၁၂၈ ႀကိမ္ေျမာက္ ကမာၻ႔အလုပ္သမားေန႔ မင္းဘူး၊ မန္းေရနံေျမတြင္ စည္ကားသိုက္ၿမိဳက္စြာ ျပဳလုပ္

၁၂၈ ႀကိမ္ေျမာက္ ကမာၻ႔အလုပ္သမားေန႔ မင္းဘူး၊ မန္းေရနံေျမတြင္ စည္ကားသိုက္ၿမိဳက္စြာ ျပဳလုပ္
မေ 1, 2018
By Tachileik News Agency

မေကြးတုိင္းေဒသႀကီး၊ မင္းဘူး(စကု)ၿမိဳ႕နယ္၊ မန္းေရနံေျမ၌ ေမလ(၁)ရက္ေန႔တြင္ (၁၂၈)ႀကိမ္ေျမာက္ ကမၻာ့အလုပ္သမားေန႔ (ေမေဒး)အခမ္းအနားအား ေရနံေျမေဒသအသီးသီးမွ အလုပ္သမားအဖြဲ႔အစည္း(၁၃)ဖြဲ႔ ခ်ီတက္၍ စည္ကားသိုက္ၿမိဳက္စြာ က်င္းပျပဳလုပ္ေၾကာင္း သိရသည္။

"ျမန္ေအာင္ေရနံေျမ ေရႊဧရာလြန္ေဆး အေျခခံ အလုပ္သမားအဖြဲ႔အစည္းကေန လာၿပီး တက္ေရာက္တာျဖစ္ပါတယ္။ အလုပ္သမားေန႔မွာ ကၽြန္ေတာ္တို႔ အလုပ္သမားေတြ စံုစံုညီညီေတြ႔ခ်င္တယ္။ အလုပ္သမား အခ်င္းခ်င္း ရင္တြင္းျဖစ္အသံေတြကို ဖလွယ္ခ်င္တယ္။ ဒါ့ေၾကာင့္ တက္ေရာက္တာပါ" ဟု ျမန္ေအာင္ေရနံေျမ ထုတ္လုပ္ေရးဌာန စက္မႈကၽြမ္းက်င္(၄) ဦးခင္စိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေခတ္စနစ္နွင့္ ကိုက္ညီေသာ လုပ္ခဝင္ေငြရရွိေရး၊ လုပ္ငန္းခြင္အေျခအေန ေကာင္းမြန္တုိးတက္ေရး၊ အလုပ္သမားမ်ား၏ အနာဂတ္လံုၿခံဳစိတ္ခ်ေစေရး၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ ေရနံအလုပ္သမား သမဂၢမ်ား အဖဲြ႔ခ်ဳပ္ (MPWLF)ေပၚေပါက္ေရးတို႔အတြက္ အဆိုပါအခမ္းအနားတြင္ ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

ယခင္ႏွစ္မ်ားက ေမေဒးေန႔ အခမ္းအနားမ်ားအား နွစ္ရွည္ၾကာစြာ က်င္းပနုိင္ျခင္းမရွိခဲ့ရာမွ (၁၂၆)ႀကိမ္ေျမာက္ အခမ္းအနားအား ေရနံေခ်ာင္းၿမိဳ႕တြင္လည္းေကာင္း၊ (၁၂၇)ႀကိမ္ေျမာက္အခမ္းအနားကို ေခ်ာက္ၿမိဳ႕တြင္ လည္းေကာင္း က်င္းပခဲ့ၿပီးေနာက္ (၁၂၈)ႀကိမ္ေျမာက္ အခမ္းအနားအား မင္းဘူးၿမိဳ႕၊ မန္းေရနံေျမတြင္ က်င္းပျခင္းျဖစ္ေၾကာင္း သိရသည္။

"ကၽြန္ေတာ္ အခု အသက္(၅၈)နွစ္ရွိပါၿပီ။ ေနာက္(၂)နွစ္ဆုိရင္ ပင္စင္သြားရေတာ့မယ္။ ေနာက္မ်ိဳး ဆက္ေတြကို ကၽြန္ေတာ္တို႔ေခတ္ထက္ေကာင္းတဲ့ အလုပ္သမားအခြင့္အေရးေတြကို အေမြေပးခဲ့ခ်င္တယ္။ အစိုးရ၊ လုပ္ငန္းရွင္နဲ႔ အလုပ္သမားေတြ ညီညြတ္မွ်တစြာ ဥပေဒကို ဝိုင္းဝန္းအေကာင္အထည္ ေဖာ္နုိင္ၾကမယ္ဆိုရင္ ဖြံ႔ၿဖိဳးတုိးတက္တဲ့ နုိင္ငံသစ္ကို ထူေထာင္နုိ္င္မွာျဖစ္ပါတယ္" ဟု ဦးခင္စိုးက ေျပာသည္။

ဖိတ္ၾကားထားသည့္ ဌာနဆုိင္ရာမ်ား၊ ဧည့္သည္ေတာ္မ်ား၊ ဘင္ခရာအဖြဲ႔၊ ပန္းဖြားအဖြဲ႔၊ ၾကက္ေျခနီအဖြဲ႔၊ မီးသတ္တပ္ဖြဲ႔နွင့္ ျမန္ေအာင္၊ ေညာင္တုန္း၊ အေဖ်ာက္၊ ျပည္၊ ေခ်ာက္၊ ေရနံေခ်ာင္း၊ ေထာက္ရွာပင္၊ မန္းေရနံေျမစသည့္ ေရနံေျမအသီးသီးမွ အေျခခံအလုပ္သမားအဖြဲ႔အစည္း(၁၃)ဖြဲ႔တို႔က ႏိုင္ငံေတာ္အလံ၊ ျမန္မာႏိုင္ငံလံုးဆိုင္ရာ အလုပ္သမားအဖဲြ႔ခ်ဳပ္အလံ၊ ေမေဒးအလံ၊ အလုပ္သမားအလံတို႔ကို ကိုင္ေဆာင္၍ မင္းဘူးၿမိဳ႕ မန္းေရနံဂိတ္ႀကီးမွစတင္၍ လုပ္သားအပန္းေျဖရိပ္သာသုိ႔ ခ်ီတက္ၾကၿပီး အခမ္းအနားတြင္ နုိင္ငံေတာ္သမၼတထံမွ ေပးပို႔ေသာ သဝဏ္လႊာအား ဖတ္ၾကားျခင္း၊ ေမေဒးေန႔ ျဖစ္ေပၚလာပံု သမုိင္းအက်ဥ္းခ်ဳပ္အား ဖတ္ၾကားျခင္း၊ အျခားအဖြဲ႔အစည္းမ်ားမွ ေပးပို႔သည့္ သဝဏ္လႊာမ်ားအား ဖတ္ၾကားျခင္း၊ အလုပ္သမား အဖြဲ႔အစည္း(၁၃)ဖဲြ႔က ဂုဏ္ျပဳစကားမ်ား ေျပာၾကားျခင္း၊ (၁၂၉)ႀကိမ္ေျမာက္ ကမာၻ႔အလုပ္သမားေန႔က်င္းပေရးေကာ္မတီဥကၠဌထံသို႔ ေမေဒးအလံ လဲႊေျပာင္းေပးအပ္ျခင္း အစီအစဥ္မ်ား ပါဝင္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္



~~~~~~~~⊰❂ unicode ~~~~~~~~

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရေနံမြေ၌ မေလ(၁)ရက်နေ့တွင် (၁၂၈)ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး)အခမ်းအနားအား ရေနံမြေဒေသအသီးသီးမှ အလုပ်သမားအဖွဲ့အစည်း(၁၃)ဖွဲ့ ချီတက်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရသည်။

"မြန်အောင်ရေနံမြေ ရွှေဧရာလွန်ဆေး အခြေခံ အလုပ်သမားအဖွဲ့အစည်းကနေ လာပြီး တက်ရောက်တာဖြစ်ပါတယ်။ အလုပ်သမားနေ့မှာ ကျွန်တော်တို့ အလုပ်သမားတွေ စုံစုံညီညီတွေ့ချင်တယ်။ အလုပ်သမား အချင်းချင်း ရင်တွင်းဖြစ်အသံတွေကို ဖလှယ်ချင်တယ်။ ဒါ့ကြောင့် တက်ရောက်တာပါ" ဟု မြန်အောင်ရေနံမြေ ထုတ်လုပ်ရေးဌာန စက်မှုကျွမ်းကျင်(၄) ဦးခင်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ခေတ်စနစ်နှင့် ကိုက်ညီသော လုပ်ခဝင်ငွေရရှိရေး၊ လုပ်ငန်းခွင်အခြေအနေ ကောင်းမွန်တိုးတက်ရေး၊ အလုပ်သမားများ၏ အနာဂတ်လုံခြုံစိတ်ချစေရေး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ရေနံအလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MPWLF)ပေါ်ပေါက်ရေးတို့အတွက် အဆိုပါအခမ်းအနားတွင် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယခင်နှစ်များက မေဒေးနေ့ အခမ်းအနားများအား နှစ်ရှည်ကြာစွာ ကျင်းပနိုင်ခြင်းမရှိခဲ့ရာမှ (၁၂၆)ကြိမ်မြောက် အခမ်းအနားအား ရေနံချောင်းမြို့တွင်လည်းကောင်း၊ (၁၂၇)ကြိမ်မြောက်အခမ်းအနားကို ချောက်မြို့တွင် လည်းကောင်း ကျင်းပခဲ့ပြီးနောက် (၁၂၈)ကြိမ်မြောက် အခမ်းအနားအား မင်းဘူးမြို့၊ မန်းရေနံမြေတွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော် အခု အသက်(၅၈)နှစ်ရှိပါပြီ။ နောက်(၂)နှစ်ဆိုရင် ပင်စင်သွားရတော့မယ်။ နောက်မျိုး ဆက်တွေကို ကျွန်တော်တို့ခေတ်ထက်ကောင်းတဲ့ အလုပ်သမားအခွင့်အရေးတွေကို အမွေပေးခဲ့ချင်တယ်။ အစိုးရ၊ လုပ်ငန်းရှင်နဲ့ အလုပ်သမားတွေ ညီညွတ်မျှတစွာ ဥပဒေကို ဝိုင်းဝန်းအကောင်အထည် ဖော်နိုင်ကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံသစ်ကို ထူထောင်နို်င်မှာဖြစ်ပါတယ်" ဟု ဦးခင်စိုးက ပြောသည်။

ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ဧည့်သည်တော်များ၊ ဘင်ခရာအဖွဲ့၊ ပန်းဖွားအဖွဲ့၊ ကြက်ခြေနီအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် မြန်အောင်၊ ညောင်တုန်း၊ အဖျောက်၊ ပြည်၊ ချောက်၊ ရေနံချောင်း၊ ထောက်ရှာပင်၊ မန်းရေနံမြေစသည့် ရေနံမြေအသီးသီးမှ အခြေခံအလုပ်သမားအဖွဲ့အစည်း(၁၃)ဖွဲ့တို့က နိုင်ငံတော်အလံ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်အလံ၊ မေဒေးအလံ၊ အလုပ်သမားအလံတို့ကို ကိုင်ဆောင်၍ မင်းဘူးမြို့ မန်းရေနံဂိတ်ကြီးမှစတင်၍ လုပ်သားအပန်းဖြေရိပ်သာသို့ ချီတက်ကြပြီး အခမ်းအနားတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မေဒေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းချုပ်အား ဖတ်ကြားခြင်း၊ အခြားအဖွဲ့အစည်းများမှ ပေးပို့သည့် သဝဏ်လွှာများအား ဖတ်ကြားခြင်း၊ အလုပ်သမား အဖွဲ့အစည်း(၁၃)ဖွဲ့က ဂုဏ်ပြုစကားများ ပြောကြားခြင်း၊ (၁၂၉)ကြိမ်မြောက် ကမာ္ဘ့အလုပ်သမားနေ့ကျင်းပရေးကော်မတီဥက္ကဌထံသို့ မေဒေးအလံ လွှဲပြောင်းပေးအပ်ခြင်း အစီအစဉ်များ ပါဝင်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~