မႏၱေလး အရိုးေရာဂါအထူးကုေဆးရံုႀကီးတြင္ လူဦးေရ ၃၀၀ ခန္႔ျဖင့္ ငလ်င္ေဘးအႏၱရာယ္ အသိပညာေပးႏွင့္ ဇာတ္တုိက္ေလ့က်င့္ျခင္းေဆာင္ရြက္

မႏၱေလး အရိုးေရာဂါအထူးကုေဆးရံုႀကီးတြင္ လူဦးေရ ၃၀၀ ခန္႔ျဖင့္ ငလ်င္ေဘးအႏၱရာယ္ အသိပညာေပးႏွင့္ ဇာတ္တုိက္ေလ့က်င့္ျခင္းေဆာင္ရြက္
မေ 9, 2018
By Tachileik News Agency

မႏၱေလးၿမိဳ႕ ခုတင္ (၅၀၀)ဆံ့ အရိုးေရာဂါအထူးကုေဆးရံုႀကီးတြင္ ငလ်င္ေဘးအႏၱရာယ္ဆုိင္ရာ အသိပညာေပး ေဟာေျပာပြဲႏွင့္ ဇာတ္တုိက္ေလ့က်င့္ျခင္းအား ေမလ (၉)ရက္ေန႔က လူဦးေရ (၃၀၀)ခန္႔ျဖင့္ ေဆာင္ရြက္ေၾကာင္း သိရသည္။

“ငလ်င္ကလည္း မၾကာခဏ လႈပ္ေနတယ္။ မႏၱေလးမွာကလည္း လႈပ္တယ္ေလ။  ဒီေတာ့ ႀကိဳတင္ ျပင္ဆင္မႈအေနနဲ႔ လုပ္တာပါ။ ဇာတ္တုိက္ေလ့က်င့္တာက လူကယ္ျပန္ဝန္ႀကီးဌာနက သဘာဝေဘး အႏၱရာယ္ ကာကြယ္ေရးဌာနနဲ႔ ခ်ိတ္ဆက္ၿပီး လြန္ခဲ့တဲ့ ေျခာက္လေလာက္ကတည္းက ေဆြးေႏြးေနၿပီး ဒီေန႔ လုပ္ျဖစ္တာပါ”ဟု မႏၱေလး အ႐ိုးေရာဂါအထူးကုေဆး႐ုံႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာၾကည္လြင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလးတုိင္းေဒသႀကီး ေဘးအႏၱရာယ္ဆိုင္ရာစီမံခန္႔ခြဲမႈဦးစီးမွဴးရံုးမွ ဦးေဆာင္၍ မီးသတ္တပ္ဖြဲ႕၊ ၾကက္ေျခနီတပ္ဖြဲ႕ ႏွင့္ အရိုးေရာဂါအထူးကုေဆးရံုႀကီးမွ ဝန္ထမ္းမ်ား စုစုေပါင္း လူဦးေရ (၃၀၀)ဝန္းက်င္က
ငလ်င္ေဘးအနၱရာယ္ႀကံဳပါက ကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဇာတ္တိုက္ေလ့က်င့္ခန္းကို ေဆာင္ရြက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

“အဓိက ကေတာ့ စိုးရိမ္တာက လူနာက သံုးရာေက်ာ္ ေလးရာ ေလာက္ရိွတယ္။ လူနာေစာင့္ကလည္း လူနာတစ္ေယာက္ကို ႏွစ္ေယာက္ႏႈန္းရိွမယ္။ ကၽြန္ေတာ္တုိ႔ ဝန္ထမ္းနဲ႔ဆိုေတာ့ စုစုေပါင္း လူနာေရာ၊ လူနာေစာင့္ေရာ၊ ဝန္ထမ္းေရာဆိုေတာ့ (၁၆၀၀)ေလာက္ရိွမယ္ဆိုေတာ့ စိုးရိမ္လုိ႔ ႀကိဳတင္ကာကြယ္ျခင္း လုပ္ငန္းလုပ္တာေပါ့ေလ။ အသိပညာေပးတာလည္း ရသြားၾကတာေပါ့။ တစ္ခုခုဆိုရင္ ကိုယ့္ကိုကိုယ္ ဘယ္လို ကာကြယ္မယ္။ တစ္ျခားသူေတြကို ဘယ္လိုကယ္ဆယ္ႏုိင္တယ္ေပါ့။ ကိုယ့္အသက္ကိုလည္း ကာကြယ္ႏုိင္မယ္။ တစ္ျခားသူေတြအသက္ကိုလည္း ကယ္ဆယ္ႏုိင္မယ္ အဲဒီလိုမ်ိဳး အသိရ သြားတာေပါ့ေနာ္” ဟု မႏၱေလး အ႐ိုးေရာဂါအထူးကုေဆး႐ုံႀကီးမွ ေဆးရံုအုပ္ႀကီး ေဒါက္တာၾကည္လြင္က ေျပာသည္။

မႏၱေလးတုိင္းေဒသႀကီး ေဘးအႏၱရာယ္ဆုိင္ရာစီမံခန္႔ခြဲမႈဦးစီးမွဴးရံုးက ဦးေဆာင္၍ ငလ်င္ေဘးအႏၱရာယ္ ဆုိင္ရာ အသိပညာေပးေဟာေျပာပြဲႏွင့္ ဇာတ္တုိက္ေလ့က်င့္ျခင္းမ်ားကို မႏၱေလးတုိင္းေဒသႀကီးအတြင္း စာသင္ေက်ာင္း၊ ဘုန္းႀကီးေက်ာင္းစသည့္ေနရာမ်ားတြင္ သံုးႀကိမ္ေဆာင္ရြက္ထားၿပီး မႏၱေလး အ႐ိုးေရာဂါ အထူးကုေဆး႐ုံႀကီးတြင္ ေလးႀကိမ္ေျမာက္ေဆာင္ရြက္ျခင္းျဖစ္ကာ ေဆးရံုမ်ားတြင္ ပထမဆံုးအႀကိမ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း #ဇာႏွင္း
ဓါတ္ပံု #ညီေထြး


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့ ခုတင် (၅၀၀)ဆံ့ အရိုးရောဂါအထူးကုဆေးရုံကြီးတွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းအား မေလ (၉)ရက်နေ့က လူဦးရေ (၃၀၀)ခန့်ဖြင့် ဆောင်ရွက်ကြောင်း သိရသည်။

“ငလျင်ကလည်း မကြာခဏ လှုပ်နေတယ်။ မန္တလေးမှာကလည်း လှုပ်တယ်လေ။ ဒီတော့ ကြိုတင် ပြင်ဆင်မှုအနေနဲ့ လုပ်တာပါ။ ဇာတ်တိုက်လေ့ကျင့်တာက လူကယ်ပြန်ဝန်ကြီးဌာနက သဘာဝဘေး အန္တရာယ် ကာကွယ်ရေးဌာနနဲ့ ချိတ်ဆက်ပြီး လွန်ခဲ့တဲ့ ခြောက်လလောက်ကတည်းက ဆွေးနွေးနပြေီး ဒီနေ့ လုပ်ဖြစ်တာပါ”ဟု မန္တလေး အရိုးရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးမှ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ နှင့် အရိုးရောဂါအထူးကုဆေးရုံကြီးမှ ဝန်ထမ်းများ စုစုပေါင်း လူဦးရေ (၃၀၀)ဝန်းကျင်က
ငလျင်ဘေးအန္တရာယ်ကြုံပါက ကယ်ဆယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခန်းကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

“အဓိက ကတော့ စိုးရိမ်တာက လူနာက သုံးရာကျော် လေးရာ လောက်ရှိတယ်။ လူနာစောင့်ကလည်း လူနာတစ်ယောက်ကို နှစ်ယောက်နှုန်းရှိမယ်။ ကျွန်တော်တို့ ဝန်ထမ်းနဲ့ဆိုတော့ စုစုပေါင်း လူနာရော၊ လူနာစောင့်ရော၊ ဝန်ထမ်းရောဆိုတော့ (၁၆၀၀)လောက်ရှိမယ်ဆိုတော့ စိုးရိမ်လို့ ကြိုတင်ကာကွယ်ခြင်း လုပ်ငန်းလုပ်တာပေါ့လေ။ အသိပညာပေးတာလည်း ရသွားကြတာပေါ့။ တစ်ခုခုဆိုရင် ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်မယ်။ တစ်ခြားသူတွေကို ဘယ်လိုကယ်ဆယ်နိုင်တယ်ပေါ့။ ကိုယ့်အသက်ကိုလည်း ကာကွယ်နိုင်မယ်။ တစ်ခြားသူတွေအသက်ကိုလည်း ကယ်ဆယ်နိုင်မယ် အဲဒီလိုမျိုး အသိရ သွားတာပေါ့နော်” ဟု မန္တလေး အရိုးရောဂါအထူးကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်လွင်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးမှူးရုံးက ဦးဆောင်၍ ငလျင်ဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မန္တလေးတိုင်းဒေသကြီးအတွင်း စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းစသည့်နေရာများတွင် သုံးကြိမ်ဆောင်ရွက်ထားပြီး မန္တလေး အရိုးရောဂါ အထူးကုဆေးရုံကြီးတွင် လေးကြိမ်မြောက်ဆောင်ရွက်ခြင်းဖြစ်ကာ ဆေးရုံများတွင် ပထမဆုံးအကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း #ဇာနှင်း
ဓာတ်ပုံ #ညီထွေး

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~