လားရှိုးမြို့တွင် ဆိုင်ခန်းများရှေ့ လမ်းဘေး၌ယာဉ်ရပ်နားမှုကန့်သတ်ခြင်းများကို စည်ပင်မှ သတိပေးနေပြီး အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်
လားရှိုးမြို့တွင် ဆိုင်ခန်းများရှေ့ လမ်းဘေး၌ယာဉ်ရပ်နားမှုကန့်သတ်ခြင်းများကို စည်ပင်မှ သတိပေးနေပြီး အရေးယူမှုများ ဆက်လက်ဆောင်ရွက်မည်
မေ 18, 2018
By Tachileik News Agency
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆိုင်ခန်းများရှေ့၌ ယာဉ်ရပ်နားမှု ကန့်သတ်နေခြင်းများအား ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့မှစ၍ ပထမဆုံးအကြိမ် ပညာပေးနှင့် သတိပေးမှုများကို မြို့နယ်စည်ပင် သာယာရေးဌာနမှ ကြီးကြပ်ရေးအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
အများပြည်သူ တိုင်ကြားမှုကြောင့် လိုက်လံ လုပ်ဆောင်ရခြင်း မဟုတ်ဘဲ မြေပြင်ကွင်းဆင်း လေ့လာမှုများကို ဦးစွာ ပြုလုပ်ပြီးမှ မှားယွင်းနေသည့် အချက်ဖြစ်သည့် “ဆိုင်လာသည့်ယာဉ်များသာ” ဆိုင်းဘုတ်ချကာ နေရာဦးထားမှု များကို ပညာပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်း လမ်း၊တံတား၊ ရေမြောင်းများ ပျက်စီးခြင်းကို ပြုပြင်ရန် လိုအပ်ကြောင်း တွေ့ရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနသို့ သတင်းပို့ ဆက်သွယ်နိုင်ပြီး လူမှုကွန်ယက်ရှိ မြို့နယ်စည်ပင် သာယာရေး စာမျက်နှာတွင်လည်းအကြံပြုချက်များ ပေးပို့ရန် တိုက်တွန်းထားသည်။
သတင်း - နေဖြိုးမြင့်
~~~~~~~~⊰❂ unicode ~~~~~~~~
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဆိုင်ခန်းများရှေ့၌ ယာဉ်ရပ်နားမှု ကန့်သတ်နခြေင်းများအား ၂၀၁၈ ခုနှစ် မေလ (၁၇)ရက်နေ့မှစ၍ ပထမဆုံးအကြိမ် ပညာပေးနှင့် သတိပေးမှုများကို မြို့နယ်စည်ပင် သာယာရေးဌာနမှ ကြီးကြပ်ရေးအဖွဲ့ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။
 “အမှားကြာနေတော့ အမှန်ဖြစ်နေတဲ့ သဘောပေါ့။ ဆိုင်ရှင်တွေဘက် ကနေလည်း တစ်ခြားကားတွေ ယာဉ်တွေ လာရပ်ထားတော့ သူ့ဆိုင်လာတဲ့ သူတွေအတွက်ခက်ခဲတာကို ကြုံရတာရှိတယ်။ ပြည်သူတွေ ဘက်က ကျတော့လည်း အများပိုင်နေရာမှာ အဲဒီလိုနေရာဦးထား၊ ဆိုင်းဘုတ်ထောင်ထားတာကိုမြင်ရ ကြုံရတော့ အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် ကြီးကြပ်ရေးအဖွဲ့တစ်ဖွဲ့ထားပြီးတော့ လိုက်လံစစ်ဆေး ပညာပေး သတိပေးတာ ဖြစ်ပါတယ်”ဟု လားရှိုးမြို့ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လားရှိုးမြို့ရှိ လူသွား လူလာများပြားသည့် ဧရိယာများဖြစ်ကြသည့် ကြာဖြူလမ်း၊ သုခလမ်း စသည့် လူစည်ကား ရာလမ်းနံဘေးများရှိ ပလက်ဖောင်းများပေါ်တွင် “ဆိုင်လာသည့် ယာဉ်များသာ” ဟူသည့် ဆိုင်းဘုတ်များ ချထားခြင်းများကို ရှင်းလင်းကာ ပညာပေးမှုပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
“တစ်ချို့ဆိုင်ရှင်တွေက အဲဒီလို ဆိုင်းဘုတ်ချထားပြီး တစ်ခြားသူတွေ လာရပ်ရင် မောင်းထုတ်တာတွေ ရှိတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေက အရပ်ဝတ်နဲ့သွားပြီး အရင်လေ့လာထားချက်တွေရှိတယ်။ ဒါကြောင့် ဆိုင်ရှင်တွေ နဲ့ ပြည်သူတွေအကြား အဆင်ပြေပြဖြေစ်အောင် ခုလိုပညာပေးလုပ်တာဖြစ်ပါတယ်။ ပညာပေးပြီး နောက်ထပ်လုပ် ရင်တော့ အရေးယူတာတွေဘာတွေလုပ်မယ်” ဟု မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိက ပြောသည်။
အများပြည်သူ တိုင်ကြားမှုကြောင့် လိုက်လံ လုပ်ဆောင်ရခြင်း မဟုတ်ဘဲ မြပြေင်ကွင်းဆင်း လေ့လာမှုများကို ဦးစွာ ပြုလုပ်ပြီးမှ မှားယွင်းနေသည့် အချက်ဖြစ်သည့် “ဆိုင်လာသည့်ယာဉ်များသာ” ဆိုင်းဘုတ်ချကာ နေရာဦးထားမှု များကို ပညာပေးလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လားရှိုးမြို့နပြေည်သူများ အနဖြေင့်လည်း လမ်း၊တံတား၊ ရေမြောင်းများ ပျက်စီးခြင်းကို ပြုပြင်ရန် လိုအပ်ကြောင်း တွေ့ရှိပါက မြို့နယ်စည်ပင်သာယာရေးဌာနသို့ သတင်းပို့ ဆက်သွယ်နိုင်ပြီး လူမှုကွန်ယက်ရှိ မြို့နယ်စည်ပင် သာယာရေး စာမျက်နှာတွင်လည်းအကြံပြုချက်များ ပေးပို့ရန် တိုက်တွန်းထားသည်။
သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - လားရှိုး စည်ပင်
 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~