သင်တန်းကြေးထောက်ပံ့မည့် အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်းများသို့ အလယ်တန်းအောင်များ လျှောက်ထားနိုင်

သင်တန်းကြေးထောက်ပံ့မည့် အစိုးရနည်းပညာအထက်တန်းကျောင်း သင်တန်းများသို့ အလယ်တန်းအောင်များ လျှောက်ထားနိုင်
မေ 7, 2018
By Tachileik News Agency



အဆိုပါ နှစ်နှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများကို A.G.T.I ပထမနှစ်သင်တန်းသို့ ဝင်ရောက် လျှောက်ထားနိုင်မည်ဖြစ်ကာ အစိုးရနည်းပညာအထက်တန်းကျောင်း ဒုတိယနှစ်သင်တန်း အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုလိုသူများ ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းများတွင် အဆောက်အဦးနည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် နည်းပညာ သင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သုတနည်းပညာသင်တန်းများ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် မိမိတို့ လျှောက်ထားလိုသည့် အစိုးရနည်း ပညာအထက်တန်း ကျောင်းများတွင် ၂၀၁၈ ခုနှစ် မေလ (၇)ရက်နေ့မှစ၍ လျှောက်လွှာများ စတင် ထုတ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများကို ကချင်ပြည်နယ်တွင် ပူတာအို၊ မြစ်ကြီးနားနှင့် ဗန်းမော်၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင်ပြည်နယ်တွင် ဘားအံ၊ ချင်းပြည်နယ်တွင် မင်းတပ်နှင့် တီးတိန်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ရှမ်းပြည်နယ်တွင် လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ပင်းပက်နှင့် ကျိုင်းတုံ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာမ၊ လက်ခုပ်ကုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံနှင့် မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီး၊ ကလေး၊ မုံရွာနှင့် ချောင်းဦး၊ မကွေးတိုင်းဒေသကြီး မကွေးနှင့် ပခုက္ကူ၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်နှင့် တောင်ငူ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတနှင့် မအူပင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ဖွင့်လှစ်ထားရာ အဆိုပါ ကျောင်းများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

သင်တန်းကြေးထောက်ပံ့မှုရရှိမည့် အစိုးရနည်းပညာအထက်တန်းကျောင်းတက်ရောက်ခွင့်ကို တစ်နိုင်ငံလုံးရှိ အစိုးရ နည်းပညာ အထက်တန်းကျောင်း (၃၅)ကျောင်းတွင် ၂၀၁၈ ခုနှစ် မေလ (၂၂)ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

အခြေခံပညာအလယ်တန်း (အဌမတန်း) အောင်မြင်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများတွင် ကွင်းဆင်း ဆောင်ရွက်နိုင်သူ မည်သူမဆို လျှောက်ထားနိုင်ပြီး တက်ရောက်ခွင့်ရသည့် ကျောင်းသား၊ ကျောင်းသူများကို တစ်လလျှင် ကျပ်သုံးသောင်းနှုန်း ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ နှစ်နှစ်သင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများကို A.G.T.I ပထမနှစ်သင်တန်းသို့ ဝင်ရောက် လျှောက်ထားနိုင်မည်ဖြစ်ကာ အစိုးရနည်းပညာအထက်တန်းကျောင်း ဒုတိယနှစ်သင်တန်း အောင်မြင်သည် ဖြစ်စေ၊ ကျရှုံးသည်ဖြစ်စေ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုလိုသူများ ပြင်ပဖြေအနဖြေင့် ဝင်ရောက်ဖြေဆိုခွင့်လည်း ရရှိမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းကျောင်းများတွင် အဆောက်အဦးနည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ်နည်းပညာသင်တန်း၊ စက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်ခြင်းနည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက် နည်းပညာ သင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် သုတနည်းပညာသင်တန်းများ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်ထားလိုသူများအနဖြေင့် မိမိတို့ လျှောက်ထားလိုသည့် အစိုးရနည်း ပညာအထက်တန်း ကျောင်းများတွင် ၂၀၁၈ ခုနှစ် မေလ (၇)ရက်နေ့မှစ၍ လျှောက်လွှာများ စတင် ထုတ်ယူနိုင်ပြီး အသေးစိတ်သိရှိလိုပါက အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများကို ကချင်ပြည်နယ်တွင် ပူတာအို၊ မြစ်ကြီးနားနှင့် ဗန်းမော်၊ ကယားပြည်နယ်တွင် လွိုင်ကော်၊ ကရင်ပြည်နယ်တွင် ဘားအံ၊ ချင်းပြည်နယ်တွင် မင်းတပ်နှင့် တီးတိန်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ရခိုင်ပြည်နယ်တွင် စစ်တွေ၊ ရှမ်းပြည်နယ်တွင် လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ပင်းပက်နှင့် ကျိုင်းတုံ၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာမ၊ လက်ခုပ်ကုန်း၊ မန္တလေးတိုင်းဒေသကြီးတွင် ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံနှင့် မန္တလေး၊ နပြေည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီး၊ ကလေး၊ မုံရွာနှင့် ချောင်းဦး၊ မကွေးတိုင်းဒေသကြီး မကွေးနှင့် ပခုက္ကူ၊ ပဲခူးတိုင်းဒေသကြီးတွင် ပြည်နှင့် တောင်ငူ၊ ဧရာဝတီတိုင်းဒေသကြီးတွင် ပုသိမ်၊ ဟင်္သာတနှင့် မအူပင်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ထားဝယ်၊ မြိတ်နှင့် ကော့သောင်းတို့တွင် ဖွင့်လှစ်ထားရာ အဆိုပါ ကျောင်းများတွင် လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~