မုိင္းတံုတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသည့္ သက္ႀကီးပိုင္းလူနာသံုးဦးေတြ႔ရိွ

မုိင္းတံုတြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားသည့္ သက္ႀကီးပိုင္းလူနာသံုးဦးေတြ႔ရိွ
မေ 4, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ မိုင္းဆတ္ခရိုင္၊ မုိင္းတံုၿမိဳ႕နယ္ျပည္သူ႔ေဆးရံုတြင္ ေမလအတြင္း ေသြးလြန္ တုပ္ေကြးျဖစ္ပြားသည့္ အသက္ (၄၀)ေက်ာ္ႏွင့္ (၅၀)ဝန္းက်င္အရြယ္ လူနာသံုးဦးကို စတင္ေတြ႔ရိွရသျဖင့္ ေဒသတြင္း ေသြးလြန္တုပ္ေကြး အသိပညာေပးႏွင့္ ကာကြယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ရန္ ညႊန္ၾကား ထားေၾကာင္း မိုင္းတံုၿမိဳ႕နယ္ ဆရာဝန္ႀကီးထံမွ သိရသည္။

“BHS (အေျခခံက်န္းမာဝန္ထမ္း)ေတြကို မွာထားပါတယ္။ ေသြးလြန္တုပ္ေကြးနဲ႔ပတ္သက္တဲ့ အသိပညာ ေပးေတြလုပ္ဖို႔၊ ဖုန္းသြန္လဲစစ္လုပ္ဖို႔၊ အဘိတ္(abate)ေဆးခပ္ဖို႔၊ ေသြးလြန္တုပ္ေကြးလူနာသံသယဆိုရင္ ေဆးရံုကိုျမန္ျမန္လႊဲေပးဖို႔ မွာထားပါတယ္”ဟု မိုင္းတံုၿမိဳ႕နယ္ ျပည္သူ႔ေဆးရံုမွ ၿမိဳ႕နယ္ဆရာဝန္ႀကီး ေဒါက္တာသက္ခုိင္မင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မုိင္းတံုၿမိဳ႕နယ္ျပည္သူ႔ေဆးရံုတြင္ ၂၀၁၇ ခုႏွစ္က ေသြးလြန္တုပ္ေကြးလူနာ (၃၀၀)ေက်ာ္ရိွခဲ့ၿပီး ယင္းတုိ႔အနက္ (၆)ဦး ေသဆံုးခဲ့ေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါသည္ ျခင္မွတစ္ဆင့္ ကူးစက္သည့္ေရာဂါျဖစ္ၿပီး အသက္အရြယ္မေရြးတြင္ ျဖစ္ပြားလာေနေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါလကၡဏာမ်ားမွာ အဖ်ားတက္ျခင္း၊ ျပင္းထန္စြာ ေခါင္းကိုက္ျခင္း၊ မ်က္စိေနာက္ဘက္ နာက်င္ျခင္း၊ အဆစ္အျမစ္ႏွင့္ ႂကြက္သား ျပင္းထန္စြာ နာက်င္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အနီကြက္ထျခင္းမ်ား ျဖစ္ေပၚတတ္ၿပီး အခ်ိန္မီကုသရန္လိုအပ္ေၾကာင္း သိရသည္။

ေသြးလြန္တုပ္ေကြးေရာဂါကာကြယ္ေရးအတြက္ ျခင္ေပါက္ပြားႏုိင္သည့္ေနရာမ်ားမရိွေစရန္ ရွင္းလင္းျခင္း၊ ေနအိမ္မ်ားတြင္ ပိုးေလာက္လန္းေပါက္ပြားႏုိင္ျခင္းမရိွေစရန္ ဂရုစိုက္ျခင္းမ်ားကို လုပ္ေဆာင္ရန္ ဖုုန္း၊သြန္၊လဲ၊စစ္ ပညာေပးလုပ္ငန္းမ်ားကို က်န္းမာေရးဝန္ထမ္းမ်ားက သက္ဆိုင္ရာဌာနမ်ားႏွင့္အတူ ႏွစ္စဥ္ အသိပညာေပးလုပ္ငန္းမ်ား ေဆာင္ရြက္ေနျခင္းျဖစ္သည္။


~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံတွင် မေလအတွင်း သွေးလွန် တုပ်ကွေးဖြစ်ပွားသည့် အသက် (၄၀)ကျော်နှင့် (၅၀)ဝန်းကျင်အရွယ် လူနာသုံးဦးကို စတင်တွေ့ရှိရသဖြင့် ဒေသတွင်း သွေးလွန်တုပ်ကွေး အသိပညာပေးနှင့် ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် ညွှန်ကြား ထားကြောင်း မိုင်းတုံမြို့နယ် ဆရာဝန်ကြီးထံမှ သိရသည်။

“BHS (အခြေခံကျန်းမာဝန်ထမ်း)တွေကို မှာထားပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ပတ်သက်တဲ့ အသိပညာ ပေးတွေလုပ်ဖို့၊ ဖုန်းသွန်လဲစစ်လုပ်ဖို့၊ အဘိတ်(abate)ဆေးခပ်ဖို့၊ သွေးလွန်တုပ်ကွေးလူနာသံသယဆိုရင် ဆေးရုံကိုမြန်မြန်လွှဲပေးဖို့ မှာထားပါတယ်”ဟု မိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံတွင် ၂၀၁၇ ခုနှစ်က သွေးလွန်တုပ်ကွေးလူနာ (၃၀၀)ကျော်ရှိခဲ့ပြီး ယင်းတို့အနက် (၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့် ကူးစက်သည့်ရောဂါဖြစ်ပြီး အသက်အရွယ်မရွေးတွင် ဖြစ်ပွားလာနေကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ မျက်စိနောက်ဘက် နာကျင်ခြင်း၊ အဆစ်အမြစ်နှင့် ကြွက်သား ပြင်းထန်စွာ နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အနီကွက်ထခြင်းများ ဖြစ်ပေါ်တတ်ပြီး အချိန်မီကုသရန်လိုအပ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် ခြင်ပေါက်ပွားနိုင်သည့်နေရာများမရှိစေရန် ရှင်းလင်းခြင်း၊ နေအိမ်များတွင် ပိုးလောက်လန်းပေါက်ပွားနိုင်ခြင်းမရှိစေရန် ဂရုစိုက်ခြင်းများကို လုပ်ဆောင်ရန် ဖုန်း၊သွန်၊လဲ၊စစ် ပညာပေးလုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက သက်ဆိုင်ရာဌာနများနှင့်အတူ နှစ်စဉ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နခြေင်းဖြစ်သည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~