မြန်မာ - ထိုင်းနယ်နိမိတ် မယ်ဆိုင်ချောင်းတွင်းမှ နွေရာသီစိုက်ပျိုးရေးယူသည့် ရေတားများ စတင်ဖယ်ရှားနေ

မြန်မာ - ထိုင်းနယ်နိမိတ် မယ်ဆိုင်ချောင်းတွင်းမှ နွေရာသီစိုက်ပျိုးရေးယူသည့် ရေတားများ စတင်ဖယ်ရှားနေ
မေ 23, 2018
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံမှ ပြုလုပ်ထားသည့် ယာယီရေတားများနှင့်  အခိုင်အမာ ပြုလုပ်ထားသည့် ရေတားများကို ၂၀၁၈ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်(၈)နာရီခွဲမှစ၍ ဖယ်ရှားနေပြီဖြစ်ကြောင်း သိရသည်။

“အသစ် ဝါးတားဆောက်တာရော အရင်ကရှိနေပြီးသား အတားအဆီးအဟောင်းကျန်ရှိနေတာတွေရော နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်အရ မေလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းဘက်က အပြီး ဖယ်ရှားပေးရမှာပါ။ အခုဒီနေ့စတာ ငှက်ပျောဆိပ်ရေတား ဆောက်ထားတာကို အရင်စတင် ဖယ်ရှားနေတာပါ”ဟု  တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။


အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွဲဝေ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်
ဓါတ်ပုံ - UT(MS)



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ မြန်မာ - ထိုင်းနှစ်နိုင်ငံ နယ်နိမိတ်ဖြစ်သည့် မယ်ဆိုင်ချောင်းအတွင်း ထိုင်းနိုင်ငံမှ ပြုလုပ်ထားသည့် ယာယီရေတားများနှင့် အခိုင်အမာ ပြုလုပ်ထားသည့် ရေတားများကို ၂၀၁၈ ခုနှစ် မေလ (၂၃)ရက်နေ့ နံနက်(၈)နာရီခွဲမှစ၍ ဖယ်ရှားနပြေီဖြစ်ကြောင်း သိရသည်။

“အသစ် ဝါးတားဆောက်တာရော အရင်ကရှိနပြေီးသား အတားအဆီးအဟောင်းကျန်ရှိနေတာတွေရော နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်အရ မေလ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ထိုင်းဘက်က အပြီး ဖယ်ရှားပေးရမှာပါ။ အခုဒီနေ့စတာ ငှက်ပျောဆိပ်ရေတား ဆောက်ထားတာကို် အရင်စတင် ဖယ်ရှားနေတာပါ”ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ မြန်မာ - ထိုင်း ဆက်ဆံရေးတာဝန်ခံ ဦးထွန်း(မယ်ဆိုင်)က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နှင့် မယ်ဆိုင်ကြားရှိ နယ်နိမိတ် မယ်ဆိုင်ချောင်းတွင် နွေရာသီကာလများ၌ မယ်ဆိုင်မှ လယ်သမားများက စိုက်ပျိုးရေယူရန် မယ်ဆိုင်ချောင်းတွင်း အတားအဆီးများကို မြန်မာနိုင်ငံဘက်မှ ခွင့်ပြုချက် မယူဘဲ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံ တာဝန်ရှိသူများအကြား ဆွေးနွေး ညှိနှိုင်းမှု လုပ်ဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ် နွေရာသီစိုက်ပျိုးရာသီမှစ၍ ဝါးဖြင့် ယာယီရေတားပြုလုပ်ပြီး မိုးရာသီတွင် ဖယ်ရှားပေးရန် သဘောတူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နယ်နိမိတ်ချောင်းကိစ္စနှင့်ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ရန် မယ်ဆိုင် - မယ်ဟောက်ချောင်း ရေခွေဲဝ အသုံးချရေးနှင့် မြစ်ကြောင်း ထိန်းသိမ်းရေးဆိုင်ရာ ဆပ်ကော်မတီကို ဖွဲ့စည်းထားရှိပြီး ဥက္ကဌ အဖြစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူးက တာဝန်ယူပြီး အတွင်းရေးမှူးအဖြစ် တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူးက တာဝန်ယူထားကြောင်း သိရသည်။

သတင်း - #ချယ်ရီထိုက်
ဓာတ်ပုံ - UT(MS)

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~