ေနအိမ္အတြင္း မီးဝင္ရိႈ႕သူအား တားျမစ္သည့္ အမ်ိဳးသမီး ဓါတ္ဆီျဖင့္ပက္၍ မီးရိႈ႕ခံရ

ေနအိမ္အတြင္း မီးဝင္ရိႈ႕သူအား တားျမစ္သည့္ အမ်ိဳးသမီး ဓါတ္ဆီျဖင့္ပက္၍ မီးရိႈ႕ခံရ
မေ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ ရပ္ကြက္(၇)တြင္ ၂၀၁၈ ခုႏွစ္ ေမလ (၈)ရက္ေန႔ ညေန (၄)နာရီ (၄၅) မိနစ္၀န္းက်င္အခ်ိန္က ေနအိမ္တစ္လံုးအတြင္း ဝင္ေရာက္ၿပီး မီးရိႈ႕ရန္ႀကိဳးစားသူအား တားျမစ္သည့္ အိမ္နီးခ်င္း အမ်ိဳးသမီးကို ဓါတ္ဆီျဖင့္ပက္၍ မီးရိႈ႕မႈျဖစ္ပြားေၾကာင္း သိရသည္။

ေဒၚစိုးစိုး၏ ေနအိမ္အတြင္းသို႔ ေက်ာ္ဆန္းလိႈင္(ခ)အားဖူဆိုသူက ဝင္ေရာက္လာၿပီး ေနအိမ္အတြင္းရွိ ဂတ္စ္အိုးအား ၎တြင္ အသင့္ပါလာေသာ ဓါတ္ဆီဗူးျဖင့္ ေလာင္း၍ မီးရွို႕ရန္ျပဳလုပ္ေနစဥ္ အိမ္နီးခ်င္း ျဖစ္သူ ေဒၚစန္းစန္းလိႈင္ဆိုသူက ဝင္ေရာက္တားျမစ္ရာ  ဓာတ္ဆီျဖင့္ ပက္၍ မီးရိႈ႕ခံရၿပီး ေနအိမ္ကိုလည္း မီးရိႈ႕ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မီးရိႈ႕ခံရသျဖင့္ ေဒၚစန္းစန္းလိႈင္တြင္ မီးေလာင္ဒဏ္ရာမ်ား ရရိွသြားၿပီး ေနအိမ္အတြင္းရိွ ပစၥည္းအခ်ိဳ႕ မီးေလာင္ ဆံုးရံႈးသြားေၾကာင္း သိရသည္။

ေက်ာ္ဆန္းလိႈင္(ခ) အားဖူအား ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ (ပ)၂၀၂/၂၀၁၈၊ ရာဇသတ္ႀကီးပုဒ္မ ၄၃၆/၃၂၆ ျဖင့္ အမႈဖြင့္ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္းခမ္း
ဓါတ္ပံု - ျပည္ထဲေရး


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ ရပ်ကွက်(၇)တွင် ၂၀၁၈ ခုနှစ် မေလ (၈)ရက်နေ့ ညနေ (၄)နာရီ (၄၅) မိနစ်ဝန်းကျင်အချိန်က နေအိမ်တစ်လုံးအတွင်း ဝင်ရောက်ပြီး မီးရှို့ရန်ကြိုးစားသူအား တားမြစ်သည့် အိမ်နီးချင်း အမျိုးသမီးကို ဓာတ်ဆီဖြင့်ပက်၍ မီးရှို့မှုဖြစ်ပွားကြောင်း သိရသည်။

ဒေါ်စိုးစိုး၏ နေအိမ်အတွင်းသို့ ကျော်ဆန်းလှိုင်(ခ)အားဖူဆိုသူက ဝင်ရောက်လာပြီး နေအိမ်အတွင်းရှိ ဂတ်စ်အိုးအား၎င်းတွင် အသင့်ပါလာသော ဓာတ်ဆီဗူးဖြင့် လောင်း၍ မီးရှို့ရန်ပြုလုပ်နေစဉ် အိမ်နီးချင်း ဖြစ်သူ ဒေါ်စန်းစန်းလှိုင်ဆိုသူက ဝင်ရောက်တားမြစ်ရာ ဓာတ်ဆီဖြင့် ပက်၍ မီးရှို့ခံရပြီး နေအိမ်ကိုလည်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးရှို့ခံရသဖြင့် ဒေါ်စန်းစန်းလှိုင်တွင် မီးလောင်ဒဏ်ရာများ ရရှိသွားပြီး နေအိမ်အတွင်းရှိ ပစ္စည်းအချို့ မီးလောင် ဆုံးရှုံးသွားကြောင်း သိရသည်။

ကျော်ဆန်းလှိုင်(ခ) အားဖူအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၂၀၂/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၃၂၆ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်းခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~