တာချီလိတ်တွင် အမျိုးသမီးသီးသန့် လက်ဖက်ရည်စကားဝိုင်းအနေဖြင့် အမျိုးသမီးကျန်းမာရေးအကြောင်းအရာ ဆွေးနွေးပွဲ ပြုလုပ်မည်၊ စိတ်ဝင်စားသူ အမျိုးသမီးတိုင်း လာရောက် လေ့လာဆွေးနွေးနိုင်

တာချီလိတ်တွင် အမျိုးသမီးသီးသန့် လက်ဖက်ရည်စကားဝိုင်းအနေဖြင့် အမျိုးသမီးကျန်းမာရေးအကြောင်းအရာ ဆွေးနွေးပွဲ ပြုလုပ်မည်၊ စိတ်ဝင်စားသူ အမျိုးသမီးတိုင်း လာရောက် လေ့လာဆွေးနွေးနိုင်
မေ 17, 2018
By Tachileik News Agency

တာချီလိတ်မြို့တွင် အမျိုးသမီးသီးသန့် လက်ဖက်ရည် စကားဝိုင်း အနေဖြင့် အမျိုးသမီးကျန်းမာရေးနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နေ့လည်(၁)နာရီမှ ညနေ(၃)နာရီအထိ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည့် အတွက် စိတ်ပါဝင်စားသူ အမျိုးသမီးတိုင်း လာရောက် လေ့လာ ဆွေးနွေး နိုင်ကြောင်း သိရသည်။

အမျိုးသမီးသီးသန့် လက်ဖက်ရည် စကားဝိုင်း အနေဖြင့်  ပထမဆုံး ပြုလုပ်မည့် ဆွေးနွေးပွဲအား "Female personal hygiene and self examination of breasts" ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး အမျိုးသမီး အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အကြောင်းအရာများနှင့်  ရင်သားအကြိတ်အတွက် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခြင်း စသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာမမဇော်မှ ဦးဆောင် ဆွေးနွေးမည်ဖြစ်ကြောင်း တက်ရောက်လာမည့် အမျိုးသမီးများ အနေဖြင့် လွတ်လပ်စွာ ဆွေးနွေး မေးမြန်းနိုင်မည့်ဖြစ်ကြောင်း သိရှိရသည်။


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင် အမျိုးသမီးသီးသန့် လက်ဖက်ရည် စကားဝိုင်း အနဖြေင့် အမျိုးသမီးကျန်းမာရေးနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးပွဲကို ၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နေ့လည်(၁)နာရီမှ ညနေ(၃)နာရီအထိ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Centre တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည့် အတွက် စိတ်ပါဝင်စားသူ အမျိုးသမီးတိုင်း လာရောက် လေ့လာ ဆွေးနွေး နိုင်ကြောင်း သိရသည်။

အမျိုးသမီးသီးသန့် လက်ဖက်ရည် စကားဝိုင်း အနဖြေင့် ပထမဆုံး ပြုလုပ်မည့် ဆွေးနွေးပွဲအား "Female personal hygiene and self examination of breasts" ခေါင်းစဉ်ဖြင့် ဆွေးနွေးသွားမည်ဖြစ်ပြီး အမျိုးသမီး အတွက် တစ်ကိုယ်ရည် သန့်ရှင်းရေး အကြောင်းအရာများနှင့် ရင်သားအကြိတ်အတွက် ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ခြင်း စသည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်ကြီး ဒေါက်တာမမဇော်မှ ဦးဆောင် ဆွေးနွေးမည်ဖြစ်ကြောင်း တက်ရောက်လာမည့် အမျိုးသမီးများ အနဖြေင့် လွတ်လပ်စွာ ဆွေးနွေး မေးမြန်းနိုင်မည့်ဖြစ်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~