ျမန္မာ့ဆက္သြယ္ေရး၏ ဝန္ေဆာင္မႈလုပ္ငန္းမ်ား တာခ်ီလိတ္တြင္ မိတ္ဆက္

ျမန္မာ့ဆက္သြယ္ေရး၏ ဝန္ေဆာင္မႈလုပ္ငန္းမ်ား တာခ်ီလိတ္တြင္ မိတ္ဆက္
မေ 18, 2018
By Tachileik News Agency

ျမန္မာ့ဆက္သြယ္ေရး လုပ္ငန္းက ဆက္သြယ္ေရးလုပ္ငန္း ဝန္ေဆာင္မႈ ရွင္းလင္းပြဲကို ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္ ျမန္မာဆက္သြယ္ေရးလုပ္ငန္းရံုးအတြင္းရွိ အိတ္ခ်ိန္းရံုးတြင္ ၂၀၁၈ ခုႏွစ္ ေမလ(၁၈)ရက္ေန႔ နံနက္က က်င္းပသည္။

အဆိုပါ အခမ္းအနားတြင္ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း B2B ဌာနမွ မန္ေနဂ်ာ ဦးမ်ိဳးျမင့္ႏိုင္၊ ဦးလင္းေအာင္ထက္ႏွင့္ ဦးေက်ာ္ၿဖိဳးသန္႔တို႔က  ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ အစိုးရဌာနမ်ားႏွင့္ စီးပြားေရး လုပ္ငန္းရွင္မ်ား အတြက္ ၀န္ေဆာင္မႈေပးေနသည့္ အစီအစဥ္မ်ား ျဖစ္သည့္ Closed User Group၊ B2B Data Plan၊ Data Only Sim၊ B2B Mobile Packages၊ Mobile Enablement Package၊ Dedicated Fiber Internet၊ IP-VPNႏွင့္ Moblie Remote Access ၀န္ေဆာင္မႈမ်ားကို မိတ္ဆက္ ရွင္းလင္းၾကသည္။

"အရင္တုန္းကေတာ့ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းက ၀န္ေဆာင္မႈကို ေရာင္းခ်တဲ့အခါမွာ Customer အမ်ိဳးအစား ေပၚမူတည္ၿပီးေတာ့ သတ္မွတ္ထားတာ မရိွပါဘူး။ အခုခ်ိန္မွာေတာ့ ပုံမွန္စားသုံးသူေတြနဲ႕ စီးပြားေရး လုပ္ငန္းရွင္ေတြ အတြက္ဆိုၿပီး ခြဲၿပီး ၀န္ေဆာင္မႈေပးေနပါတယ္"ဟု B2Bဌာနမွ လက္ေထာက္အေထြေထြမန္ေနဂ်ာ(DGM) ဦးလင္းေအာင္ထက္က ေျပာသည္။

အဆိုပါ ဝန္ေဆာင္မႈမိတ္ဆက္အခမ္းအနားသို႔  ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္း B2B ဌာနမွ တာ၀န္ရွိသူမ်ား၊ ျမန္မာ့ဆက္သြယ္ေရးလုပ္ငန္းမွ တာခ်ီလိတ္ၿမဳိ႕နယ္ တာ၀န္ခံ အင္ဂ်င္နီယာ ေဒၚသန္းသန္းေဌး ႏွင့္ ၀န္ထမ္းမ်ား၊ တာခ်ီလိတ္ၿမိဳ႕ေပၚရိွ ဘဏ္မန္ေနဂ်ာမ်ား၊ ဖိုက္ဘာအင္တာနက္လုပ္ငန္းမ်ားမွ တာ၀န္ရိွသူမ်ား အပါအ၀င္ ဟိုတယ္လုပ္ငန္းရွင္မ်ားႏွင့္ စီးပြားေရး လုပ္ငန္းရွင္ စုစုေပါင္း (၃၇)ဦ တက္ေရာက္ခ့ဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ဆက်သွယ်ရေးလုပ်ငန်း ဝန်ဆောင်မှု ရှင်းလင်းပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မြန်မာဆက်သွယ်ရေးလုပ်ငန်းရုံးအတွင်းရှိ အိတ်ချိန်းရုံးတွင် ၂၀၁၈ ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်က ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း B2B ဌာနမှ မန်နေဂျာ ဦးမျိုးမြင့်နိုင်၊ ဦးလင်းအောင်ထက်နှင့် ဦးကျော်ဖြိုးသန့်တို့က မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ အစိုးရဌာနများနှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် ဝန်ဆောင်မှုပေးနေသည့် အစီအစဉ်များ ဖြစ်သည့် Closed User Group၊ B2B Data Plan၊ Data Only Sim၊ B2B Mobile Packages၊ Mobile Enablement Package၊ Dedicated Fiber Internet၊ IP-VPNနှင့် Moblie Remote Access ဝန်ဆောင်မှုများကို မိတ်ဆက် ရှင်းလင်းကြသည်။

"အရင်တုန်းကတော့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ဝန်ဆောင်မှုကို ရောင်းချတဲ့အခါမှာ Customer အမျိုးအစား ပေါ်မူတည်ပြီးတော့ သတ်မှတ်ထားတာ မရှိပါဘူး။ အခုချိန်မှာတော့ ပုံမှန်စားသုံးသူတွေနဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်ဆိုပြီး ခွဲပြီး ဝန်ဆောင်မှုပေးနေပါတယ်"ဟု B2Bဌာနမှ လက်ထောက်အထွေထွေမန်နေဂျာ(DGM) ဦးလင်းအောင်ထက်က ပြောသည်။

အဆိုပါ ဝန်ဆောင်မှုမိတ်ဆက်အခမ်းအနားသို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း B2B ဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာချီလိတ်မြို့နယ် တာဝန်ခံ အင်ဂျင်နီယာ ဒေါ်သန်းသန်းဌေး နှင့် ဝန်ထမ်းများ၊ တာချီလိတ်မြို့ပေါ်ရှိ ဘဏ်မန်နေဂျာများ၊ ဖိုက်ဘာအင်တာနက်လုပ်ငန်းများမှ တာဝန်ရှိသူများ အပါအဝင် ဟိုတယ်လုပ်ငန်းရှင်များနှင့် စီးပွားရေး လုပ်ငန်းရှင် စုစုပေါင်း (၃၇)ဦ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~