လားရႈိးၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံ ျပည္သူမ်ား စတုတၳအႀကိမ္ ေတြ႔ဆံု

လားရႈိးၿမိဳ႕တြင္ ဌာနဆိုင္ရာမ်ားႏွင့္ ေဒသခံ ျပည္သူမ်ား စတုတၳအႀကိမ္ ေတြ႔ဆံု
မေ 3, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လားရိႈးၿမိဳ႕တြင္ စတုတၳအႀကိမ္ေျမာက္ ဌာနဆိုင္ရာမ်ားႏွင့္ ျပည္သူလူထု ေတြ႔ဆံုပြဲကို ေမလ (၃) ရက္ေန႔ ေန႔လည္ပိုင္းက က်င္းပျပဳလုပ္ခဲ့ရာ ၿမိဳ႕လူထုေတြ႔ႀကံဳေနရသည့္ အခက္အခဲ တင္ျပခ်က္မ်ားကို သက္ဆိုင္ရာဌာန တာဝန္ရွိသူမ်ားမွ ျပန္လည္ ရွင္းလင္းတင္ျပမႈ ျပဳလုပ္ေၾကာင္း သိရသည္။

“လိမ္ညာေရာင္းခ်တာကို ဝယ္ယူမိတဲ့အခါ မိမိတို႔ ေခၽြးနည္းစာေတြနဲ႔ ဝယ္ယူရတာျဖစ္တဲ့အတြက္ ျပႆနာ တစ္စံုတစ္ရာျဖစ္လို႔ ဥပေဒအရ ေျဖရွင္းတဲ့အခ်ိန္က်ရင္ နစ္နာမႈေတြရွိလာမွာျဖစ္တဲ့အတြက္ ေျမကြက္ေတြ ဝယ္ယူတဲ့ကိစၥမ်ိဳးေတြမွာ သက္ဆိုင္ရာနားလည္တတ္ကၽြမ္းသူေတြကို တိုင္ပင္ၿပီးေတာ့မွ စနစ္တက်ဝယ္ယူ ေစလိုပါတယ္” ဟု ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးေနလင္းထြန္းက ေတြ႔ဆံုပြဲ အမွာစကားတြင္ ထည့္သြင္း ေျပာၾကားခဲ့သည္။

ေမလ (၃) ရက္ေန႔ မြန္းလြဲ (၁) နာရီက လားရိႈးၿမိဳ႕ရွိ ၿမိဳ႕ေတာ္ခန္းမတြင္ လားရႈိးၿမိဳ႕နယ္ အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန အပါအဝင္ သက္ဆိုင္ရာဌာနမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ၿမိဳ႕ေနလူထုတို႔ ေတြ႔ဆံုပြဲကို စတုတၳအႀကိမ္ေျမာက္ က်င္းပျပဳလုပ္ခဲ့ရာ စုစုေပါင္းလူဦးေရ (၄၀၀) ဝန္းက်င္ခန္႔ တက္ေရာက္ခဲ့ေၾကာင္း သိရသည္။

ပထမအႀကိမ္၊ ဒုတိယအႀကိမ္ႏွင့္ တတိယအႀကိမ္ျပဳလုပ္ခဲ့သည့္ လူထုေတြ႔ဆံုပြဲမ်ားတြင္ လားရိႈးၿမိဳ႕နယ္ အတြင္း ေနထိုင္ေနၾကသည့္ ျပည္သူမ်ားမွ မိမိတို႔ေနရပ္မ်ားတြင္ေတြ႔ႀကံဳေနရသည့္ အခက္အခဲမ်ားကို တင္ျပေဆြးေႏြးခဲ့ရာ အေၾကာင္းအရာအား တာဝန္ရွိသည့္ သက္ဆိုင္ရာဌာနမ်ားမွ ၎အခက္အခဲမ်ားႏွင့္ ပတ္သက္သည့္ ရွင္းလင္းခ်က္မ်ားကို ျပန္လည္ေဆြးေႏြးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႔ လားရိႈးၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွလည္း လားရိႈးၿမိဳ႕နယ္အတြင္း လုပ္ေဆာင္ ေပးလ်က္ရွိသည့္ လံုၿခံဳေရးဆိုင္ရာလုပ္ငန္းမ်ား၊ မႈခင္းက်ဆင္းေရးလုပ္ေဆာင္ခ်က္မ်ားကို ေတြ႔ဆံုပြဲသို႔တက္ေရာက္လာသည့္ ဌာနဆိုင္ရာမ်ားႏွင့္ ျပည္သူလူထုတို႔အား ရွင္းလင္းေျပာျပခဲ့ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် စတုတ္ထအကြိမ်မြောက် ဌာနဆိုင်ရာများနှင့် ပြည်သူလူထု တွေ့ဆုံပွဲကို မေလ (၃) ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ရာ မြို့လူထုတွေ့ကြုံနေရသည့် အခက်အခဲ တင်ပြချက်များကို သက်ဆိုင်ရာဌာန တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းတင်ပြမှု ပြုလုပ်ကြောင်း သိရသည်။

“လိမ်ညာရောင်းချတာကို ဝယ်ယူမိတဲ့အခါ မိမိတို့ ချွေးနည်းစာတွေနဲ့ ဝယ်ယူရတာဖြစ်တဲ့အတွက် ပြဿနာ တစ်စုံတစ်ရာဖြစ်လို့ ဥပဒေအရ ဖြေရှင်းတဲ့အချိန်ကျရင် နစ်နာမှုတွေရှိလာမှာဖြစ်တဲ့အတွက် မြေကွက်တွေ ဝယ်ယူတဲ့ကိစ္စမျိုးတွေမှာ သက်ဆိုင်ရာနားလည်တတ်ကျွမ်းသူတွေကို တိုင်ပင်ပြီးတော့မှ စနစ်တကျဝယ်ယူ စေလိုပါတယ်” ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းက တွေ့ဆုံပွဲ အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မေလ (၃) ရက်နေ့ မွန်းလွဲ (၁) နာရီက လားရှိုးမြို့ရှိ မြို့တော်ခန်းမတွင် လားရှိုးမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အပါအဝင် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် မြို့နေလူထုတို့ တွေ့ဆုံပွဲကို စတုတ္ထအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်းလူဦးရေ (၄၀၀) ဝန်းကျင်ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ်ပြုလုပ်ခဲ့သည့် လူထုတွေ့ဆုံပွဲများတွင် လားရှိုးမြို့နယ် အတွင်း နေထိုင်နကြေသည့် ပြည်သူများမှ မိမိတို့နေရပ်များတွင်တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ရာ အကြောင်းအရာအား တာဝန်ရှိသည့် သက်ဆိုင်ရာဌာနများမှ၎င်းအခက်အခဲများနှင့် ပတ်သက်သည့် ရှင်းလင်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ လားရှိုးမြို့နယ်ရဲတပ်ဖွဲ့မှလည်း လားရှိုးမြို့နယ်အတွင်း လုပ်ဆောင် ပေးလျက်ရှိသည့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများ၊ မှုခင်းကျဆင်းရေးလုပ်ဆောင်ချက်များကို တွေ့ဆုံပွဲသို့တက်ရောက်လာသည့် ဌာနဆိုင်ရာများနှင့် ပြည်သူလူထုတို့အား ရှင်းလင်းပြောပြခဲ့ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~