လားရိႈးၿမိဳ႕တြင္ ေဆးလိပ္မေသာက္ရေန ႔အထိမ္းအမွတ္ အသက္ (၂၀)ေအာက္ မီနီမာရသြန္ၿပိဳင္ပြဲ က်င္းပ

လားရိႈးၿမိဳ႕တြင္ ေဆးလိပ္မေသာက္ရေန ႔အထိမ္းအမွတ္ အသက္ (၂၀)ေအာက္ မီနီမာရသြန္ၿပိဳင္ပြဲ က်င္းပ
မေ 31, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ ကမၻာ့ေဆးလိပ္မေသာက္ေရးေန႔ အထိမ္းအမွတ္ အခမ္းအနားကို ျပည္နယ္ျပည္သူ႔က်န္းမာေရး ဦးစီးဌာနမွဴးရံုးတြင္ႏွင့္ ေဆးလိပ္ေငြ႔ကင္းစင္အထိမ္းအမွတ္ အသက္ (၂၀)ႏွစ္ေအာက္ မီနီမာရသြန္ၿပိဳင္ပြဲကို ၂၀၁၈ ခုႏွစ္ ေမလ (၃၁)ရက္ေန႔က က်င္းပေၾကာင္း သိရသည္။

မီနီမာရသြန္ၿပိဳင္ပြဲသို႔ သူနာျပဳသားဖြား နတလေက်ာင္းႏွင့္ အေျခခံေက်ာင္းမ်ားမွ ေက်ာင္းသား၊ေက်ာင္းသူ စုစုေပါင္း (၃၅၀) ဦးပါဝင္ယွဥ္ၿပိဳင္ၾကေၾကာင္း သိရသည္။

ကမၻာ့ေဆးလိပ္မေသာက္ေရးေန႔ အခမ္းအနားတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔က ေဆးလိပ္ေငြ႔ကင္းစင္ ရွမ္းျပည္တစ္ခြင္ လုပ္ငန္းေဆာင္ရြက္ခ်က္မ်ားကို ရွင္းလင္းေျပာျပခဲ့ၿပီး အခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႔ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ဳိးထြန္း၊ ျပည္နယ္ျပည္သူ႔ က်န္းမာေရးဦးစီးဌာနမွဴး (ေခတၱ)၊ ၿမိဳ႕နယ္ျပည္သူ႔က်န္းမာေရးမွဴး၊ သူနာျပဳသင္တန္းေက်ာင္းမွ ေက်ာင္းသူမ်ား၊ ရပ္/ေက်း အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ျပည္သူမ်ားအပါအဝင္စုစုေပါင္းလူဦးေရ (၄၀၀) ခန္႔တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

သတင္း - ေနၿဖဳိးျမင့္
ဓါတ္ပံု - ေနၿဖဳိးျမင့္ ၊ Dr.MH


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင်နှင့် ဆေးလိပ်ငွေ့ကင်းစင်အထိမ်းအမှတ် အသက် (၂၀)နှစ်အောက် မီနီမာရသွန်ပြိုင်ပွဲကို ၂၀၁၈ ခုနှစ် မေလ (၃၁)ရက်နေ့က ကျင်းပကြောင်း သိရသည်။

မီနီမာရသွန်ပြိုင်ပွဲသို့ သူနာပြုသားဖွား နတလကျောင်းနှင့် အခြေခံကျောင်းများမှ ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၃၅၀) ဦးပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောပြခဲ့ပြီး အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး (ခေတ္တ)၊ မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး၊ သူနာပြုသင်တန်းကျောင်းမှ ကျောင်းသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအပါအဝင်စုစုပေါင်းလူဦးရေ (၄၀၀) ခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နဖြေိုးမြင့်၊ Dr.MH

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~