တပ်မတော်သား တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၇)ဦးကို အစားထိုးပြောင်းလဲ

တပ်မတော်သား တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၇)ဦးကို အစားထိုးပြောင်းလဲ
မေ 16, 2018
By Tachileik News Agency






~~~~~~~~⊰❂ unicode ~~~~~~~~

တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်တို့မှ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၂၇)ဦးကို ၂၀၁၈ခုနှစ် မေလ(၁၅)ရက်နေ့က အစားထိုးပြောင်းလဲလိုက်ကြောင်း သိရသည်။

ထိုသို့ အစားထိုးပြောင်းလဲ တာဝန်ပေးအပ်ရာတွင် ကချင်ပြည်နယ်လွှတ်တော်တွင် (၁)ဦး၊ ကယားပြည်နယ် လွှတ်တော်တွင် (၂)ဦး၊ ချင်းပြည်နယ်လွှတ်တော်တွင် (၁)ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် (၂)ဦး၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်တွင် (၁)ဦး၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်တွင် (၁)ဦး၊ မကွေးတိုင်း ဒေသကြီး လွှတ်တော်တွင် (၁)ဦး၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် (၃)ဦး၊ မွန်ပြည်နယ် လွှတ်တော် တွင် (၂)ဦး၊ ရခိုင်ပြည်နယ်လွှတ်တော်တွင် (၃)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွသ် (၃)ဦး၊ ရှမ်းပြည်နယ်လွှတ်တော်တွင် (၆)ဦး နှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်တွင် (၁)ဦး စုစုပေါင်း (၂၇)ဦးရှိသည်။

ထိုအတူ တပ်မတော်သားပြည်သူ့လွှတ်တော် ကိုယ်စားလှယ် (၁၁)ဦး နှင့် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၅)ဦးတို့ကိုလည်း မေလ(၁၅)ရက်နေ့က အစားထိုး ပြောင်းလဲလိုက်ရာ တိုင်းဒေသကြီး/ပြည်နယ်/ပြည်သူ့/အမျိုးသား လွှတ်တော်တို့တွင် အစားထိုး ပြောင်းလဲလိုက်သည့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းမှာ (၄၂)ဦး ပါဝင်ကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~