လြိဳင္လင္ - ေတာင္ႀကီးသြားကားလမ္းရွိ ဟိုတင့္ရြာအနီးတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား ၆ ဒသမ ၈သိန္းအား ဖမ္းဆီးရမိ

လြိဳင္လင္ - ေတာင္ႀကီးသြားကားလမ္းရွိ ဟိုတင့္ရြာအနီးတြင္ ေမာ္ေတာ္ယာဥ္ျဖင့္ သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား ၆ ဒသမ ၈သိန္းအား ဖမ္းဆီးရမိ
မေ 20, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိဳင္လင္ၿမိဳ႕အထြက္ လြိဳင္လင္ - ေတာင္ႀကီးသြား ကားလမ္းရွိ ဟိုတင့္ေက်းရြာ အနီးတြင္ ေမာ္ေတာ္ယာဥ္တစ္စီးအား တားျမစ္ စစ္ေဆးရာမွ စိတ္ၾကြေဆးျပား ၆ ဒသမ ၈ သိန္းအား ဖမ္းဆီးရမိေၾကာင္း သိရသည္။

၂၀၁၈ခုႏွစ္ ေမလ(၁၉)ရက္ေန႔ နံနက္(၁၀)နာရီခြဲ၀န္းက်င္ အခ်ိန္က မူးယစ္တပ္ဖြဲ႔စု(၂၇)လြိဳင္လင္မွ တပ္ဖြဲ႔၀င္မ်ား ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔သည္ လြိဳင္လင္ - ေတာင္ႀကီးသြား ကားလမ္းရွိ ဟိုတင့္ေက်းရြာ အနီးတြင္ တင္မင္းထြန္း ေမာင္းလာသည့္ ေမာ္ေတာ္ယာဥ္အား ရပ္တန္႔ စစ္ေဆးရွာေဖြရာက ယာဥ္၏ အေနာက္ၾကမ္းခင္း အံ့၀ွက္အတြင္း သို၀ွက္သယ္ေဆာင္လာသည့္ စိတ္ၾကြေဆးျပား စုစုေပါင္း ၆ ဒသမ ၈ သိန္းအား သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဆက္လက္၍ မူးယစ္ေဆး၀ါးမ်ားအား သယ္ေဆာင္လာသူ  အသက္(၄၃)ႏွစ္၀န္းက်င္ရွိ တင္မင္းထြန္းအား မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒအရ အမႈဖြင့္အေရးယူ ေဆာင္ရြက္ထားရွိေၾကာင္း ႏွင့္ ကြင္းဆက္မ်ားအား ေဖာ္ထုတ္ရမိေရးအတြက္ ရဲတပ္ဖြဲ႔က ႀကိဳးပမ္းေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရွိရသည္။




~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့အထွက် လွိုင်လင် - တောင်ကြီးသွား ကားလမ်းရှိ ဟိုတင့်ကျေးရွာ အနီးတွင် မော်တော်ယာဉ်တစ်စီးအား တားမြစ် စစ်ဆေးရာမှ စိတ်ကြွဆေးပြား ၆ ဒသမ ၈ သိန်းအား ဖမ်းဆီးရမိကြောင်း သိရသည်။

၂၀၁၈ခုနှစ် မေလ(၁၉)ရက်နေ့ နံနက်(၁၀)နာရီခွဲဝန်းကျင် အချိန်က မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် လွိုင်လင် - တောင်ကြီးသွား ကားလမ်းရှိ ဟိုတင့်ကျေးရွာ အနီးတွင် တင်မင်းထွန်း မောင်းလာသည့် မော်တော်ယာဉ်အား ရပ်တန့် စစ်ဆေးရှာဖွေရာက ယာဉ်၏ အနောက်ကြမ်းခင်း အံ့ဝှက်အတွင်း သိုဝှက်သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား စုစုပေါင်း ၆ ဒသမ ၈ သိန်းအား သိမ်းဆည်းရမိကြောင်း သိရသည်။

ဆက်လက်၍ မူးယစ်ဆေးဝါးများအား သယ်ဆောင်လာသူ အသက်(၄၃)နှစ်ဝန်းကျင်ရှိ တင်မင်းထွန်းအား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း နှင့် ကွင်းဆက်များအား ဖော်ထုတ်ရမိရေးအတွက် ရဲတပ်ဖွဲ့က ကြိုးပမ်းဆောင်ရွက်နေလျက်ရှိကြောင်း သိရှိရသည်။

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~ ေၾကာ္ျငာ ~~~~~~