မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဘု ေမာင္းလာသည့္ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရာက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ

မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ ဘု ေမာင္းလာသည့္ ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရာက စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီးရမိ
မေ 11, 2018
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕နယ္၊ လြယ္ေတာ္ခမ္းေက်းရြာအုပ္စုအတြင္းရွိ လြယ္ေတာ္ခမ္းပူးေပါင္း စစ္ေဆးေရးဂိတ္တြင္ ဘု ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာမွ စိတ္ၾကြေဆးျပားမ်ား ဖမ္းဆီး သိမ္းဆည္းရမိေၾကာင္း သိရသည္။

လြယ္ေတာ္ခမ္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ မူးယစ္တပ္ဖြဲ႔စု(၃၀)တာခ်ီလိတ္ ပါ၀င္သည့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႔တို႔က ၂၀၁၈ခုႏွစ္ ေမလ(၁၁)ရက္ေန႔ နံနက္(၉)နာရီ ၀န္းက်င္အခ်ိန္က မိုင္းဆတ္ဘက္မွ တာခ်ီလိတ္ဘက္သို႔ အသက္(၂၀)၀န္းက်င္ရွိ ဘု(က်ား)ေမာင္းလာသည့္ ေမာ္ေတာ္ဆိုင္ကယ္အား ရပ္တန္႔စစ္ေဆးရွာေဖြရာက စိတ္ၾကြေဆးျပားမ်ားကို ေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ပူးေပါင္းအဖြဲ႔မွ ရွာေဖြရာတြင္ ဆိုင္ကယ္ေရွ႕ဂြၾကားရွိ ေက်ာပိုးအိတ္အတြင္းမွ Wy စာတမ္းပါ ပန္းေရာင္စိတ္ၾကြေဆးျပား စုစုေပါင္း (၁၀၀၀၀)ျပား ႏွင့္ လက္ကိုင္ဖုန္း(၂)လံုးကို ေတြ႔ရွိရ၍ မူးယစ္ေဆး၀ါးမ်ား သယ္ေဆာင္လာသူ ဘု အား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၄၀/၂၀၁၈၊ မူး/စိတ္ပုဒ္မ ၁၉(က)အရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း သိရသည္။

သတင္း - စိုင္းေဇယ်ာ
ဓါတ္ပံု - ရဲတပ္ဖြဲ႔


~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ လွယ်တော်ခမ်းပူးပေါင်း စစ်ဆေးရေးဂိတ်တွင် ဘု မောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရှာဖွေရာမှ စိတ်ကြွဆေးပြားများ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

လွယ်တော်ခမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် ပါဝင်သည့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ၂၀၁၈ခုနှစ် မေလ(၁၁)ရက်နေ့ နံနက်(၉)နာရီ ဝန်းကျင်အချိန်က မိုင်းဆတ်ဘက်မှ တာချီလိတ်ဘက်သို့ အသက်(၂၀)ဝန်းကျင်ရှိ ဘု(ကျား)မောင်းလာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာက စိတ်ကြွဆေးပြားများကို တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူးပေါင်းအဖွဲ့မှ ရှာဖွေရာတွင် ဆိုင်ကယ်ရှေ့ဂွကြားရှိ ကျောပိုးအိတ်အတွင်းမှ Wy စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား စုစုပေါင်း (၁၀၀၀၀)ပြား နှင့် လက်ကိုင်ဖုန်း(၂)လုံးကို တွေ့ရှိရ၍ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူ ဘု အား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၄၀/၂၀၁၈၊ မူး/စိတ်ပုဒ်မ ၁၉(က)အရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~