တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တည္ေဆာက္မည့္ ဂီလာန၊ အိမ္ေျခမဲ့ ႏွင့္ မိဘမဲ့ ကေလးမ်ား၏ ေဂဟာအတြက္ ေျမေနရာရရွိရန္ ေစတနာရွင္မ်ား လွဴဒါန္း

တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ တည္ေဆာက္မည့္ ဂီလာန၊ အိမ္ေျခမဲ့ ႏွင့္ မိဘမဲ့ ကေလးမ်ား၏ ေဂဟာအတြက္ ေျမေနရာရရွိရန္ ေစတနာရွင္မ်ား လွဴဒါန္း
မေ 13, 2018
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕တြင္ ဂီလာနမ်ားႏွင့္ အိမ္ေျခမဲ့သူမ်ား အျပင္ မိဘမဲ့ ကေလးမ်ားကိုပါ ကူညီေစာင့္ေရွာက္ ေပးႏိုင္မည့္ ေဂဟာတစ္ခုကို တည္ေဆာက္ရန္  ကနဦး လိုအပ္ေနသည့္ ေျမေနရာ အတြက္ ေစတနာရွင္ အလွဴရွင္မ်ား၏ လွဴဒါန္းမႈျဖင့္ ေျမေနရာ ရရွိထားၿပီးျဖစ္၍ ေျမေနရာျပဳျပင္မႈႏွင့္အတူ အေဆာက္အဦး ေဆာက္လုပ္ရန္သာ က်န္ရွိေတာ့ေၾကာင္း တာခ်ီလိတ္နာေရးကူညီမႈအသင္းထံက သိရသည္။

"ေျမေနရာကို ၂၀၁၇ခုႏွစ္ ဒီဇင္ဘာလ(၁၂)ရက္ေန႔က ၀ယ္ထားတာ၊ ေျမေနရာ အက်ယ္အ၀န္း ကေတာ့ ေပ(၂၆၀)ပတ္လည္ေပါ့၊ စာခ်ဳပ္စာတမ္းေတြနဲ႔ ရထားၿပီးၿပီ၊ ဦးလွမိုးလည္း က်န္းမာေရး မေကာင္းလို႔ ခဏနားေနတာ၊ အခု ဆက္လက္လုပ္ေဆာင္ဖို႔အတြက္ လူႀကီးေတြနဲ႔ တိုင္ပင္ရဦးမယ္။  ဒီေျမေနရာကို ၀ယ္ယူႏိုင္ဖို႔အတြက္ အဓိက အလွဴရွင္ကေတာ့ မယဥ္မင္းသိန္း နဲ႔ မနန္းႏြဲ႔ မိသားစုတို႔ေပါ့၊ ေျမကလည္း ဘတ္(၂)သိန္းပဲ ေပးရတယ္၊ သူတို႔ကလည္း (၂)သိန္းလွဴေပးတာ၊ က်န္တဲ့ အလွဴရွင္ေတြရဲ႕ လွဴဒါန္းေငြကေတာ့ အေဆာက္အဦ ေဆာက္လုပ္ရင္ အေထြေထြအသံုးျပဳဖို႔အတြက္ပါ"ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက ၂၀၁၈ခုႏွစ္ ေမလ(၁၃)ရက္ေန႔တြင္ တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္နာေရးကူညီမႈအသင္းမွ ျပဳလုပ္မည့္ အဆိုပါ ေဂဟာအတြက္ ေျမေနရာ ရရွိရန္ တာခ်ီလိတ္ေန မယဥ္မင္းသိန္း ႏွင့္ မနန္းႏြဲ႔ မိသားစုတို႔မွ ထိုင္းဘတ္ေငြ(၂)သိန္း လွဴဒါန္းေပးထားၿပီး အေဆာက္အဦးအတြက္ အေထြေထြအသံုးျပဳႏိုင္ရန္ ဦးစိုင္း၀န္း(မိတ္ေကာင္း ဖိနပ္ဆိုင္)မိသားစုက ဘတ္(၅၀,၀၀၀)၊ ဦးစိုးလွ + ေဒၚနန္းဆိုင္ေလာ၀္ဇင့္ မိသားစုက ဘတ္(၁၀,၀၀၀)၊ ထိုင္းႏုိင္ငံ မယ္ဆုိင္မွ ေဒၚရွဲန္လံုး မိသားစုက ဘတ္(၁၀,၀၀၀)၊ တာေလာ့ရပ္ကြက္မွ ဦးေမာင္ေမာင္ခင္ + ေဒၚေဒ၀ီ မိသားစုက ဘတ္(၁၀,၀၀၀)စသည္ျဖင့္ အသီးသီး ပါ၀င္လွဴဒါန္းထားၾကေၾကာင္းႏွင့္ ေျမေနရာမွာ တာခ်ီလိတ္ၿမိဳ႕၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စု၊ မယ္ဆိုင္ေခ်ာင္း၏ တစ္ဖက္ကမ္း O7 ေတာင္ေျခတြင္ တည္ရွိေၾကာင္း သိရသည္။

အဆိုပါ ေဂဟာ ေဆာက္လုပ္ရန္အတြက္ ေလာေလာဆယ္တြင္ စက္ယႏၱယားျဖင့္ အေသးစား ေျမျပဳျပင္မႈႏွင့္အတူ ေရပိုက္လိုင္းအတြက္ ျပဳလုပ္ရန္  သြားေရာက္ၾကည့္ရႈၿပီး မၾကာမီတြင္ အေကာင္အထည္ေဖာ္ေတာ့မည္ျဖစ္ေၾကာင္း သိရသည္။

ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း


~~~~~~~~⊰❂ unicode ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ဂီလာနများနှင့် အိမ်ခြေမဲ့သူများ အပြင် မိဘမဲ့ ကလေးများကိုပါ ကူညီစောင့်ရှောက် ပေးနိုင်မည့် ဂေဟာတစ်ခုကို တည်ဆောက်ရန် ကနဦး လိုအပ်နေသည့် မြေနေရာ အတွက် စေတနာရှင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် မြေနေရာ ရရှိထားပြီးဖြစ်၍ မြေနေရာပြုပြင်မှုနှင့်အတူ အဆောက်အဦး ဆောက်လုပ်ရန်သာ ကျန်ရှိတော့ကြောင်း တာချီလိတ်နာရေးကူညီမှုအသင်းထံက သိရသည်။

"မြေနေရာကို ၂၀၁၇ခုနှစ် ဒီဇင်ဘာလ(၁၂)ရက်နေ့က ဝယ်ထားတာ၊ မြေနေရာ အကျယ်အဝန်း ကတော့ ပေ(၂၆၀)ပတ်လည်ပေါ့၊ စာချုပ်စာတမ်းတွေနဲ့ ရထားပြီးပြီ၊ ဦးလှမိုးလည်း ကျန်းမာရေး မကောင်းလို့ ခဏနားနေတာ၊ အခု ဆက်လက်လုပ်ဆောင်ဖို့အတွက် လူကြီးတွေနဲ့ တိုင်ပင်ရဦးမယ်။ ဒီမြေနေရာကို ဝယ်ယူနိုင်ဖို့အတွက် အဓိက အလှူရှင်ကတော့ မယဉ်မင်းသိန်း နဲ့ မနန်းနွဲ့ မိသားစုတို့ပေါ့၊ မြေကလည်း ဘတ်(၂)သိန်းပဲ ပေးရတယ်၊ သူတို့ကလည်း (၂)သိန်းလှူပေးတာ၊ ကျန်တဲ့ အလှူရှင်တွေရဲ့ လှူဒါန်းငွေကတော့ အဆောက်အဦ ဆောက်လုပ်ရင် အထွေထွေအသုံးပြုဖို့အတွက်ပါ"ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက ၂၀၁၈ခုနှစ် မေလ(၁၃)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နာရေးကူညီမှုအသင်းမှ ပြုလုပ်မည့် အဆိုပါ ဂေဟာအတွက် မြေနေရာ ရရှိရန် တာချီလိတ်နေ မယဉ်မင်းသိန်း နှင့် မနန်းနွဲ့ မိသားစုတို့မှ ထိုင်းဘတ်ငွေ(၂)သိန်း လှူဒါန်းပေးထားပြီး အဆောက်အဦးအတွက် အထွေထွေအသုံးပြုနိုင်ရန် ဦးစိုင်းဝန်း(မိတ်ကောင်း ဖိနပ်ဆိုင်)မိသားစုက ဘတ်(၅၀,ဝဝဝ)၊ ဦးစိုးလှ + ဒေါ်နန်းဆိုင်လောဝ်ဇင့် မိသားစုက ဘတ်(၁၀,ဝဝဝ)၊ ထိုင်းနိုင်ငံ မယ်ဆိုင်မှ ဒေါ်ရှဲန်လုံး မိသားစုက ဘတ်(၁၀,ဝဝဝ)၊ တာလော့ရပ်ကွက်မှ ဦးမောင်မောင်ခင် + ဒေါ်ဒေဝီ မိသားစုက ဘတ်(၁၀,ဝဝဝ)စသည်ဖြင့် အသီးသီး ပါဝင်လှူဒါန်းထားကြကြောင်းနှင့် မြေနေရာမှာ တာချီလိတ်မြို့၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ မယ်ဆိုင်ချောင်း၏ တစ်ဖက်ကမ်း O7 တောင်ခြေတွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ ဂေဟာ ဆောက်လုပ်ရန်အတွက် လောလောဆယ်တွင် စက်ယန္တယားဖြင့် အသေးစား မြပြေုပြင်မှုနှင့်အတူ ရေပိုက်လိုင်းအတွက် ပြုလုပ်ရန် သွားရောက်ကြည့်ရှုပြီး မကြာမီတွင် အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~