တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ထာဝရေငြပေဒသာပင္အတြက္ ခရိုင္ ေထြ/အုပ္ႏွင့္ မီးလင္းေရးေကာ္မတီတို႔မွ က်ပ္သိန္း(၆၀၀)လွဴဒါန္းၿပီး ေက်ာက္ကပ္ေဆးစက္(၂)လံုးအတြက္ က်ပ္သိန္း(၄၀၀)ကို မီးလင္းေရးက လွဴဒါန္း

တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံု ထာဝရေငြပေဒသာပင္အတြက္ ခရိုင္ ေထြ/အုပ္ႏွင့္ မီးလင္းေရးေကာ္မတီတို႔မွ က်ပ္သိန္း(၆၀၀)လွဴဒါန္းၿပီး ေက်ာက္ကပ္ေဆးစက္(၂)လံုးအတြက္ က်ပ္သိန္း(၄၀၀)ကို မီးလင္းေရးက လွဴဒါန္း
မေ 14, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ခရိုင္ျပည္သူ႔ေဆးရံုႀကီးတြင္ ဆင္းရဲႏြမ္းပါးလူနာမ်ား ေဆးကုသ စရိတ္ အတြက္ တာခ်ီလိတ္ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕မီးလင္းေရးေကာ္မတီႏွင့္ ၿမိဳ႕မီးလင္းေရးရုံးခြဲတို႔က က်ပ္သိန္း(၁၀၀၀)ကို ေမလ (၁၄)ရက္ေန႔ နံနက္က လွဴဒါန္းေၾကာင္း သိရသည္။

အဆိုပါ လွဴဒါန္းေငြ ေပးအပ္ျခင္းကို တာခ်ီလိတ္ၿမိဳ႕၊ မကာဟိုခမ္းရပ္ကြက္အတြင္းရွိ ၿမိဳ႕မီးလင္းေရးရုံးတြင္ ၂၀၁၈ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔ နံနက္ပိုင္းက ျပဳလုပ္သည့္ ၿမိဳ႕မီးလင္းေရးေကာ္မတီအစည္းအေဝး၌ အစည္းအေဝး ဆုံးျဖတ္ခ်က္ျဖင့္ ေပးအပ္ခဲ့ျခင္း ျဖစ္သည္။

"ေဆးရုံႀကီးရဲ႕ ထာဝရေငြပေဒသာပင္အတြက္ မီးလင္းေရးေကာ္မတီကေနၿပီးေတာ့ က်ပ္သိန္း (၅၀၀) မတည္ပါတယ္။ ကၽြန္ေတာ့္ရုံးကေနၿပီးေတာ့ သိန္း(၁၀၀) မတည္ပါတယ္။ အဲဒီမတည္ေငြက ေဆးရုံမွာ ဘဏ္စာအုပ္တစ္ခုဖြင့္ၿပီးေတာ့ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးရယ္၊ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးရယ္၊ ေဆးရုံအုပ္ႀကီးတို႕က ဒီေငြကို ထိန္းပါမယ္။ ၿပီးရင္ ေဆးရုံမွာက ေကာ္မတီတစ္ခုဖြဲ႔ၿပီးေတာ့ လူနာတစ္ေယာက္က က်န္းမာေရးလည္း မေကာင္းဘူး။ ေငြေရး ေၾကးေရးအရ အခက္အခဲလည္း ရိွတယ္ဆုိရင္ သက္ဆိုင္ရာ ေကာ္မတီက ေထာက္ခံတယ္ ဆိုရင္ အပ္ထားတဲ့ ေငြကရတဲ့ အျမတ္အစြန္းေငြကေနၿပီးေတာ့ ေဆးကုသ စရိတ္ကို ေထာက္ပံ့မွာျဖစ္ပါတယ္"ဟု တာခ်ီလိတ္ခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးတင္ဝင္းေရႊက အဆိုပါ အစည္းအေဝးတြင္ ေျပာသည္။

တာခ်ီလိတ္ခရိုင္ ခုတင္(၁၀၀)ဆံ့ ျပည္သူ႔ေဆးရံုႀကီးအတြက္ ခရိုင္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ ေဒသဖြံ႕ၿဖဳိးေရးရန္ပံုေငြ ႏွင့္ ၿမိဳ႕မီးလင္းေရးေကာ္မတီတို႔မွ အရင္းမေပ်ာက္ မတည္ေငြအျဖစ္ က်ပ္သိန္း(၆၀၀)အျပင္ ေဒသတြင္းရွိ ေက်ာက္ကပ္ ေဝဒနာရွင္မ်ားအား ပိုမိုအဆင္ေျပစြာ ေဆးကုသမႈမ်ား ျပဳလုပ္ေပးႏိုင္ရန္ အတြက္ ေက်ာက္ကပ္ေဆးစက္(၂)လုံး ထပ္မံဝယ္ယူႏုိုင္ရန္ ၿမိဳ႕မီးလင္းေရးေကာ္မတီမွ က်ပ္သိန္း(၂၀၀)ႏွင့္ ၿမိဳ႕မီးလင္းေရးရုံးခြဲမွ က်ပ္သိန္း(၂၀၀)တို႔ကို လွဴဒါန္းေပးျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရိွတြင္ ခရိုင္ေဆးရုံႀကီး၌ ေက်ာက္ကပ္ေဆးစက္(၁)လုံးျဖင့္ လူနာမ်ားကို ကုသေပးေနေသာ္လည္း လူနာမ်ားလာသျဖင့္ အခ်ိဳ႕လူနာမ်ားမွာ ထိုင္းႏိုင္ငံတြင္ သြားေရာက္ကုသေနရမႈမ်ားရိွသျဖင့္ ေက်ာက္ကပ္ ေဆးစက္ (၂)လုံးကို ထပ္မံ ဝယ္ယူေပးသြားမည္ျဖစ္ၿပီး ေက်ာက္ကပ္ေဆးစက္တစ္လုံးကို ရိုးရိုးလူနာမ်ားအတြက္ အသုံးျပဳမည္ျဖစ္ၿပီး က်န္တစ္လုံးကိုမူ HIV၊AIDS ႏွင့္ B ပိုး၊C ပိုး ေ၀ဒနာရွင္မ်ားအတြက္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု - ဇြဲျမတ္

~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆင်းရဲနွမ်းပါးလူနာများ ဆေးကုသ စရိတ် အတွက် တာချီလိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မီးလင်းရေးကော်မတီနှင့် မြို့မီးလင်းရေးရုံးခွဲတို့က ကျပ်သိန်း(၁၀၀၀)ကို မေလ (၁၄)ရက်နေ့ နံနက်က လှူဒါန်းကြောင်း သိရသည်။

အဆိုပါ လှူဒါန်းငွေ ပေးအပ်ခြင်းကို တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်အတွင်းရှိ မြို့မီးလင်းရေးရုံးတွင် ၂၀၁၈ ခုနှစ်၊ မေလ (၁၄)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်သည့် မြို့မီးလင်းရေးကော်မတီအစည်းအဝေး၌ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

"ဆေးရုံကြီးရဲ့ ထာဝရငွေပဒေသာပင်အတွက် မီးလင်းရေးကော်မတီကနပြေီးတော့ ကျပ်သိန်း (၅၀၀) မတည်ပါတယ်။ ကျွန်တော့်ရုံးကနပြေီးတော့ သိန်း(၁၀၀) မတည်ပါတယ်။ အဲဒီမတည်ငွေက ဆေးရုံမှာ ဘဏ်စာအုပ်တစ်ခုဖွင့်ပြီးတော့ ခရိုင်အုပ်ချုပ်ရေးမှူးရယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရယ်၊ ဆေးရုံအုပ်ကြီးတို့က ဒီငွေကို ထိန်းပါမယ်။ ပြီးရင် ဆေးရုံမှာက ကော်မတီတစ်ခုဖွဲ့ပြီးတော့ လူနာတစ်ယောက်က ကျန်းမာရေးလည်း မကောင်းဘူး။ ငွေရေး ကြေးရေးအရ အခက်အခဲလည်း ရှိတယ်ဆိုရင် သက်ဆိုင်ရာ ကော်မတီက ထောက်ခံတယ် ဆိုရင် အပ်ထားတဲ့ ငွေကရတဲ့ အမြတ်အစွန်းငွေကနပြေီးတော့ ဆေးကုသ စရိတ်ကို ထောက်ပံ့မှာဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေက အဆိုပါ အစည်းအဝေးတွင် ပြောသည်။

တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ နှင့် မြို့မီးလင်းရေးကော်မတီတို့မှ အရင်းမပျောက် မတည်ငွေအဖြစ် ကျပ်သိန်း(၆၀၀)အပြင် ဒေသတွင်းရှိ ကျောက်ကပ် ဝေဒနာရှင်များအား ပိုမိုအဆင်ပြေစွာ ဆေးကုသမှုများ ပြုလုပ်ပေးနိုင်ရန် အတွက် ကျောက်ကပ်ဆေးစက်(၂)လုံး ထပ်မံဝယ်ယူနိုင်ရန် မြို့မီးလင်းရေးကော်မတီမှ ကျပ်သိန်း(၂၀၀)နှင့် မြို့မီးလင်းရေးရုံးခွဲမှ ကျပ်သိန်း(၂၀၀)တို့ကို လှူဒါန်းပေးခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ခရိုင်ဆေးရုံကြီး၌ ကျောက်ကပ်ဆေးစက်(၁)လုံးဖြင့် လူနာများကို ကုသပေးနေသော်လည်း လူနာများလာသဖြင့် အချို့လူနာများမှာ ထိုင်းနိုင်ငံတွင် သွားရောက်ကုသနေရမှုများရှိသဖြင့် ကျောက်ကပ်ဆေးစက် (၂)လုံးကို ထပ်မံ ဝယ်ယူပေးသွားမည်ဖြစ်ပြီး ကျောက်ကပ်ဆေးစက်တစ်လုံးကို ရိုးရိုးလူနာများအတွက် အသုံးပြုမည်ဖြစ်ပြီး ကျန်တစ်လုံးကိုမူ HIV၊AIDS နှင့် B ပိုး၊C ပိုးေဝဒနာရှင်များအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - ဇွဲမြတ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~