မိုးသက်လေပြင်းကျရောက်စဉ် မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု မကွေးတွင် ဖြစ်ပွား

မိုးသက်လေပြင်းကျရောက်စဉ် မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်သို့ သစ်ပင်လဲကျ၍ အမျိုးသမီးတစ်ဦး သေဆုံးမှု မကွေးတွင် ဖြစ်ပွား
မေ 14, 2018
By Tachileik News Agency

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ကုန်းသာကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ် မေလ(၁၃)ရက်နေ့ ညနေ(၅)နာရီ(၁၀)မိနစ် အချိန်ခန့်က မိုးသက်လေပြင်းများ တိုက်ခတ်စဉ် ဆိုင်ကယ်ကယ်ရီဖြင့် ပြန်လာသည့် အမျိုးသမီး ထနောင်းပင်လဲကျလာသဖြင့် သေဆုံးသွားကြောင်း သိရသည်။

မင်းဘူး/စကုမြို့နယ် ကိုင်းတောကြီးကျေးရွာအုပ်စု ကိုင်းတောလေးကျေးရွာနေ အသက်(၅၅)နှစ် အရွယ်ရှိ ဒေါ်ဟန်အေးသည် မင်းဘူးမြို့တွင် ဈေးဝယ်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ပြန်လာစဉ် မိုးသက်လေပြင်းကြောင့် လမ်းယာဘက်ရှိ လုံးပတ်(၅) ပေ၊ အမြင့်ပေ(၃၀)ခန့်ရှိ ထနောင်းပင်မှာ အခြေမခိုင်ဘဲ အမြစ်မှ ကျွတ်ထွက်လဲကျ၍ ဆိုင်ကယ်ကယ်ရီ နောက်ထိုင်ခုံပေါ်တွင် လိုက်ပါလာသူ ဒေါ်ဟန်အေးမှာ သစ်ကိုင်းဖြင့် ရိုက်မိပြီး ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ သစ်ပင်ပိခံရခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။



သတင်း - ဖီးနစ်


~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူး/စကုမြို့နယ် ကုန်းသာကျေးရွာအနီးတွင် ၂၀၁၈ ခုနှစ် မေလ(၁၃)ရက်နေ့ ညနေ(၅)နာရီ(၁၀)မိနစ် အချိန်ခန့်က မိုးသက်လပြေင်းများ တိုက်ခတ်စဉ် ဆိုင်ကယ်ကယ်ရီဖြင့် ပြန်လာသည့် အမျိုးသမီး ထနောင်းပင်လဲကျလာသဖြင့် သေဆုံးသွားကြောင်း သိရသည်။

မင်းဘူး/စကုမြို့နယ် ကိုင်းတောကြီးကျေးရွာအုပ်စု ကိုင်းတောလေးကျေးရွာနေ အသက်(၅၅)နှစ် အရွယ်ရှိ ဒေါ်ဟန်အေးသည် မင်းဘူးမြို့တွင် ဈေးဝယ်ပြီး ဆိုင်ကယ်ကယ်ရီဖြင့် ပြန်လာစဉ် မိုးသက်လပြေင်းကြောင့် လမ်းယာဘက်ရှိ လုံးပတ်(၅) ပေ၊ အမြင့်ပေ(၃၀)ခန့်ရှိ ထနောင်းပင်မှာ အခြေမခိုင်ဘဲ အမြစ်မှ ကျွတ်ထွက်လဲကျ၍ ဆိုင်ကယ်ကယ်ရီ နောက်ထိုင်ခုံပေါ်တွင် လိုက်ပါလာသူ ဒေါ်ဟန်အေးမှာ သစ်ကိုင်းဖြင့် ရိုက်မိပြီး ဆိုင်ကယ်ပေါ်မှပြုတ်ကျကာ သစ်ပင်ပိခံရခြင်းဖြစ်ကြောင်း ရဲစခန်းမှတ်တမ်းအရ သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် ဆိုင်ကယ်ကယ်ရီသမားမှာ သစ်ပင်ပိသည့် အန္တာရာယ်မှ လွတ်မြောက်သွား သော်လည်း ဒေါ်ဟန်အေးမှာ ရရှိသွားသည့် ဒါဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဒေါ်ဟန်အေးသေဆုံးရခြင်းမှာ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/ မဟုတ် စစ်ဆေးနိုင်ရန် အတွက် စကုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၈ ဖြင့် အမှုရေး ဖွင့် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~