးေက်ာင္းသို႔ ျပန္မေရာက္သည္မွာ ရက္(၂၀)၀န္းက်င္ရွိၿပီးျဖစ္ေၾကာင္း မိုင္းေယာင္း ရဲတပ္ဖြဲ႔၏ စံုစမ္းစစ္ေဆးခ်က္အရ သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မိုင္းေယာင္းၿမိဳ႕မရဲစခန္းတြင္ ယာဥ္(ပ)၁/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၃၀၄(က)ျဖင့္ အမႈဖြင့္လွစ္ထားေၾကာင္း သိရသည္။

သတင္း - #စိုင္းေဇယ်ာ
ဓါတ္ပံု - မိုင္းေယာင္း ေထြ/အုပ္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ် - မိုင်းယောင်း သွား ကားလမ်းပေါ်ရှိ ချောက်အတွင်းသို့ ယာဉ်တစ်စီး ထိုးကျနေမှုနှင့်အတူ ပုပ်ပွသေဆုံးနေသည့် သံဃာတော်တစ်ပါး၏ ရုပ်အလောင်းတို့အား မေလ(၁၂)ရက်နေ့ နံနက်ပိုင်းက တွေ့ရှိရကြောင်း သိရသည်။

မိုင်းဖြတ် - မိုင်းယောင်းသွားလမ်း  မိုင်တိုင်(၃၉)နှင့်(၄၀)အကြား၊ မိုင်းယောင်းမြို့နယ် မုန်းလိုက် ကျေးရွာအုပ်စု၊ ဝမ်ဖရွာအနီး အနက်ပေ(၃၀၀)ကျော်ရှိ ချောက်အတွင်း၌ ကားတစ်စီး တွေ့ရှိရကြောင်း သတင်းပေးချက်အရ  ၂၀၁၈ခုနှစ် မေလ(၁၂)ရက်နေ့ နံနက်အစောပိုင်း၌ မိုင်းယောင်း ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးရာတွင် မတ်တူးအမျိုးအစား မော်တော်ယာဉ် အဖြူရောင်မှာ ဘေးတစ်ခြမ်း တိမ်းမှောက်ကာ ကြေမွေပျက်စီးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

ဆက်လက်၍ အနီးဝန်းကျင်သို့ ကြည့်ရှုစစ်ဆေးရာတွင် ယာဉ်၏ ရှေ့တည့်တည့်၌  ဦးခေါင်းနှင့်ခန္ဓာကိုယ် နစ်မြှပ်နေပြီး ဘယ်ဘက်ပေါင်တစ်ခြမ်းပေါ်လျက် အနေအထားဖြင့် ပုပ်ပွသေဆုံးနေသည့် သံဃာတော် တစ်ပါးအား စစ်ဆေးတွေ့ရှိပြီး အနီးဝန်းကျင်တွင် ပြုတ်ကျနေသော သာသနာဝင်စိစစ်ရေးကတ်ပြားအား တွေ့ရှိရာတွင် ပုပ်ပွသေဆုံးနေသူမှာ သက်တော်(၄၈)နှစ်ရှိ ဆရာတော် ဦးပညိန္ဒဖြစ်ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆရာတော်သည် လက်ရှိတွင် မိုင်းယောင်းမြို့နယ်၊ မုန်းလိုက် ကျေးရွာအုပ်စုရှိ မိုင်းဟော့ကျေးရွာဘုန်းကြီးကျောင်းတွင် ကျောင်းထိုင်သီတင်းသုံးနေခြင်းဖြစ်ပြီး ၎င်းသည် မော်တော်ယာဉ်အား ကိုယ်တိုင်မောင်း၍ တာချီလိတ်သို့ တစ်ပါးတည်း ထွက်ခွာသွားပြီးနောက် တာချီလိတ်တွင် (၂)လကျော် သီတင်းသုံးပြီး မိုင်းယောင်းသို့ ပြန်လာခဲ့သော်လည်း အဆက်အသွယ်ပြတ်ပြီး မိုင်းဟော့ကျေးရွာဘုန်းကြီးကျောင်းသို့ ပြန်မရောက်သည်မှာ ရက်(၂၀)ဝန်းကျင်ရှိပြီးဖြစ်ကြောင်း မိုင်းယောင်း ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်အရ သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မိုင်းယောင်းမြို့မရဲစခန်းတွင် ယာဉ်(ပ)၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)ဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

သတင်း - #စိုင်းဇေယျာ
ဓါတ်ပုံ - မိုင်းယောင်း ထွေ/အုပ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~