ကျိုင်းတုံကိုယ်စားပြုအလှမယ်ပြိုင်ပွဲဝင်လိုသူများ ဇွန်လ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်

ကျိုင်းတုံကိုယ်စားပြုအလှမယ်ပြိုင်ပွဲဝင်လိုသူများ ဇွန်လ ၁၅ ရက် နောက်ဆုံးထား လျှောက်ထားနိုင်
မေ 3, 2018
By Tachileik News Agency

ကျိုင်းတုံလူငယ်စင်တာနှင့် Miss Universe Myanmar တို့ ပူးပေါင်း၍ ကျိုင်းတုံမြို့တွင် ဇူလိုင်လအတွင်း ကျင်းပမည့် ကျိုင်းတုံကိုယ်စားပြု အလှမယ် Miss Universe Kengtung ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လို သူများ အနေဖြင့် ဇွန်လ(၁၅)ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။


ပြိုင်ပွဲသို့ အသက်(၁၇)နှစ်မှ (၂၅)နှစ်အတွင်းရှိ မြန်မာနိုင်ငံသား အမျိုးသမီးတိုင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး အိမ်ထောင်မရှိဖူးသူ၊ အရပ် (၅) ပေ (၄) လက်မ အနည်းဆုံးရှိရမည်ဖြစ်ပြီး ပညာအရည်အချင်းမှာ အနိမ့်ဆုံး အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။


ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုကို ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လက်ခံနေခြင်းဖြစ်ပြီး ဇွန်လ(၁၅)ရက်နေ့တွင် စာရင်းပိတ်ကာ ဇွန်လ(၁၇)ရက်နေ့တွင် လူတွေ့စစ်ဆေးပြီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့် အလှမယ်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အလှဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနေဖြင့် ကျိုင်းတုံလူငယ်စင်တာ ငုဝါလမ်းသွယ် (၃)၊ ရပ်ကွက် (၄)၊ အာခါဈေးအနီးသို့လည်းကောင်း ဖုန်း ၀၈၄ ၂၂၅၄၄၊ ၀၉ ၉၇၇၂၂၁၀၂၉၊ ၀၉ ၄၅၈၀၃၀၁၁၅၊ ၀၉ ၄၂၈၂၁၆၃၄၁ နှင့် ၀၉ ၉၆၆၄၅၅၅၇၇ တို့ကို ဆက်သွယ်ပြီး လျှောက်လွှာများရယူကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း  - ဇွဲမြတ်


~~~~~~~~⊰❂ unicode ~~~~~~~~

ကျိုင်းတုံလူငယ်စင်တာနှင့် Miss Universe Myanmar တို့ ပူးပေါင်း၍ ကျိုင်းတုံမြို့တွင် ဇူလိုင်လအတွင်း ကျင်းပမည့် ကျိုင်းတုံကိုယ်စားပြု အလှမယ် Miss Universe Kengtung ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လို သူများ အနဖြေင့် ဇွန်လ(၁၅)ရက်နေ့ နောက်ဆုံးထားပြီး အမည်စာရင်း ပေးသွင်းနိုင်ကြောင်း သိရသည်။

"ပြီးခဲ့တဲ့ နှစ်တုန်းက လုပ်ခဲ့တဲ့ Miss Universe Myanmar ပွဲမှာက ကျိုင်းတုံကိုယ်စားပြုပြီးပြိုင်ခဲ့တဲ့ အလှမယ်က မပါနိုင်ခဲ့ဘူး။ ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာတော့ ကျိုင်းတုံမြို့ကိုယ်စားပြုအလှမယ်တစ်ယောက် ပေါ်ထွက်ဖို့နဲ့ အဲဒီအလှမယ်က ကျိုင်းတုံနဲ့ ရှမ်းအရှေ့က အမျိုးသမီးတွေနဲ့ လူငယ်တွေရဲ့ ဘဝ တိုးတက်အောင် တစ်ဖက် တစ်လမ်းကနေ ကူညီနိုင်ဖို့ အတွက်ဆိုပြီး ရည်ရွယ်ပီးတော့ ဒီပွဲကို ဦးဆောင်ကျင်းပတာ ဖြစ်ပါတယ်"ဟု Miss Universe Kengtung၏ City Director မယုစန္ဒါမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲသို့ အသက်(၁၇)နှစ်မှ (၂၅)နှစ်အတွင်းရှိ မြန်မာနိုင်ငံသား အမျိုးသမီးတိုင်း ဝင်ရောက်ယှဉ်ပြိုင်နို်င်ပြီး အိမ်ထောင်မရှိဖူးသူ၊ အရပ် (၅) ပေ (၄) လက်မ အနည်းဆုံးရှိရမည်ဖြစ်ပြီး ပညာအရည်အချင်းမှာ အနိမ့်ဆုံး အထက်တန်းအောင်မြင်ပြီးသူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Miss Universe Keng Tung ပြိုင်ပွဲကို ကျိုင်းတုံမြို့တွင် ၂၀၁၆ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ် အဖြစ် ဇူလိုင်လ (၂၂) ရက်နေ့တွင် ကျိုင်းတုံလူငယ်စင်တာကိုယ်စား စင်တာ၏ ဥက္ကဌဖြစ်သူ ဒေါက်တာယုစန္ဒါမိုးမှ Miss Universe Keng Tung၏ City Director အဖြစ် တာဝန်ယူကာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲအတွက် စာရင်းပေးသွင်းမှုကို ဧပြီလ နောက်ဆုံးပတ်မှ စတင်ကာ လက်ခံနခြေင်းဖြစ်ပြီး ဇွန်လ(၁၅)ရက်နေ့တွင် စာရင်းပိတ်ကာ ဇွန်လ(၁၇)ရက်နေ့တွင် လူတွေ့စစ်ဆေးပြီး ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိသည့် အလှမယ်များကို လေ့ကျင့်သင်ကြားပေးခြင်းနှင့် အလှဓာတ်ပုံရိုက်ကူးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လိုသူများအနဖြေင့် ကျိုင်းတုံလူငယ်စင်တာ ငုဝါလမ်းသွယ် (၃)၊ ရပ်ကွက် (၄)၊ အာခါဈေးအနီးသို့လည်းကောင်း ဖုန်း ဝ၈၄ ၂၂၅၄၄၊ ဝ၉ ၉၇၇၂၂၁၀၂၉၊ ဝ၉ ၄၅၈၀၃၀၁၁၅၊ ဝ၉ ၄၂၈၂၁၆၃၄၁ နှင့် ဝ၉ ၉၆၆၄၅၅၅၇၇ တို့ကို ဆက်သွယ်ပြီး လျှောက်လွှာများရယူကာ လျှောက်ထားနိုင်ကြောင်း သိရသည်။

သတင်း - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~