တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများအတွက် သက်မွေးပညာ သံပန်းသံတံခါး အခမဲ့သင်တန်း မကြာမီ ဖွင့်လှစ်သင်ကြားမည်

တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ဆေးဖြတ်သင်တန်းသားများအတွက် သက်မွေးပညာ သံပန်းသံတံခါး အခမဲ့သင်တန်း မကြာမီ ဖွင့်လှစ်သင်ကြားမည်
မေ 15, 2018
By Tachileik News Agency

တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသားများအား သံပန်းလုပ်ငန်းဖြင့် သက်မွေး ၀မ်းကျောင်းပညာ သင်ကြားပေးရန်အတွက်  ရွှေတြိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က စက်ပစ္စည်းများ ပံ့ပိုးပေးထားပြီး TCL သံပန်း သံတံခါး လုပ်ငန်းက အခမဲ့ ပညာသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။



ရွှေတြိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က မိုင်ရှည်စက်ဘီးစီး၍ ရရှိထားသည့် ရန်ပုံငွေများထဲက မိုင်းကိုးဆေးဖြတ်စခန်းတွင် သံပန်းလုပ်ငန်းအတွက် အသုံးပြုနိုင်ရန် ၀ရိန်စက် အပါအ၀င် သံပန်းလုပ်ငန်းသုံး ပစ္စည်း(၁၉)မျိုးအား ၀ယ်ယူပံ့ပိုးပေးထားပြီး အလုပ်ရုံအဆောက်အဦးအား ပြုပြင်ပေးခြင်းများ ပြုလုပ်ပေးထားကြောင်း သိရသည်။

လုပ်ငန်းစတင်ရန်အတွက် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့က  မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊  ရွှေတြိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည် စက်ဘီးစီးအဖွဲ့မှ တာချီလိတ်မှ ကိုနေဇာ( Only Biker )၊ ဦးတင်ဝင်း၊ ဦးစိုင်းဂျွန်ရီ နှင့် TCL မှန်၊ အလှူမီနီယမ်၊ စတီး၊ သံပန်းသံတံခါး လုပ်ငန်းမှ ကိုဇော်မျိုးအဖွဲ့တို့မှ မိုင်းကိုးဆေးဖြတ်စခန်း တည်ထောင်သူ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှေတြိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က အဆိုပါ ဆေးဖြတ်စခန်းတွင် မိုင်းရှည်စက်ဘီးစီးနင်းရာမှာ စေတနာရှင်များ လှူဒါန်းလာသည့် ရန်ပုံငွေများထဲက မိုင်းကိုးဆေးဖြတ်စခန်းတွင် သက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရန်အတွက် ကူညီခြင်းအပြင် မူးယစ်ဆေး ဖြတ်လိုသော်လည်း လစဉ်သတ်မှတ်ငွေ မတတ်နိုင်သူများထဲမှ အမှန်တကယ် ဆေးဖြတ်လိုပြီး နောက်ထပ် ဆေးထပ်မံသုံးစွဲခြင်း မပြုလုပ်နိုင်သူများကို စိစစ်၍ လစာအတွက် ထောက်ပံ့ပေးကြောင်း သိရသည်။
 


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့ရှိ မိုင်းကိုးဆေးဖြတ်စခန်းမှ ဆေးဖြတ်သင်တန်းသားများအား သံပန်းလုပ်ငန်းဖြင့် သက်မွေး ဝမ်းကျောင်းပညာ သင်ကြားပေးရန်အတွက် ရွှတြေိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က စက်ပစ္စည်းများ ပံ့ပိုးပေးထားပြီး TCL သံပန်း သံတံခါး လုပ်ငန်းက အခမဲ့ ပညာသင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာရှိ မိုင်းကိုးဆေးဖြတ်စခန်းတွင် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့အထိ ဆေးဖြတ်သင်တန်းသား စုစုပေါင်း (၈၀)ကျော်ရှိနေရာ အဆိုပါ (၈၀)ဦးထဲမှ သံပန်း လုပ်ငန်းကို စိတ်ဝင်စားသူများအား ရွေးချယ်၍ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း နှင့် သံပန်းသံတံခါး ပညာအား တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းမှ TCL မှန်၊ အလှူမီနီယမ်၊ စတီး၊ သံပန်းသံတံခါး လုပ်ငန်းမှ ကိုဇော်မျိုး နှင့် ကိုဂျပန်တို့အဖွဲ့မှ အခမဲ့ လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

"သံပန်းသံတံခါးလုပ်ငန်းနဲ့ ပတ်သက်ပြီး သူတို့အနေနဲ့ ထိုင်ခုံတွေ၊ စားပွဲခုံတွေ၊ ရေစင်တွေ စတဲ့ ပရိဘောဂဖြစ်တဲ့ အိမ်သုံး ပစ္စည်းလေးတွေကို လုပ်တတ်ပြီး ရောင်းချသွားနိုင်ရန်အတွက် အခမဲ့ သင်ကြား ပေးသွားမှာပါ၊ ဒီမှာ ကိုဂျပန်က အဓိက သင်ပေးသွားမှာပါ၊ သူတို့ထဲက စိတ်ဝင်စားသူတွေကို သင်ကြားပေး သွားမှာပါ၊ တတ်သွားတဲ့သူတွေထဲက နောက်လူတွေကို ဆင့်ပွားသင်ပေးနိုင်ရအောင်ပါ။"ဟု အခမဲ့ သင်ကြားပေးမည့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ TCL မှန်၊ အလူမီနီယမ်၊ စတီး၊ သံပန်းသံတံခါး လုပ်ငန်းမှ ကိုဇော်မျိုးက ပြောသည်။

ရွှတြေိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က မိုင်ရှည်စက်ဘီးစီး၍ ရရှိထားသည့် ရန်ပုံငွေများထဲက မိုင်းကိုးဆေးဖြတ်စခန်းတွင် သံပန်းလုပ်ငန်းအတွက် အသုံးပြုနိုင်ရန် ဝရိန်စက် အပါအဝင် သံပန်းလုပ်ငန်းသုံး ပစ္စည်း(၁၉)မျိုးအား ဝယ်ယူပံ့ပိုးပေးထားပြီး အလုပ်ရုံအဆောက်အဦးအား ပြုပြင်ပေးခြင်းများ ပြုလုပ်ပေးထားကြောင်း သိရသည်။

လုပ်ငန်းစတင်ရန်အတွက် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့က မဇ္ဈိမလူမှုကူညီရေးအသင်း ဥက္ကဌ ဦးတင့်ဆွေ၊ ရွှတြေိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း)ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည် စက်ဘီးစီးအဖွဲ့မှ တာချီလိတ်မှ ကိုနေဇာ( Only Biker )၊ ဦးတင်ဝင်း၊ ဦးစိုင်းဂျွန်ရီ နှင့် TCL မှန်၊ အလှူမီနီယမ်၊ စတီး၊ သံပန်းသံတံခါး လုပ်ငန်းမှ ကိုဇော်မျိုးအဖွဲ့တို့မှ မိုင်းကိုးဆေးဖြတ်စခန်း တည်ထောင်သူ မိုင်းကိုးပြည်သူ့စစ်ခေါင်းဆောင် ဦးကျလောနှင့်တွေ့ဆုံကာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရွှတြေိဂံလူငယ်ပြန်လည်ထူထောင်ရေး(ဆေးဖြတ်စခန်း) ရန်ပုံငွေရှာဖွေရေး ခရီးမိုင်ရှည်စက်ဘီးစီးအဖွဲ့က အဆိုပါ ဆေးဖြတ်စခန်းတွင် မိုင်းရှည်စက်ဘီးစီးနင်းရာမှာ စေတနာရှင်များ လှူဒါန်းလာသည့် ရန်ပုံငွေများထဲက မိုင်းကိုးဆေးဖြတ်စခန်းတွင် သက်မွေးဝမ်းကျောင်းပညာသင်ကြားပေးရန်အတွက် ကူညီခြင်းအပြင် မူးယစ်ဆေး ဖြတ်လိုသော်လည်း လစဉ်သတ်မှတ်ငွေ မတတ်နိုင်သူများထဲမှ အမှန်တကယ် ဆေးဖြတ်လိုပြီး နောက်ထပ် ဆေးထပ်မံသုံးစွဲခြင်း မပြုလုပ်နိုင်သူများကို စိစစ်၍ လစာအတွက် ထောက်ပံ့ပေးကြောင်း သိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~