တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း မေလ(၁၁)ရက်နေ့တွင် အချိန်(၆)နာရီ ၀န်းကျင်အကြာ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်

တာချီလိတ်မြို့ ၀မ်ကောင်းရပ်ကွက်အတွင်း မေလ(၁၁)ရက်နေ့တွင် အချိန်(၆)နာရီ ၀န်းကျင်အကြာ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်
မေ 10, 2018
By Tachileik News Agency





~~~~~~~~⊰❂ unicode ~~~~~~~~

တာချီလိတ်မြို့တွင်း ရပ်ကွက်တစ်ခုဖြစ်သည့် ဝမ်ကောင်းရပ်ကွက် အပိုင်း ဘိုးဘွားရိပ်သာလမ်းဒေါင့်တွင် 22KV၏ 12M ဓာတ်မီးတိုင်အား ပြုပြင်ရန်ရှိသည့်အတွက် အချိန်(၆)နာရီဝန်းကျင်အကြာ လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးရုံးမှ သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်စဉ် လျှပ်စစ်မီး အန္တရာယ်မဖြစ်ပေါ်ရေး အတွက် ၂၀၁၈ခုနှစ် မေလ(၁၁)ရက်နေ့ နံနက်(၁၁)နာရီအချိန်မှ ညနေ(၅)နာရီအချိန်အထိ လျှပ်စစ်မီး အချိန်(၆)နာရီဝန်းကျင်အကြာ ဖြတ်တောက်မည်ဖြစ်သည်။

လျှပ်စစ်မီး ခေတ္တဖြတ်တောက်မည်မှာ ဝမ်ကောင်းရပ်ကွက် တစ်ခုလုံးမဟုတ်ဘဲ၊ မြို့မ(ဝမ်ကောင်း)ဈေး အနီးတစ်ဝိုက်၊ မင်္ဂလာလမ်းတစ်လျှောက်၊ ကချင်ရွာ၊ အားခေရွာ စံလင်းဖြိုးအိမ်ယာ၊ နှင့် မိုးကုတ်ရိပ်သာ တစ်လျှောက်အထိ ဖြတ်တောက်မည်ဖြစ်ပြီး၊ လုပ်ငန်းစောလျင်စွာပြီးပါက အမြန်ဆုံး ပြန်လည် လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 #TachileikNewsAgency #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~ ကြော်ငြာ ~~~~~~