သီေပါၿမိဳ႕ကုန္းသာေက်းရြာတြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခံရ

သီေပါၿမိဳ႕ကုန္းသာေက်းရြာတြင္ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခံရ
မေ 9, 2018
By Tachileik News Agency

ရွမ္းျပည္နယ္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ ကုန္းသာေက်းရြာတြင္ ေမလ (၉) ရက္ေန႔နံနက္ပိုင္းက အမ်ိဳးသား တစ္ဦးေသနတ္ျဖင့္ ပစ္ခတ္ခံရသျဖင့္ သီေပါျပည္သူ႔ေဆးရံုတြင္ ကုသမႈခံယူေနရေၾကာင္း သီေပါၿမိဳ႕ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ထံမွ သိရသည္။

“မနက္ (၉)နာရီဝန္းက်င္မွာ ျဖစ္တာ။ ပစ္ခံရသူက မေသဘူး ျဖစ္စဥ္ အေသးစိတ္ကိုေတာ့ မေျပာျပႏိုင္ေသးဘူး။ စစ္ေဆးေနဆဲပဲ ရွိေသးတယ္”ဟု သီေပါၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴးရံုးမွ တာဝန္မွဴးရဲ အရာရွိက တာခီ်လိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ေသနတ္ပစ္ခံရသူမွာ ကုန္းသာေက်းရြာမွ စိုင္းေက်ာ္မိုးဆိုသူျဖစ္ကာ အခင္းျဖစ္ေနရာတြင္ ရဲတပ္ဖြဲ႕က စစ္ေဆးၿပီးေနာက္ သီေပါၿမိဳ႕ရွိ နယ္စည္းမျခား ပရဟိတအသင္းက သီေပါျပည္သူ႔ေဆးရံုသို႔ ပို႔ေဆာင္ ေပးထားေၾကာင္း သိရသည္။

ေမလ(၈)ရက္ေန႔ ေန႔လယ္ပိုင္းကလည္း သီေပါၿမိဳ႕နယ္ ႀကံခင္းေက်းရြာ(ေရပူစမ္းရြာ)အနီး ေမာင္ဖုန္းေတာင္ အဆင္းတြင္ မႏၲေလးဘက္မွလာသည့္ ႏြားတင္လာေသာ ကားတစ္စီးအား ေသနတ္ျဖင့္ပစ္ခံခ့ဲရၿပီး ယာဥ္ေမာင္းေသဆံုးကာ အမိ်ဳးသား (၂) ဦး ေသနတ္ဒဏ္ရာရရွိခ့ဲေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု - နယ္စည္းမျခားပရဟိတအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် မေလ (၉) ရက်နေ့နံနက်ပိုင်းက အမျိုးသား တစ်ဦးသေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သီပေါပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သီပေါမြို့ မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

“မနက် (၉)နာရီဝန်းကျင်မှာ ဖြစ်တာ။ ပစ်ခံရသူက မသေဘူး ဖြစ်စဉ် အသေးစိတ်ကိုတော့ မပြောပြနိုင်သေးဘူး။ စစ်ဆေးနေဆဲပဲ ရှိသေးတယ်”ဟု သီပေါမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်မှူးရဲ အရာရှိက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သေနတ်ပစ်ခံရသူမှာ ကုန်းသာကျေးရွာမှ စိုင်းကျော်မိုးဆိုသူဖြစ်ကာ အခင်းဖြစ်နေရာတွင် ရဲတပ်ဖွဲ့က စစ်ဆေးပြီးနောက် သီပေါမြို့ရှိ နယ်စည်းမခြား ပရဟိတအသင်းက သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးထားကြောင်း သိရသည်။

မေလ(၈)ရက်နေ့ နေ့လယ်ပိုင်းကလည်း သီပေါမြို့နယ် ကြံခင်းကျေးရွာ(ရေပူစမ်းရွာ)အနီး မောင်ဖုန်းတောင် အဆင်းတွင် မန္တလေးဘက်မှလာသည့် နွားတင်လာသော ကားတစ်စီးအား သေနတ်ဖြင့်ပစ်ခံခဲ့ရပြီး ယာဉ်မောင်းသေဆုံးကာ အမျိုးသား (၂) ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - နယ်စည်းမခြားပရဟိတအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~