မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ တတိယအကြိမ် ပြုလုပ်
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပြင်ဆင်ရေး အလုပ်ရုံဆွေးနွေးပွဲ တတိယအကြိမ် ပြုလုပ်
မေ 3, 2018
By Tachileik News Agency
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒေပြင်ဆင်နိုင်ရေးအတွက် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို မေလ(၃) ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနက ပြုလုပ်ကြောင်းသိရသည်။
ဥပဒေပြင်ဆင်နိုင်ရေးအတွက် ဥပဒေပညာရှင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့အပြင် စည်ပင်သာယာ ဌာနနှင့် ဆက်စပ်သည့်ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်ရှိ စည်ပင်သာယာရေး ကော်မတီဝင်များ၊ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ စည်ပင်အမှုဆောင်အရာရှိများ၊ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာ ယာရေးကိစ္စရပ် များအား စိတ်ပါဝင်စားသူ အရပ်ဖက်ပုဂ္ဂိုလ်များ စုစုပေါင်း(၁၂၆)ဦးဖြင့် ဆွေးနွေးနေကြခြင်းဖြစ်ကြောင်းသိရသည်။
သတင်း  - ဖီးနစ်
~~~~~~~~⊰❂ unicode ~~~~~~~~
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များ ဥပဒပြေင်ဆင်နိုင်ရေးအတွက် တတိယအကြိမ် အလုပ်ရုံ ဆွေးနွေးပွဲကို မေလ(၃) ရက်နေ့တွင် မကွေးမြို့၊ မြို့တော်ခန်းမ၌ တို်င်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနက ပြုလုပ်ကြောင်းသိရသည်။
“စည်ပင်သာယာရေး ဥပဒေနဲ့ ပတ်သက်ပြီး အရင်ကတည်းကလုပ်ထားတဲ့ ဥပဒေကို လေ့လာကြည့်တော့ အားနည်းချက်တွေ အများကြီးရှိတာကိုတွေ့ရတယ်။ ဒါကိုပိုပြီးကောင်းလာအောင်၊ ဥပဒေရဲ့ အကျိုးသက်ရောက်မှု ပိုရှိလာအောင်၊ ပြည်သူအတွက် အမှန်တကယ်အကျိုးရှိမယ့် ဥပဒဖြေစ်လာဖို့အတွက် အခုလို ဆွေးနွေးပွဲတွေ လုပ်လာတာ ဒါတတိယအကြိ်မ်မြောက် ပြုလုပ်ခြင်းဖြစ်ပါတယ်”ဟု မကွေးတို်င်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဥပဒပြေင်ဆင်နိုင်ရေးအတွက် ဥပဒေပညာရှင်များနှင့် စည်ပင်သာယာရေးအဖွဲ့တို့အပြင် စည်ပင်သာယာ ဌာနနှင့် ဆက်စပ်သည့်ဌာနများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လက်ရှိ စည်ပင်သာယာရေး ကော်မတီဝင်များ၊ တိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ စည်ပင်အမှုဆောင်အရာရှိများ၊ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စည်ပင်သာ ယာရေးကိစ္စရပ် များအား စိတ်ပါဝင်စားသူ အရပ်ဖက်ပုဂ္ဂိုလ်များ စုစုပေါင်း(၁၂၆)ဦးဖြင့် ဆွေးနွေးနကြခြေင်းဖြစ်ကြောင်းသိရသည်။
အခြားပြည်နယ်နှင့် တိုင်းအသီးသီးတွင် ပြဌာန်းထားသောဥပဒေများဖြင့် နှိုင်းယှဉ်ချက်များအပေါ် အားနည်းချက်၊ အားသာချက်များ၊ တက်ရောက်လာသူများ၏ အကြံပြုဆွေးနွေးချက်များကို ပေါင်းစပ်ကာ မကွေးတိုင်းဒေသကြီး လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကာ လွှတ်တော်တွင် ဆက်လက်ဆွေးနွေးပြီးပါက ဥပဒေ၊နည်းဥပဒေ အသစ်ပြဌာန်းခြင်း၊ ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်း - ဖီးနစ်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~