တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးတြင္ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦးေသဆံုး

တာခ်ီလိတ္ၿမိဳ႕လယ္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးတြင္ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦးေသဆံုး
မေ 8, 2018
By Tachileik News Agency
ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘးတြင္ အမည္မသိ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦးေသဆံုးမႈ ေမလ(၈)ရက္ေန႔ ည(၈)နာရီခြဲ၀န္းက်င္အခ်ိန္က ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္းမႀကီးေဘး၊ ၿမိဳ႕နယ္အေကာက္ခြန္ဦးစီးဌာနရံုးေရွ႕ရွိ ဆိုင္ခန္းေရွ႕တြင္ အမည္မသိ အိမ္ေျခမဲ့ အမ်ဳိးသားတစ္ဦး ေသဆံုးေနသည့္အတြက္ တာခ်ီလိတ္ၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴးမ်ဳိးခိုင္ႏွင့္ တာ၀န္ရွိသူမ်ားက စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ျပည္သူ႔ေဆးရံုရွိ ရင္ခြဲရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း သိရသည္။

တာခ်ီလိတ္တြင္ အိမ္ေျခမဲ့ေလလႊင့္သူမ်ား မ်ားလာၿပီး ညပိုင္းမ်ားတြင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္းမႀကီးတစ္ေလွ်ာက္ရွိ အခ်ဳိ႕ေနရာမ်ားတြင္ အိပ္ျခင္း၊ ခိုနားျခင္းမ်ား ျပဳလုပ္ေလ့ရွိၿပီး ယခုလို လမ္းေဘးတြင္ ေသဆံုးမႈမ်ား ယခင္ကလည္း ျဖစ္ပြားေလ့ရွိေၾကာင္း ႏွင့္ လမ္းေဘးတြင္ ေသဆံုး သူမ်ားသည္ အဟာရခ်ဳိ႕ယြင္းၿပီး က်န္းမာေရး ထိခိုက္မႈမ်ားေၾကာင့္ ျဖစ္ေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေးတွင် အမည်မသိ အိမ်ခြေမဲ့ အမျိုးသားတစ်ဦးသေဆုံးမှု မေလ(၈)ရက်နေ့ ည(၈)နာရီခွဲဝန်းကျင်အချိန်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးဘေး၊ မြို့နယ်အကောက်ခွန်ဦးစီးဌာနရုံးရှေ့ရှိ ဆိုင်ခန်းရှေ့တွင် အမည်မသိ အိမ်ခြေမဲ့ အမျိုးသားတစ်ဦး သေဆုံးနေသည့်အတွက် တာချီလိတ်မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးခိုင်နှင့် တာဝန်ရှိသူများက စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် တာချီလိတ်နာရေးကူညီမှုအသင်းက ပြည်သူ့ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

တာချီလိတ်တွင် အိမ်ခြေမဲ့လေလွှင့်သူများ များလာပြီး ညပိုင်းများတွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးတစ်လျှောက်ရှိ အချို့နေရာများတွင် အိပ်ခြင်း၊ ခိုနားခြင်းများ ပြုလုပ်လေ့ရှိပြီး ယခုလို လမ်းဘေးတွင် သေဆုံးမှုများ ယခင်ကလည်း ဖြစ်ပွားလေ့ရှိကြောင်း နှင့် လမ်းဘေးတွင် သေဆုံး သူများသည် အဟာရချို့ယွင်းပြီး ကျန်းမာရေး ထိခိုက်မှုများကြောင့် ဖြစ်ကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~