တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း အိုက္စ္မ်ား ဖမ္းဆီးရမိၿပီး အမ်ဳိးသား(၂)ဦးအနက္ (၁)ဦးမွာ ထြက္ေျပးတိမ္းေရွာင္

တာခ်ီလိတ္ၿမိဳ႕ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စုအတြင္း အိုက္စ္မ်ား ဖမ္းဆီးရမိၿပီး အမ်ဳိးသား(၂)ဦးအနက္ (၁)ဦးမွာ ထြက္ေျပးတိမ္းေရွာင္
မေ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္ပူးေပါင္း စစ္ေဆးေရး စခန္းတြင္ မူးယစ္ေဆး၀ါးတင္ေဆာင္လာသည့္ ေမာ္ေတာ္ယာဥ္ေပၚမွ အမ်ဳိးသား (၂)ဦးအနက္ ယာဥ္ေမာင္းျဖစ္သူမွာ ထြက္ေျပးတိမ္းေရွာင္သြားၿပီး  မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ (Ice) (၄၈)ကီလို ၀န္းက်င္ကို ေမလ(၁၄)ရက္ေန႔ နံနက္အေစာပိုင္းက သိမ္းဆည္းရမိေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕နယ္၊ မုိင္းဖုန္း(ခ)ေက်းရြာအုပ္စု၊ ေ၀ွေလလန္ပူးေပါင္းစစ္ေဆးေရးစခန္းတြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္မွ တပ္ဖြဲ႔၀င္မ်ားႏွင့္ သက္ဆိုင္ရာပူးေပါင္းအဖြဲ႔တို႔ လုပ္ငန္းတာ၀န္ေဆာင္ရြက္ေနစဥ္ ၂၀၁၈ခုႏွစ္ ေမလ(၁၄)ရက္ေန႔ နံနက္(၃)နာရီခြဲ၀န္းက်င္ အခ်ိန္က တာခ်ီလိတ္ဘက္မွ ၀မ္ပံုဘက္သို႔ အိုက္ႏြန္ ေမာင္းႏွင္လာၿပီး စိုင္းေက်ာက္ လိုက္ပါလာသည့္ Mark-ll အမ်ဳိးအစားေမာ္ေတာ္ယာဥ္အား  ရပ္တန္႔ စစ္ေဆးရွာေဖြရာက မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ (Ice) မ်ားကို ဖမ္းဆီးရမိျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔တြင္ ယာဥ္အား ရပ္တန္႔စစ္ေဆး ရွာေဖြစဥ္ ယာဥ္ေမာင္း  အိုက္ႏြန္ဆိုသူမွာ ယာဥ္ေပၚမွ ခုန္ခ် ထြက္ေျပးသြားခဲ့ၿပီးေနာက္ ယာဥ္ေပၚမွ လိုက္ပါလာသူ စိုင္းေက်ာက္အား ဖမ္းဆီး ထိန္းသိမ္းကာ ယာဥ္အတြင္း ဆက္လက္ရွာေဖြရာမွ ယာဥ္ေနာက္ဖံုးအတြင္း၌ ဆာလာအိတ္(၃)လံုးျဖင့္ ထည့္ထားသည့္ မက္သာအဖက္တမင္ ဟိုက္ၿဒိဳကလိုရိုက္ (Ice) စုစုေပါင္း (၄၈)ကီလို၀န္းက်င္ ႏွင့္ လက္ကိုင္ဖုန္း (၃)လံုးတို႔အား သိမ္းဆည္း ရမိေၾကာင္း သိရသည္။

အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္းေက်ာက္ ႏွင့္ ထြက္ေျပးတိမ္းေရွာင္ေနသူ အိုက္ႏြန္ တို႔အား ၀မ္ပံုနယ္ေျမရဲစခန္းတြင္ မယ(ပ)၃/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိၿပီး ထြက္ေျပး တိမ္းေရွာင္ေနသူအား ဖမ္းဆီးရ မိေရးအတြက္ ရဲတပ္ဖြဲ႔က ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်း စစ်ဆေးရေး စခန်းတွင် မူးယစ်ဆေးဝါးတင်ဆောင်လာသည့် မော်တော်ယာဉ်ပေါ်မှ အမျိုးသား (၂)ဦးအနက် ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးတိမ်းရှောင်သွားပြီး မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် (Ice) (၄၈)ကီလို ဝန်းကျင်ကို မေလ(၁၄)ရက်နေ့ နံနက်အစောပိုင်းက သိမ်းဆည်းရမိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝှေလေလန်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ်မှ တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာပူးပေါင်းအဖွဲ့တို့ လုပ်ငန်းတာဝန်ဆောင်ရွက်နေစဉ် ၂၀၁၈ခုနှစ် မေလ(၁၄)ရက်နေ့ နံနက်(၃)နာရီခွဲဝန်းကျင် အချိန်က တာချီလိတ်ဘက်မှ ဝမ်ပုံဘက်သို့ အိုက်နွန် မောင်းနှင်လာပြီး စိုင်းကျောက် လိုက်ပါလာသည့် Mark-ll အမျိုးအစားမော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် (Ice) များကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့တွင် ယာဉ်အား ရပ်တန့်စစ်ဆေး ရှာဖွေစဉ် ယာဉ်မောင်း အိုက်နွန်ဆိုသူမှာ ယာဉ်ပေါ်မှ ခုန်ချ ထွက်ပြေးသွားခဲ့ပြီးနောက် ယာဉ်ပေါ်မှ လိုက်ပါလာသူ စိုင်းကျောက်အား ဖမ်းဆီး ထိန်းသိမ်းကာ ယာဉ်အတွင်း ဆက်လက်ရှာဖွေရာမှ ယာဉ်နောက်ဖုံးအတွင်း၌ ဆာလာအိတ်(၃)လုံးဖြင့် ထည့်ထားသည့် မက်သာအဖက်တမင် ဟိုက်ဒြိုကလိုရိုက် (Ice) စုစုပေါင်း (၄၈)ကီလိုဝန်းကျင် နှင့် လက်ကိုင်ဖုန်း (၃)လုံးတို့အား သိမ်းဆည်း ရမိကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းကျောက် နှင့် ထွက်ပြေးတိမ်းရှောင်နေသူ အိုက်နွန် တို့အား ဝမ်ပုံနယ်မြေရဲစခန်းတွင် မယ(ပ)၃/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိပြီး ထွက်ပြေး တိမ်းရှောင်နေသူအား ဖမ်းဆီးရ မိရေးအတွက် ရဲတပ်ဖွဲ့က ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~