မႏၱေလးတြင္ ေငြစကၠဴအတု ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူမ်ားအား ပခုကၠဴၿမိဳ႕တြင္ ထပ္မံ ဖမ္းဆီးရမိ

မႏၱေလးတြင္ ေငြစကၠဴအတု ဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္သူမ်ားအား ပခုကၠဴၿမိဳ႕တြင္ ထပ္မံ ဖမ္းဆီးရမိ
မေ 16, 2018
By Tachileik News Agency

မႏၱေလးၿမိဳ႕တြင္ ေငြစကၠဴအတုဖမ္းဆီးရမိမႈႏွင့္ ဆက္စပ္၍ စီအိုင္ဒီ(CID)၏ အမႈကြင္းဆက္ ေဖာ္ထုတ္ခ်က္အရ မေကြးတိုင္းေဒသႀကီး ပခုကၠဴၿမိဳ႕တြင္ ေရာက္ရိွေနသူ တစ္ဦးထံမွ ေငြစကၠဴအတု (၁၀၃၅) ရြက္ အား ၂၀၁၈ ခုႏွစ္ ေမလ (၁၅)ရက္ေန႔တြင္ ဖမ္းဆီးရမိေၾကာင္း သိရသည္။

မႏၱေလးမဟာေအာင္ေျမၿမိဳ႕နယ္အပုိင္အတြင္း စားေသာက္ဆို္င္တစ္ဆိုင္တြင္ ေငြစကၠဴအတုမ်ား သံုးစြဲ ေနေၾကာင္း သတင္းအရ မႏၱေလးစီအိုင္ဒီက သြားေရာက္စစ္ေဆးရာ ေငြစကၠဴအတုႏွင့္ ပိုက္ဆံရွင္း ေနသူအား ေတြ႔ရၿပီးေနာက္ ၎တို႔အား ေငြစကၠဴအတုမ်ား ေရာင္းခ်လုိက္သည့္ ေအာင္ဆန္းဝင္း ဆိုသူအား က်ပ္တစ္ေသာင္းတန္ ေငြစကၠဴအတု အရြက္(၃၀၀)ျဖင့္ ထပ္မံေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

ေငြစကၠဴအတုမ်ားႏွင့္အတူ ဖမ္းဆီးရမိသူ (၃)ဦးအား မဟာေအာင္ေျမၿမိဳ႕နယ္ အမွတ္(၉)ၿမိဳ႕မရဲစခန္းတြင္ (ပ)၃၁၄/၂၀၁၈၊ ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ဥပေဒ ပုဒ္မ ၁၀၅/၁၀၆ အရ အမႈဖြင့္ အေရးယူ ထားျခင္းျဖစ္ေၾကာင္း မေကြးစီအိုင္ဒီမွ တပ္ဖဲြ႔စုမွဴး ဒုရဲမွဴးခ်စ္ေမာင္ထံမွ သိရသည္။

အဆိုပါ ေငြစကၠဴမ်ားအား ေရာင္းခ်လုိက္သည့္ ေက်ာ္ဟိန္းဆိုသူမွာ ပခုကၠဴၿမိဳ႕ အမွတ္(၆)ရပ္ကြက္၊(၉)လမ္းတြင္ တည္းခိုေနထိုင္ေနေၾကာင္း စစ္ေဆး သိရိွခ်က္အရ မႏၱေလး စီအိုင္ဒီမွ တပ္ဖဲြ႔ခဲြမွဴး ဒုရဲမွဴးႀကီးစိုးႏိုင္က မေကြး စီအိုင္ဒီ တပ္ဖဲြ႔စုမွဴး ဒုရဲမွဴးခ်စ္ေမာင္ထံသို႔ ဆက္သြယ္၍ သတင္း အတည္ျပဳ ႏုိင္ခဲ့ေၾကာင္း သိရသည္။

မေကြးစီအိုင္ဒီမွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးခ်စ္ေမာင္၏ ႀကီးၾကပ္မႈျဖင့္ ရဲအုပ္သန္းေဇာ္ ဦးေဆာင္၍ ပခုကၠဴၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး သိန္းဆန္းဦး၊ ပခုကၠဴခရိုင္မႈခင္းအကူဌာနစိတ္မွ ရဲအုပ္မ်ိဳးလြင္တို႔ ပါဝင္ေသာ ပူးေပါင္းအဖြဲ႔ျဖင့္ ေမလ(၁၅)ရက္ ည(၁၁)နာရီ(၅၈)မိနစ္အခ်ိန္တြင္ ေက်ာ္ဟိန္းဆိုသူ တည္းခိုေနထုိင္သည့္ ေနအိမ္သို႔ သက္ေသမ်ားႏွင့္ အတူ ဝင္ေရာက္ရွာေဖြခဲ့ရာ အဆိုပါေနအိမ္၌ ေက်ာ္ဟိန္းအား ေတြ႔ရိွရၿပီး ေနအိမ္ေနာက္ဘက္ အိမ္သာနွင့္ျခံစည္းရိုးအုတ္နံရံၾကားတြင္ အနက္ေရာင္ ၾကြပ္ၾကြပ္အိတ္ျဖင့္ ထည့္ထားသည့္ က်ပ္(၁)ေသာင္း တန္ ေငြစကၠဴ အတု(၁၀၃၅)ရြက္ကို ေတြ႔ရိွ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေငြတုေရာင္းခ်သူ ေက်ာ္ဟိန္းနွင့္ လက္ခံထားသည့္ အိမ္ရွင္ ဦးကိုေလးတို႔အား ပခုကၠဴၿမိဳ႕မရဲစခန္းတြင္ ေခၚယူ စစ္ေဆးလွ်က္ရိွေၾကာင္း သိရၿပီး အိမ္ရွင္ဦးကိုေလးႏွင္႔ ေက်ာ္ဟိန္းတို႔အား သက္ေသခံ ပစၥည္းမ်ားႏွင့္ အတူ မႏၱေလးစီအိုင္ဒီသို႔ လႊဲေျပာင္းမည္ျဖစ္ေၾကာင္း သိရသည္။

သတင္း - ဖီးနစ္


~~~~~~~~⊰❂ unicode ~~~~~~~~

မန္တလေးမြို့တွင် ငွေစက္ကူအတုဖမ်းဆီးရမိမှုနှင့် ဆက်စပ်၍ စီအိုင်ဒီ(CID)၏ အမှုကွင်းဆက် ဖော်ထုတ်ချက်အရ မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့တွင် ရောက်ရှိနေသူ တစ်ဦးထံမှ ငွေစက္ကူအတု (၁၀၃၅) ရွက် အား ၂၀၁၈ ခုနှစ် မေလ (၁၅)ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။

မန္တလေးမဟာအောင်မြမြေို့နယ်အပိုင်အတွင်း စားသောက်ဆို်င်တစ်ဆိုင်တွင် ငွေစက္ကူအတုများ သုံးစွဲ နေကြောင်း သတင်းအရ မန္တလေးစီအိုင်ဒီက သွားရောက်စစ်ဆေးရာ ငွေစက္ကူအတုနှင့် ပိုက်ဆံရှင်း နေသူအား တွေ့ရပြီးနောက်၎င်းတို့အား ငွေစက္ကူအတုများ ရောင်းချလိုက်သည့် အောင်ဆန်းဝင်း ဆိုသူအား ကျပ်တစ်သောင်းတန် ငွေစက္ကူအတု အရွက်(၃၀၀)ဖြင့် ထပ်မံတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။

ငွေစက္ကူအတုများနှင့်အတူ ဖမ်းဆီးရမိသူ (၃)ဦးအား မဟာအောင်မြမြေို့နယ် အမှတ်(၉)မြို့မရဲစခန်းတွင် (ပ)၃၁၄/၂၀၁၈၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ ပုဒ်မ ၁၀၅/၁၀၆ အရ အမှုဖွင့် အရေးယူ ထားခြင်းဖြစ်ကြောင်း မကွေးစီအိုင်ဒီမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်မောင်ထံမှ သိရသည်။

အဆိုပါ ငွေစက္ကူများအား ရောင်းချလိုက်သည့် ကျော်ဟိန်းဆိုသူမှာ ပခုက္ကူမြို့ အမှတ်(၆)ရပ်ကွက်၊(၉)လမ်းတွင် တည်းခိုနေထိုင်နေကြောင်း စစ်ဆေး သိရှိချက်အရ မန္တလေး စီအိုင်ဒီမှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီးစိုးနိုင်က မကွေး စီအိုင်ဒီ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်မောင်ထံသို့ ဆက်သွယ်၍ သတင်း အတည်ပြု နိုင်ခဲ့ကြောင်း သိရသည်။

မကွေးစီအိုင်ဒီမှ တပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်မောင်၏ ကြီးကြပ်မှုဖြင့် ရဲအုပ်သန်းဇော် ဦးဆောင်၍ ပခုက္ကူမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး သိန်းဆန်းဦး၊ ပခုက္ကူခရိုင်မှုခင်းအကူဌာနစိတ်မှ ရဲအုပ်မျိုးလွင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မေလ(၁၅)ရက် ည(၁၁)နာရီ(၅၈)မိနစ်အချိန်တွင် ကျော်ဟိန်းဆိုသူ တည်းခိုနေထိုင်သည့် နေအိမ်သို့ သက်သေများနှင့် အတူ ဝင်ရောက်ရှာဖွေခဲ့ရာ အဆိုပါနေအိမ်၌ ကျော်ဟိန်းအား တွေ့ရှိရပြီး နေအိမ်နောက်ဘက် အိမ်သာနှင့်ခြံစည်းရိုးအုတ်နံရံကြားတွင် အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသည့် ကျပ်(၁)သောင်း တန် ငွေစက္ကူ အတု(၁၀၃၅)ရွက်ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ငွေတုရောင်းချသူ ကျော်ဟိန်းနှင့် လက်ခံထားသည့် အိမ်ရှင် ဦးကိုလေးတို့အား ပခုက္ကူမြို့မရဲစခန်းတွင် ခေါ်ယူ စစ်ဆေးလျှက်ရှိကြောင်း သိရပြီး အိမ်ရှင်ဦးကိုလေးနှင့် ကျော်ဟိန်းတို့အား သက်သေခံ ပစ္စည်းများနှင့် အတူ မန္တလေးစီအိုင်ဒီသို့ လွှဲပြောင်းမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖီးနစ်

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~