ေက်ာက္မဲၿမိဳ႕၏ တစ္ခုတည္းေသာ ပန္းၿခံကို ျပည္သူ႔ရင္ျပင္ထည့္သြင္းၿပီး ျပန္လည္ျပဳျပင္မည္ ျဖစ္ေသာ္လည္း သတ္မွတ္ရက္ မသိေပး

ေက်ာက္မဲၿမိဳ႕၏ တစ္ခုတည္းေသာ ပန္းၿခံကို ျပည္သူ႔ရင္ျပင္ထည့္သြင္းၿပီး ျပန္လည္ျပဳျပင္မည္ ျဖစ္ေသာ္လည္း သတ္မွတ္ရက္ မသိေပး
မေ 17, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕အဝင္ရိွ နႏၵမာလာပန္းၿခံမွာ လက္ရိွတြင္ အျမင္မတင့္တယ္သျဖင့္ ျပန္လည္ ျပဳျပင္ျခင္းမ်ားႏွင့္အတူ ျပည္သူ႔ရင္ျပင္လည္း ထည့္သြင္း တည္ေဆာက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ပန္းၿခံကို ျပန္ၿပီးျပဳျပင္ဖို႔ရာ အစီအစဥ္ လုပ္ေနပါတယ္။ စည္ပင္သာယာေရးဌာနကလည္း တင္ျပ ထားတာေတြ ရွိတယ္။ ၿမိဳ႕လူထုနဲ႔ ပူးေပါင္းၿပီးေတာ့ လုပ္ေဆာင္သြားဖို႔ ရွိပါတယ္။ ျပည္သူ႔ရင္ျပင္လိုမ်ိဳး ရင္ျပင္ က်ယ္က်ယ္လည္း လုပ္ေပးသြားဖို႔ ရွိပါတယ္။ ပန္းၿခံကို ပိုၿပီး တင့္တယ္လာေအာင္ ျပင္ဆင္ ေပးသြားမွာပါ။ အခ်ိန္အတိ အက်ေတာ့ အစီအစဥ္ကို အေကာင္အထည္ေဖၚတဲ့ အခ်ိန္မွ သိမွာပါ” ဟု ေက်ာက္မဲၿမိဳ႕နယ္စည္ပင္သာယာေရးေကာ္မတီမွ ဥကၠဌ ဦးတင္ဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျပည္ေထာင္စုလမ္းမႀကီးမွ ေက်ာက္မဲၿမိဳ႕သို႔အဝင္ ပင္လံုလမ္းမႀကီးနံေဘးရွိ နႏၵမာလာပန္းၿခံမွာ ၂၀၀၂ ခုႏွစ္က ကေလးကစားရန္ႏွင့္ ျပဳျပင္မြမ္းမံမႈမ်ား ရိွခဲ့ေသာ္လည္း ေနာက္ပိုင္းတြင္ ျပဳျပင္ထိန္းသိမ္းမႈ မရိွေတာ့သျဖင့္ ပ်က္ဆီးယိုယြင္း လာျခင္းျဖစ္ေၾကာင္း သိရသည္။

“အမႈိက္ေတြလည္း စည္းကမ္းမဲ့ပစ္ထားတာေတြကို မရွင္းလင္းႏိုင္တာေတြ႔တယ္။ ေဆးထိုးအပ္ေတြလည္း ေတြ႔တယ္၊ ပန္းၿခံထဲမွာက မိသားစု အပန္းေျဖနားေနစရာ ေနရာေတာင္ မရွိဘူး။ နားေနေဆာင္ေတြ ကလည္း ပ်က္စီးေနတယ္။ သစ္သားအဝိုင္းပတ္ ထိုင္ခံုေတြလည္းမရွိေတာ့ဘူး။ ခရိုင္ၿမိဳ႕ႀကီးတစ္ခုျဖစ္ေပမဲ့ ၿမိဳ႕သူ ၿမိဳ႕သားေတြအတြက္ အပန္းေျဖစရာ ပန္းၿခံတစ္ခုအျဖစ္ ေသေသခ်ာခ်ာေလး စီမံေပးေစလိုပါတယ္” ဟု ေက်ာက္မဲၿမိဳ႕ ခိုမုန္းေက်းရြာတြင္ ေနထိုင္သည့္ မနန္းေအးေအးေစာက ေျပာသည္။

ဗိုလ္ခ်ဳပ္ပံုတူေၾကးရုပ္တု၊ လြတ္လပ္ေရးေက်ာက္တိုင္ႏွင့္ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာနမွ ကိုင္တြယ္ ေနသည့္ ပ်ိဳးပင္ေပါက္စိုက္ခင္းမွလြဲ၍ နႏၵမာလာပန္းၿခံအတြင္းတြင္ အနားယူအပန္းေျဖစရာ မ်က္စိပသာဒ ျဖစ္ေစမည့္ ပန္းၿခံျမင္ကြင္းမ်ား မရွိေတာ့သည့္အတြက္ သက္ဆိုင္ရာဌာနမ်ားမွ ျဖည့္ဆည္း ေဆာင္ရြက္ေပးေစလိုေၾကာင္း ေဒသခံတို႔က ဆိုသည္။

“ပန္းၿခံလို႔သာ ေျပာတယ္။ ပ်ိဳးပင္ေတြ ရွိတာကလြဲရင္ တစ္ျခားအပန္းေျဖစရာ ပန္းပင္ေတြဘာေတြန႔ဲ ျမင္ကြင္း ေကာင္းတာမရွိဘူး။ အခုဆို ေရကန္လယ္က တံတားလည္း ပ်က္စီးယိုယြင္းေနတယ္။ ထိုင္စရာ ေနရာေတြက ထိုင္ခံုေတြ ေခါင္မိုးေတြလည္း ပ်က္စီးေနတယ္။ ၿမိဳ႕ရဲ႕တစ္ခုတည္းေသာ ပန္းၿခံျဖစ္တဲ့အတြက္ သက္ဆိုင္ရာက ျပင္ဆင္ျဖည့္ဆည္းေပးေစလိုပါတယ္” ဟု ေက်ာက္မဲေဒသခံတစ္ဦးျဖစ္သည့္ ကိုစိုင္းမိုးက ေျပာသည္။

နႏၵမာလာပန္းၿခံမွာ ေက်ာက္မဲၿမိဳ႕၏ တစ္ခုတည္းေသာ ပန္းၿခံျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ေနၿဖိဳးျမင့္


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့အဝင်ရှိ နန္ဒမာလာပန်းခြံမှာ လက်ရှိတွင် အမြင်မတင့်တယ်သဖြင့် ပြန်လည် ပြုပြင်ခြင်းများနှင့်အတူ ပြည်သူ့ရင်ပြင်လည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ပန်းခြံကို ပြန်ပြီးပြုပြင်ဖို့ရာ အစီအစဉ် လုပ်နေပါတယ်။ စည်ပင်သာယာရေးဌာနကလည်း တင်ပြ ထားတာတွေ ရှိတယ်။ မြို့လူထုနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားဖို့ ရှိပါတယ်။ ပြည်သူ့ရင်ပြင်လိုမျိုး ရင်ပြင် ကျယ်ကျယ်လည်း လုပ်ပေးသွားဖို့ ရှိပါတယ်။ ပန်းခြံကို ပိုပြီး တင့်တယ်လာအောင် ပြင်ဆင် ပေးသွားမှာပါ။ အချိန်အတိ အကျတော့ အစီအစဉ်ကို အကောင်အထည်ဖော်တဲ့ အချိန်မှ သိမှာပါ” ဟု ကျောက်မဲမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြည်ထောင်စုလမ်းမကြီးမှ ကျောက်မဲမြို့သို့အဝင် ပင်လုံလမ်းမကြီးနံဘေးရှိ နန္ဒမာလာပန်းခြံမှာ ၂၀၀၂ ခုနှစ်က ကလေးကစားရန်နှင့် ပြုပြင်မွမ်းမံမှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ပြုပြင်ထိန်းသိမ်းမှု မရှိတော့သဖြင့် ပျက်ဆီးယိုယွင်း လာခြင်းဖြစ်ကြောင်း သိရသည်။

“အမှိုက်တွေလည်း စည်းကမ်းမဲ့ပစ်ထားတာတွေကို မရှင်းလင်းနိုင်တာတွေ့တယ်။ ဆေးထိုးအပ်တွေလည်း တွေ့တယ်၊ ပန်းခြံထဲမှာက မိသားစု အပန်းဖြေနားနေစရာ နေရာတောင် မရှိဘူး။ နားနေဆောင်တွေ ကလည်း ပျက်စီးနေတယ်။ သစ်သားအဝိုင်းပတ် ထိုင်ခုံတွေလည်းမရှိတော့ဘူး။ ခရိုင်မြို့ကြီးတစ်ခုဖြစ်ပေမဲ့ မြို့သူ မြို့သားတွေအတွက် အပန်းဖြေစရာ ပန်းခြံတစ်ခုအဖြစ် သေသေချာချာလေး စီမံပေးစေလိုပါတယ်” ဟု ကျောက်မဲမြို့ ခိုမုန်းကျေးရွာတွင် နေထိုင်သည့် မနန်းအေးအေးစောက ပြောသည်။

ဗိုလ်ချုပ်ပုံတူကြေးရုပ်တု၊ လွတ်လပ်ရေးကျောက်တိုင်နှင့် မြို့နယ်စည်ပင်သာယာရေးဌာနမှ ကိုင်တွယ် နေသည့် ပျိုးပင်ပေါက်စိုက်ခင်းမှလွဲ၍ နန္ဒမာလာပန်းခြံအတွင်းတွင် အနားယူအပန်းဖြေစရာ မျက်စိပသာဒ ဖြစ်စေမည့် ပန်းခြံမြင်ကွင်းများ မရှိတော့သည့်အတွက် သက်ဆိုင်ရာဌာနများမှ ဖြည့်ဆည်း ဆောင်ရွက်ပေးစေလိုကြောင်း ဒေသခံတို့က ဆိုသည်။

“ပန်းခြံလို့သာ ပြောတယ်။ ပျိုးပင်တွေ ရှိတာကလွဲရင် တစ်ခြားအပန်းဖြေစရာ ပန်းပင်တွေဘာတွေနဲ့ မြင်ကွင်း ကောင်းတာမရှိဘူး။ အခုဆို ရေကန်လယ်က တံတားလည်း ပျက်စီးယိုယွင်းနေတယ်။ ထိုင်စရာ နေရာတွေက ထိုင်ခုံတွေ ခေါင်မိုးတွေလည်း ပျက်စီးနေတယ်။ မြို့ရဲ့တစ်ခုတည်းသော ပန်းခြံဖြစ်တဲ့အတွက် သက်ဆိုင်ရာက ပြင်ဆင်ဖြည့်ဆည်းပေးစေလိုပါတယ်” ဟု ကျောက်မဲဒေသခံတစ်ဦးဖြစ်သည့် ကိုစိုင်းမိုးက ပြောသည်။

နန္ဒမာလာပန်းခြံမှာ ကျောက်မဲမြို့၏ တစ်ခုတည်းသော ပန်းခြံဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~