မိုင်းဆတ်တွင် ပထမဆုံးအကြိမ်အဖြစ် "လူငယ်နှင့် သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

မိုင်းဆတ်တွင် ပထမဆုံးအကြိမ်အဖြစ် "လူငယ်နှင့် သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ
မေ 18, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြည်သူ့စကားဝိုင်းအား "လူငယ်နှင့် သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ၂၀၁၈ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်က မိုင်းဆတ်မြို့ရှိ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အစည်းအဝေးခန်းမတွင်  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ စကားဝိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လူငယ်နှင့်အနာဂတ် မျှော်မှန်းချက်များကို လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မြို့သစ်)မှ ကျောင်းအုပ် ဆရာကြီး ဦးထွန်းသူရက ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်သစ် အကြောင်း အရာကို လည်းကောင်း၊ မိုင်းဆတ်မြို့နယ် ကျန်းမာရေးမှူး ဦးသန်းဦးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသူရအောင်က လူငယ်နှင့်ဥပဒေရေးရာ အကြောင်းကို လည်းကောင်း၊ အဖြူရောင်လူငယ်အဖွဲ့ဝင် ဦးစိုင်းမောင်မောင်ချစ်က လူငယ့်တာဝန်များကို လည်းကောင်း၊ ဗြဟ္မာစိုလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသန်းဝေက လူငယ်နှင့်ပရဟိတ လုပ်ငန်းများ အကြောင်းကို လည်းကောင်း လူငယ်များ မှတ်သား သိရှိလိုက်နာနိုင်ရန်အတွက် အသီးသီး  ဦးဆောင် ဆွေးနွေးခဲ့ကြသည်။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်အတွင်း ပထမဆုံးအကြိမ် အဖြစ် ပြည်သူ့စကားဝိုင်းအား "လူငယ်နှင့် သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ၂၀၁၈ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်က မိုင်းဆတ်မြို့ရှိ မိုင်းဆတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၏ အစည်းအေဝးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"လူငယ်နှင့်သမိုင်းပေး တာဝန်"ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ကျင်းပပြုလုပ်ရခြင်း နှင့် ပတ်သက်၍ မိုင်းဆတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးသန်းဇော်က" ဒီမိုကရေစီ ခေတ်တွင် အစိုးရနှင့် ပြည်သူများ အကြား ဆွေးနွေး တိုင်ပင်နိုင်ရန်၊ ပြည်သူတို့၏ ဘဝဖြတ်သန်းမှု အကြောင်း ကိစ္စများ ဆွေးနွေး ပြောကြားနိုင်သော အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ လူထု၏ စဉ်းစား တွေးခေါ်မှု မြင့်မားလာစေရန်နှင့် အစု အဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သော အလေ့အထကောင်းများ လေ့ကျင့်ပေးရန်စသည့် ရည်ရွယ်ချက်ဖြင့် ကျင်းပ ခြင်းဖြစ်ကြောင်း" ရှင်းလင်းပြောကြားသည်။

အဆိုပါ စကားဝိုင်းတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဒါဝိဒ်က လူငယ်နှင့်အနာဂတ် မျှော်မှန်းချက်များကို လည်းကောင်း၊ အခြေခံပညာအထက်တန်းကျောင်း-ခွဲ(မြို့သစ်)မှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းသူရက ပြောင်းလဲတိုးတက်လာသော ပညာရေးစနစ်သစ် အကြောင်း အရာကို လည်းကောင်း၊ မိုင်းဆတ်မြို့နယ် ကျန်းမာရေးမှူး ဦးသန်းဦးက လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းအရာကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသူရအောင်က လူငယ်နှင့်ဥပဒေရေးရာ အကြောင်းကို လည်းကောင်း၊ အဖြူရောင်လူငယ်အဖွဲ့ဝင် ဦးစိုင်းမောင်မောင်ချစ်က လူငယ့်တာဝန်များကို လည်းကောင်း၊ ဗြဟ္မာစိုလူမှုကူညီရေးအသင်း ဥက္ကဌ ဦးသန်းေဝက လူငယ်နှင့်ပရဟိတ လုပ်ငန်းများ အကြောင်းကို လည်းကောင်း လူငယ်များ မှတ်သား သိရှိလိုက်နာနိုင်ရန်အတွက် အသီးသီး ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးမှုများပေါ် မူတည်၍ တက်ရောက်လာသည့် လူငယ်များနှင့် လူမှုရေးအသင်းတို့မှ အဖွဲ့ဝင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူများနှင့် တက်ရောက်ဆွေးနွေးသူများအကြား အပြန်အလှန် ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - သန်းဇော်(မိုင်းဆတ်)
ဓာတ်ပုံ - ဇော်ဝမ်းထွန်း

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~