တာခ်ီလိတ္တြင္ (၇၂)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အထိမ္းအမွတ္ အခမ္းအနား ႏွင့္အတူ သရုပ္ျပ အခမ္းအနား ျပဳလုပ္

တာခ်ီလိတ္တြင္ (၇၂)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အထိမ္းအမွတ္ အခမ္းအနား ႏွင့္အတူ သရုပ္ျပ အခမ္းအနား ျပဳလုပ္
မေ 5, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ မီးသတ္တပ္ဖြဲ႕အား ကူညီပံ့ပုိးခဲ့သူမ်ားႏွင့္ ထူးခၽြန္တပ္ဖြဲ႕ဝင္မ်ား အပါအ၀င္ စုစုေပါင္း (၁၀)ဦးအား ေမလ (၅)ရက္ေန႔တြင္ က်ေရာက္သည့္ (၇၂)ႏွစ္ေျမာက္ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ေန႔အထိမ္းအမွတ္ အခမ္းအနားတြင္ ဂုဏ္ျပဳခ်ီးျမႇင့္ၿပီး လက္ေတြ႔သရုပ္ျပပြဲအား က်င္းပေၾကာင္း သိရသည္။

အဆိုပါ အထိမ္းအမွတ္ အခမ္းအနားအား တာခ်ီလိတ္ၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ရံုးတြင္ နံနက္(၉)က က်င္းပရာ တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္၀င္းေရႊက မီးသတ္တပ္ဖြဲ႕ေန႔မိန္႕ခြန္း ေျပာၾကားၿပီး မီးသတ္တပ္ဖြဲ႕အား ကူညီပံ့ပိုးေပးခဲ့သည့္ လုပ္ငန္းရွင္ (၅)ဦးႏွင့္ ရဲတပ္ဖြဲ႕မွ (၂)ဦး၊ ထူးခၽြန္သည့္ မီးသတ္တပ္ဖြဲ႕ဝင္ (၃)ဦးတို႔အား ဂုဏ္ျပဳမွတ္တမ္းလႊာမ်ားႏွင့္ ဆုတံဆိပ္မ်ားကို သက္ဆိုင္ရာ တာ၀န္ရွိသူမ်ားက ေပးအပ္ခ်ီးျမွင့္ခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားက လက္ေတြ႕မီးၿငိမ္းသတ္သရုပ္ျပျခင္းႏွင့္ အသက္ကယ္ နည္းစနစ္မ်ားကို သရုပ္ျပသခဲ့ရာ ေမွ်ာ္စင္ျဖင့္ အသက္ကယ္နည္းစနစ္သရုပ္ျပျခင္း၊ အေဆာက္အအုံ တစ္ခုႏွင့္တစ္ခုအၾကား ႀကိဳးျဖင့္ကူးျခင္း၊ ဆီသိုေလွာင္ကန္ မီးေလာင္မႈအား လက္ေတြ႕ၿငိမ္းသတ္မႈ သရုပ္ျပျခင္း၊ ဂက္စ္မီးေလာင္မႈ လက္ေတြ႕ၿငိမ္းသတ္သရုပ္ျပသျခင္းႏွင့္ အထပ္ျမင့္ အေဆာက္အဦးတြင္ ပိတ္မိေနသူကို ရွာေဖြကယ္ဆယ္ျခင္းတို႕ကို လက္ေတြ႕သရုပ္ျပသခဲ့ၾကေၾကာင္း သိရသည္။

အခမ္းအနားသို႔ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဌး၀င္း၊ စစ္ဗ်ဴဟာအဖြဲ႔အေျခခ်(တာခ်ီလိတ္) စစ္ဗ်ဴဟာမွဴး ဗိုလ္မွဴးႀကီးေအးမင္းဦး၊ ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊႏွင့္ ဌာနဆိုင္ရာတာ၀န္ရိွသူမ်ား၊ ခရုိင္မီးသတ္ဦးစီးဌာနမွဴး ဦးထြန္းႏုိင္ဦး၊ ၿမဳိ႕နယ္မီးသတ္ဦးစီးဌာနမွဴး ဦးေအာင္ေဇာ္လင္း ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ၿမဳိ႕နယ္အရန္မီးသတ္တပ္ရင္း၊ ဒုတပ္ရင္းမွဴး ဦးရဲနႏၵာလင္း ႏွင့္ ဖိတ္ၾကားထားသူမ်ား၊ လူမႈေရး အသင္းအဖြဲ႔မ်ား တက္ေရာက္ခဲ့ၾကေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္ မီးသတ္တပ္ဖြဲ႕တြင္ မီးသတ္ယာဥ္ (၈) စီးႏွင့္ လူနာတင္ယာဥ္ (၁) စီး၊ မီးသတ္တပ္ဖြဲ႕ဝင္ (၃၂)ဦး၊ အရန္မီးသတ္တပ္ဖြဲ႕ဝင္ (၁၂၈၃) ဦးရိွၿပီး တာခ်ီလိတ္ခရိုင္အတြင္း မီးသတ္ဌာနမ်ားတြင္ စုစုေပါင္း မီးသတ္ယာဥ္ (၂၃) စီးရိွေၾကာင္း  သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မီးသတ်တပ်ဖွဲ့အား ကူညီပံ့ပိုးခဲ့သူများနှင့် ထူးချွန်တပ်ဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း (၁၀)ဦးအား မေလ (၅)ရက်နေ့တွင် ကျရောက်သည့် (၇၂)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် အခမ်းအနားတွင် ဂုဏ်ပြုချီးမြှင့်ပြီး လက်တွေ့သရုပ်ပြပွဲအား ကျင်းပကြောင်း သိရသည်။

အဆိုပါ အထိမ်းအမှတ် အခမ်းအနားအား တာချီလိတ်မြို့နယ်မီးသတ်တပ်ဖွဲ့ရုံးတွင် နံနက်(၉)က ကျင်းပရာ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက မီးသတ်တပ်ဖွဲ့နေ့မိန့်ခွန်း ပြောကြားပြီး မီးသတ်တပ်ဖွဲ့အား ကူညီပံ့ပိုးပေးခဲ့သည့် လုပ်ငန်းရှင် (၅)ဦးနှင့် ရဲတပ်ဖွဲ့မှ (၂)ဦး၊ ထူးချွန်သည့် မီးသတ်တပ်ဖွဲ့ဝင် (၃)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဆုတံဆိပ်များကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြိမ်းသတ်သရုပ်ပြခြင်းနှင့် အသက်ကယ် နည်းစနစ်များကို သရုပ်ပြသခဲ့ရာ မျှော်စင်ဖြင့် အသက်ကယ်နည်းစနစ်သရုပ်ပြခြင်း၊ အဆောက်အအုံ တစ်ခုနှင့်တစ်ခုအကြား ကြိုးဖြင့်ကူးခြင်း၊ ဆီသိုလှောင်ကန် မီးလောင်မှုအား လက်တွေ့ငြိမ်းသတ်မှု သရုပ်ပြခြင်း၊ ဂက်စ်မီးလောင်မှု လက်တွေ့ငြိမ်းသတ်သရုပ်ပြသခြင်းနှင့် အထပ်မြင့် အဆောက်အဦးတွင် ပိတ်မိနေသူကို ရှာဖွေကယ်ဆယ်ခြင်းတို့ကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်း၊ စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအေးမင်းဦး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးထွန်းနိုင်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးအောင်ဇော်လင်း နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အရန်မီးသတ်တပ်ရင်း၊ ဒုတပ်ရင်းမှူး ဦးရဲနန္ဒါလင်း နှင့် ဖိတ်ကြားထားသူများ၊ လူမှုရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့နယ် မီးသတ်တပ်ဖွဲ့တွင် မီးသတ်ယာဉ် (၈) စီးနှင့် လူနာတင်ယာဉ် (၁) စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၃၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် (၁၂၈၃) ဦးရှိပြီး တာချီလိတ်ခရိုင်အတွင်း မီးသတ်ဌာနများတွင် စုစုပေါင်း မီးသတ်ယာဉ် (၂၃) စီးရှိကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~